fbpx

This is digital planet.

SamsungTech News

Samsung S8/S8 + နဲ့ Note 8 တို့မှာ Android 9 Pie Update ကြောင့် 4G LTE ပျောက်ဆုံးမှု Error ဖြစ်ပေါ်နေ

Samsung Galaxy S8/S8+ ကိုင်ဆောင်သူတွေကို Android 9 Pie Update ပထမဆုံးပေးခဲ့တာကတော့ အမေရိကန်အော်ပရေတာ Sprint ဖြစ်ပါတယ်။ ကံဆိုးစွာနဲ့ပဲ အဆိုပါ Samsung ဖုန်းတွေအနေနဲ့ Android 9 Pie Update လုပ်ပြီးနောက်မှာတော့ 4G LTE Connectivity ပျောက်သွားတယ်လို့ သိရပါတယ်။

Galaxy S8/S8+ အပြင် Galaxy Note 8 လဲ Android 9 Pie update လုပ်ပြီးနောက်မှလဲ အဆိုပါ ပြသာနာဖြစ်ပေါ်နေတယ်လို့သိရပါတယ်။ ထိုအပြင် မကြာခင်က ထွက်ရှိထားတဲ့ Samsung Galaxy S10 မှာလဲ LTE ပျောက်ပျောက်သွားတဲ့ ပြသာနာကိုကြုံတွေ့ခဲ့ပေးမဲ့ Software Update နဲ့ Fix ပေးခဲ့ပါတယ်။

Sprint အနေနဲ့ Community Forum တွေမှာ ပြောဆိုနေကြတဲ့ အဆိုပါ Complaints တွေနဲ့ ပက်သက်၍ Samsung အတူ ကြေညာချက်ထုတ်တွေထုတ်ပြန်ခဲ့ပြီး Android 9 Pie ထုတ်ပေးမှု Update ကိုလည်း ရပ်ဆိုင်းထားတယ်လို့သိရပါတယ်။

Galaxy S8/S8+ နဲ့ Note 8 Devices တွေအနေနဲ့ အဆိုပါ Update လုပ်ပြီးနောက်မှာ 4G LTE network ပျောက်ဆုံးသွားပေးမဲ့ 3G network နဲ့ WiFi တို့ကိုတော့ အသုံးပြုလို့ရနေပါသေးတယ်။ Sprint နဲ့ Samsung အနေနဲ့ မကြာခင်မှာ အဆိုပါ ပြသာနာ အတွက် Update တစ်ခုထက်မကပိုထုတ်ပေးလာဖို့ရှိနေပါတယ်။

ဒါဟာ အမေရိကန် တစ်နိုင်ငံထဲမှာပဲဖြစ်နေတာလား ဆိုတာတော့ မသိရသေးပါဘူး သင် အနေနဲ့ Samsung S8/S8+ နဲ့ Note 8 ကိုင်ဆောင်ထားတယ်ဆိုရင်တော့ အခုလောလော Android 9 Pie Update ကိုမလုပ်ထားသေးဖို့ တိုက်တွန်းပါရစေ။

Ref: PhoneArena

Photos: Droid-Life, Expert Reviews, XEETECHCARE