fbpx

This is digital planet.

SamsungTech News

ပြန်သုံးနိုင်တဲ့ ထုတ်ပိုးမှုဒီဇိုင်းနဲ့ ညစ်ညမ်းမှုကို လျှော့ချမယ့် Samsung

အီလက်ထရွန်းနစ် ပစ္စည်းတွေ ဝယ်သုံးတာတော့ ဟုတ်ပါရဲ့။ တီဗွီ ၊ ရေခဲသေတ္တာ ၊ အဝတ်လျှောစက်နဲ့ အဲကွန်းတွေမှာ ထုတ်ပိုးထားတဲ့ ပစ္စည်းတွေက အများသောအားဖြင့် စွန့်ပစ်ခံရတာ များပါတယ်။

အပြင်ဖက် ကိုယ်ထည်ကို စက္ကူအထူသားနဲ့ ထုတ်ပိုးထားလေ့ရှိတဲ့အတွက် အသုံးမလိုဘူးဆိုရင်တောင် တစ်နေရာရာမှာ ပြန်သုံးဖို့ သိမ်းဆည်းတတ်သလို စွန့်ပစ်လိုက်ရင်လည်း စက္ကူဆိုတဲ့ အမျိုးက ပျက်စီးတတ်ပါတယ်။

Washing Machine Packaging

Washing Machine Packaging Photo by Mike King (Source: Flickr)

ဒါပေမယ့် စက္ကူအတွင်းနံရံတွေမှာ Styrofoam ခေါ် ပြုတ်ကျတဲ့ဒဏ်ခံနိုင်ဖို့ ထည့်သွင်းထားတဲ့ ပစ္စည်းကတော့ ဘယ်လိုမှ Recycle မလုပ်နိုင်သလို အလိုလျောက် ပျက်စီးသွားမယ့် Biodegradable အမျိုးစားလည်း မဟုတ်ပါဘူး။

ဒါကို Electronic Waste (E-Waste) လို့ ခေါ်ပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှုကို တစ်ဖက်တလှမ်းက ပါဝင်ကူညီနေပါတယ်။ E-Waste ထဲမှာ စမတ်ဖုန်း ၊ တီဗွီ ၊ ရေခဲသေတ္တာ အစရှိတဲ့ ထုတ်ကုန်တွေ အားလုံးပါဝင်ပြီး အမေရိကန် တစ်နိုင်ငံထဲကပဲ လူတစ်ယောက်ကို ပေါင် ၆၀ ၊ စုစုပေါင်း ၈ သန်းလောက် ထုထည်ရှိတဲ့ E-Waste ထွက်ရှိတယ်လို့ သုတေသီတွေ အဆိုရ သိရပါတယ်။

Electronics Waste

Electronic Waste Presentation (Image Credit: ITU News)

ဒါကြောင့် နည်းပညာ ကုမ္ပဏီကြီးတွေအနေနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှု လျှော့ချရေးအပိုင်းမှာ ပါဝင်လာရပြီး အခုဆိုရင် Samsung ကုမ္ပဏီအနေနဲ့ ပြန်လည် အသုံးချနိုင်တဲ့ Packaging ဒီဇိုင်းအသစ်ကို မူပိုင်ခွင့် တင်လိုက်ပြီ ဖြစ်ပါတယ်။

တောင်ကိုးရီးယားနိုင်ငံရဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှု ကာကွယ်ရေးနဲ့ လျှော့ချရေး အပိုင်းမှာ အစိုးရလုပ်ထုံးက ကုမ္ပဏီအပေါ် ဖိအားသက်ရောက်လာတာဖြစ်ပြီး ပထမဆုံး Reusable Packaging ဒီဇိုင်းအသုံးပြုသူ ဖြစ်လာမယ်လို့ သုံးသပ်နေပါတယ်။

Reusable Packaging Design by Samsung

Horizontal View of Reusable Packaging Design by Samsung (Image Credit: GizmoChina)

ကျွမ်းကျင်သူတွေအရ ပတ်ဝန်းကျင် ညစ်ညမ်းမှုမှာ လျှပ်စစ်ပစ္စည်းတင်မကဘဲ အစားသောက်နဲ့ တခြား ထုတ်ပိုးမှုအပိုင်းမှာ အသုံးပြုတဲ့ Packing ပစ္စည်းတွေက အများဆုံးပါဝင်နေတယ်လို့ ပြောထားပါတယ်။

တကယ်လို့သာ Samsung အနေနဲ့ ဆောင်ရွက်လာခဲ့ရင် လျှပ်စစ် အသုံးဆောင်ပစ္စည်းတွေကနေ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျှော့ချလာနိုင်မယ်လို့ ယုံကြည်ထားပါတယ်။

Source: GizmoChina