fbpx

This is digital planet.

HuaweiTech News

SD ကတ် အသုံးပြုခွင့် ပြန်လည် ရရှိခဲ့ပြီးဖြစ်တဲ့ Huawei

ပြီးခဲ့တဲ့ အပတ်က Huawei စမတ်ဖုန်းတွေမှာ SD ကတ်အသုံးပြုခွင့် ပိတ်လိုက်တဲ့ SD Association အနေနဲ့ အခုအချိန်မှာတော့ Huawei ကို Membership List ထဲ ပြန်လည်ထည့်သွင်းပေးခဲ့ပါတယ်။ ဒါကြောင့် Huawei စမတ်ဖုန်းတွေမှာ SD ကတ် အသုံးပြုခွင့်ကို ပြန်လည်ရရှိနိုင်တော့မှာဖြစ်ပါတယ်။

SD Association ရဲ့ Membership List ထဲမှာတော့ လက်ရှိအချိန်မှာ Huawei ကိုပြန်လည်မြင်တွေရမှာဖြစ်ကြောင်းHuawei က Android Authority ကို အတည်ပြုပေးခဲ့ပါတယ်။ ဒါပေမဲ့ Huawei အနေနဲ့ အသေးစိတ်အချက်အလက်အချို့ကိုတော့ ထုတ်ပြန်ပေးခြင်းတော့ မရှိခဲ့ပါဘူး။

Huawei နဲ့ SD Association တို့ကြား အသေးစိတ် အချက်အလက် တွေ မသိရသေးပေမဲ့ နောက်လာမဲ့ Huawei စမတ်ဖုန်းတွေမှာ SD Card Slot ကိုပြန်လည် မြင်တွေ့ရဖို့လည်းရှိနေပါတယ်။ Huawei အနေနဲ့ P30 Pro မှာထည့်သွင်းထားတဲ့ Nana Memory Card Solution ရှိတာကြောင့် SD ကတ် အသုံးပြုခွင့် ပိတ်ပင်ခံရခြင်းဟာ Flagship ပိုင်းမှာ အရမ်းကြီးတော့ အကျိုးသက်ရောက်မှု မရှိပေးမဲ့ Low-end နဲ့ Mid-range ဖုန်းတွေကို SD card slot လိုအပ်တဲ့ ဖုန်းတွေမှာတော့ အခက်အခဲရှိခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ Huawei အနေနဲ့ နောက်ထပ် ပြသာနာတစ်ရပ်အဖြစ် Wifi အသုံးပြုခွင့်လည်း ပိတ်ပင်ခံထားရပြီး Google ရဲ့ licensed Android ကိုပါ ဆုံးရှုံးရတော့မဲ့ အတွက် OS အသစ်ကို လာမဲ့ ဂျွန်လ အတွင်းမှာ မိတ်ဆက်ပေးဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။

Ref: Phonearena

Photo: INTERNET