fbpx

This is digital planet.

SamsungTech News

နာရီဝက်အတွင်း အားအပြည့်သွင်းနိုင်မယ့် Graphene ဘက်ထရီကို စမ်းသပ်နေတဲ့ Samsung

ဖုန်းတစ်လုံးအတွက် ဘက်ထရီက မရှိမဖြစ် အရေးပါဆုံး ဆိုပေမယ့် လက်ရှိအနေထားအရ တာရှည်အသုံးခံဖို့ ဆွဲဆန့်လို့ မရပါဘူး။
အထူးသဖြင့် Lithium-ion ဘက်ထရီတွေဟာ သက်တမ်းတစ်ခုနဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး သတ်မှတ်ထားတဲ့ Cycle ပြည့်သွားရင် အလိုလို စွမ်းဆောင်ရည် ကျလာပါတယ်။

အရင်က Processor ကို Limit သွားလုပ်ပြီး ဖြေရှင်းခဲ့ပေမယ့် သိသိသာသာကို နှေးကွေးနေတာကြောင့် Apple ၊ Samsung ဒဏ်ရိုက်ခံရတာကို မှတ်မိဦးမယ် ထင်ပါတယ်။
Lithium ဘက်ထရီတွေရဲ့ နောက်အားနည်းချက်တစ်ခုက အားသွင်းရင်ဖြစ်ဖြစ်၊ Power Drain များလာရင် ပူတက်လာပါတယ်။

Battery Cell တွေရဲ့ သဘာဝကိုက အပူနဲ့မတည့်ဘူးဆိုတော့ အားကုန်တာပိုမြန်တယ်၊ Heat ရှိနေသရွေ့ လျှပ်စစ်ပစ္စည်းမှန်သမျှ သက်ဆိုးမရှည်ဘူးဆိုတော့ Samsung အနေနဲ့ Breakthrough နည်းပညာတစ်ခုကို စမ်းသပ်နေဟန်ရှိပါတယ်။
ဒါကို Evan Blass က ဖော်ပြလိုက်တာဖြစ်ပြီး Galaxy S20 ဒါမှမဟုတ် ၂၀၂၀- ၂၁ ထုတ် Galaxy ဖုန်းတွေမှာ အသုံးပြုလာမယ်လို့ သိရပါတယ်။

Microscopic view of Graphene Cell

Microscopic view of Graphene Materials in Samsung Battery (Image Credit: Business Insider)

Graphene ဆိုတာက လျှပ်စစ်ထုတ်ပေးနိုင်တဲ့ Compound တစ်မျိုးဖြစ်သလို Lit-ion နဲ့ ယှဥ်ရင် ပို Conductive ဖြစ်တယ်၊ Elastic ဖြစ်တယ်လို့ သိရပါတယ်။ သီအိုရီအရဆိုရင်တော့ Graphene Battery ဟာ ၁၂ မိနစ်အတွင်း အားအပြည့်သွင်းနိုင်ပြီး Samsung နည်းပညာမှာတော့ နာရီဝက်အတွင်း အားအပြည့်သွင်းနိုင်မယ်လို့ သိရပါတယ်။

Lit-ion နဲ့ မတူတာက Graphene ဟာ Carbon နဲ့ပြုလုပ်ထားတာဖြစ်လို့ ဘက်ထရီ အရွယ်စား သေးနေပေမယ့်လည်း Capcaity (mAh)  များများ အသုံးပြုနိုင်မယ်၊ Fast Charging နဲ့ Power Delivery Speed ပိုမြန်တယ်လို့လည်း Claim လုပ်ထားပါတယ်။

နောက်ပိုကောင်းတဲ့အချက်က Battery Cell နဲ့စာရင် ကာဗွန်ဒြပ်စင် အသုံးပြုတာဟာ အပူထွက်နှုန်း သိသိသာသာကို ကွာခြားပါတယ်။ ဒါကြောင့် Power Load အရမ်းများတဲ့ အခါမျိုးမှာ Temperature Stress (Li-ion) သက်ရောက်မှုဒဏ်ကို ခံနိုင်မယ်လို့ ယူဆရပြီး ဒီအချက်ကြောင့်ပဲ အချိန်တိုတွင်း အားအပြည့်သွင်းနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

ဘာလို့ ဒီလို ပြောရသလဲဆိုရင်တော့ သတ္တု Body နဲ့ Carbon Fiber ၂ မျိုးမှာ Sustained Heat ကွာခြားသလို Graphene Battery ရဲ့ Surface Temperature ပိုနည်းသွားတာ ကြောင့်ဖြစ်ပါတယ်။


Evan Blass ကတော့ Graphene Battery ဟာ ပိုကောင်းတဲ့ အစားထိုးနည်းပညာဆိုပေမယ့် ထုတ်လုပ်မှု အကုန်ကျပိုများတယ်၊ စျေးကြီးတယ်ဆိုပါတယ်။
HUAWEI အနေနဲ့လည်း Graphene နည်းပညာကို စမ်းသပ်နေပြီး တကယ်လို့ Samsung အနေနဲ့ ထုတ်လုပ်ခဲ့မယ်ဆိုရင်တောင် ပမာဏများများနဲ့ Cost ကို လျှော့ချပေးနိုင်မှ အဆင်ပြေနိုင်မယ်လို့ သုံးသပ်ထားပါတယ်။

Source: Business Insider9to5GooglecNet