fbpx

This is digital planet.

SamsungTech News

AirDrop လို File Sharing နည်းပညာသစ် မိတ်ဆက်လာမယ့် Samsung

Samsung အနေနဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ Galaxy S20 စီးရီးတွေကို မိတ်ဆက်သွားတော့မှာ ဖြစ်ပါတယ်။ ပေါက်ကြားထားတဲ့ သတင်းတွေကလည်း ပြည့်စုံနေပြီဆိုတော့ Unpack Event မှာ ဘာတွေ ချပြဦးမလဲ? လက်ရှိသိထားသလောက်ဆိုရင်တော့ Galaxy Buds 2 တွေ့ရဖို့ရှိပြီး အခု XDA Developers လုပ်ချလိုက်တာကတော့ File Sharing နည်းပညာသစ်ပဲ ဖြစ်ပါတယ်။

သိရသလောက်ဆိုရင်တော့ Galaxy စမတ်ဖုန်းတွေချင်း File ပို့နိုင်မယ့် Software ဖြစ်ပြီး XDA စမ်းသပ်ချက်အရ လုပ်ဆောင်ချက်တွေဟာ တခြား File Sharing Services တွေနဲ့ အတူတူပဲလို့ ဆိုပါတယ်။

Quick Share

Image Credit: Daily Mail

AirDrop နဲ့မတူတဲ့အချက်က ပို့မယ့် Data တွေကို Samsung Cloud မှာ အရင်ဆုံး Upload ပြုလုပ်မှာဖြစ်ပြီး Samsung Smart Things Device တွေဆီ Streaming လုပ်မယ်။ အဲ့ကမှတဆင့် Download ဆွဲနိုင်မှာဖြစ်ပြီး အများဆုံး 2GB အထိ တနေ့တာ အကန့်သတ်နဲ့ ပေးပို့နိုင်မှာ ဖြစ်ပါတယ်။

အသုံးပြုပုံကလည်း လွယ်ကူပြီး Quick Share ထောက်ပံ့တဲ့ Device ပေါ်တာနဲ့ ဓာတ်ပုံ ၊ ဗီဒီယိုနဲ့ ဖိုင်တွေကို Sharing လုပ်နိုင်မှာပါ။ အခုလို Share မယ်ဆိုရင်တော့ ၂ မျိုး ရွေးချယ်နိုင်မှာဖြစ်ပြီး ကိုယ့်ဖုန်းမှာရှိတဲ့ Contact List ဒါမှမဟုတ် တခြားသူ (Everyone) ဆိုပြီး ရွေးချယ်နိုင်မှာပါ။

Galaxy

Image Credit: Twitter

ကျွမ်းကျင်သူတွေက Quick Share နည်းပညာကို Galaxy S20 စမတ်ဖုန်းတွေနဲ့အတူ မိတ်ဆက်သွားဖွယ်ရှိတယ်လို့ သုံးသပ်ထားပါတယ်။ လေ့လာချက်အရဆိုရင်လည်း Quick Share ကို One UI 1.0 ၊ 1.5 နဲ့ 2.0 မှာ မတွေ့ရသေးပါဘူး။

ဒါကြောင့် One UI 2.1 ဒါမှမဟုတ် UI Version အသစ်မှာ မြင်ရနိုင်တယ်လို့ သုံးသပ်ထားပြီး XDA အဆိုရ Nearby Sharing ခေါ် Android Feature သစ်ကိုလည်း မကြာခင်မှာ မြင်ရနိုင်တယ်လို့ ပြောထားပါတယ်။

The Verge အနေနဲ့လည်း Nearby Sharing ကို ၂၀၁၉ ဇွန်လ ကတည်းက စမ်းသပ်နေတယ်လို့ ပြောဆိုထားပြီး AirDrop အပြိုင်ဖြစ်လာတဲ့ Android နည်းပညာတွေကို အထူးဆန်း မဟုတ်တော့ဘူးလို့ ဆိုပါတယ်။

AirDrop

Image Credit: iMore

ဘာလို့လဲဆိုတော့ Samsung တင်မကဘဲ Xiaomi ၊ OPPO နဲ့ Vivo တို့မှာလည်း ကိုယ်ပိုင် File Sharing Services တွေ (FileDash from OnePlus) မိတ်ဆက်ဖို့ ရှိနေတာကြောင့် ပြိုင်ဆိုင်မှု ပြင်းထန်နေတဲ့ Phone Industry လို့ XDA Developers ကောက်ချက် ချထားပါတယ်။

Apple အနေနဲ့ AirDrop File Sharing နည်းပညာကို ၂၀၁၁ မှာ စတင်အသုံးပြုခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ စမတ်ဖုန်း ထုတ်လုပ်သူတွေတိုင်းမှာ ကိုယ်ပိုင် File Sharing Services တွေ ပိုင်ဆိုင်နေပါပြီ။

Source: TheVergeXDA Developers