fbpx

This is digital planet.

K News

SBS ရဲ့ အသစ်ထုတ်လွင့်မယ့် Basketball Variety ရုပ်သံအစီအစဉ်မှာ ပါဝင်မယ့် Seo Jang Hoon, ASTRO အဖွဲ့ဝင် Cha Eunwoo, Red Velvet အဖွဲ့ဝင် Joy

SBS ဟာဆိုရင် ၂၀၂၀ ဇန်နဝါရီလမှာ Basketball Variety အစီအစဉ်သစ် ကိုစတင်ထုတ်လွင့်မှာဖြစ်ပါတယ်။ အစီစဉ်မှာ Seo Jang Hoon, ASTRO ရဲ့ Cha Eunwoo, Red Velvet ရဲ့ Joy တို့နဲ့အတူအနုပညာရှင်များက အတူပါဝင်သွားမှာဖြစ်ပါတယ်။

22

IIganSport ရဲ့သတင်းပေးပို့ချက်အရ SBS ဟာသူတို့ရဲ့ basketball အစီအစဉ်သစ်လို့ခေါ်တဲ့ HandsomeTigers ကိုစတင်လွင့်ဖို့အစပြုနေတယ်လို့သိရပါတယ်။

Handsome Tigers မှာ Seo Jang Hoon က အသင်းရဲ့ နည်းပြအနေနဲ့ပါဝင်သွားမှာဖြစ်ပြီးအနုပညာရှင်များကပျော်ရွင်စွာပါဝင်သွားမှာပဲ ဖြစ်ပါတယ်။ အနုပညာရှင်များကတော့ သရုပ်ဆောင် Lee Song Yoon, Astro ရဲ့ Cha Eun Woo, Yoo Seonho, သရုပ်ဆောင် Seo Ji Seok, သရုပ်ဆောင် Kim Seung Hyun, Julien Kang, Shorry, သရုပ်ဆောင် Kang Kyun နဲ့ Red Velvet ရဲ့ Joy တို့ကပါဝင်သွားမှာပဲဖြစ်ပါတယ်။

joy

အစီစဉ်ကိုပြီးခဲ့တဲ့ ၂၀၁၉ နွေရာသီ ကတည်းက စီစဉ်ခဲ့ပြီး အနုပညာရှင် များရဲ့ အချိန်နဲ့ ညှိယူရရှိခဲ့ခြင်းဖြစ်ပါတယ်။ PD ကတော့ Ahn Jae Cheol ပဲဖြစ်ပါတယ်။ Showကိုတော့ December နောက်ပိုင်းမှာရိုက်ကူးသွားမှာဖြစ်ပြီး ၂၀၂၀ဇန်နဝါရီ ၂ လမှာထုတ်လွင့်သွားမှာပဲ ဖြစ်ပါတယ်။

Ref: koreaboo.com