fbpx

This is digital planet.

Tech NewsXiaomi

Selfie Camera အတွက် Notch ပြောင်းပြန်သုံးမယ့် Xiaomi

ဒီဘက်ခေတ်မှာ Smartphone တွေဟာ အပေါ်၊ အောက် ဘောင်တွေ နဲနဲထူနေရင်တောင် Design ပိုင်း Date အောက်တယ် အထင်ခံရတဲ့ခေတ်ပါ။ ဒီတော့ Company တိုင်းလိုလိုကလည်း Screen-to-Body Ratio များနိုင်သမျှ များအောင် ကြိုးစားနေကြတယ်။ တစ်ချို့က Notch ကို သေးနိုင်သမျှ သေးအောင်လုပ်ကြတယ်၊ တစ်ချို့က Slider Design တွေနဲ့ Notch ဖျောက်ကြတယ်၊ တစ်ချို့ကအပေါက်ဖောက်တယ်၊ Second Screen နဲ့ Selfie Camera ဖျောက်တယ် စသည်ဖြင့်ပေါ့။

Xiaomi full-screen
ဒါပေမယ့် LetsGoDigital ကနေ ထွက်ပေါ်လာတဲ့ Xiaomi ရဲ့ Patent Design သစ် နှစ်မျိုးကတော့ အဆန်းပါ။ Xiaomi ရဲ့ အစပိုင်း Mix Series တွေမှာ Selfie Camera ကို အောက်ဘက် Chin မှာထည့်ပေးပြီး Tri-Bezel Less Design ကိုသုံးခဲ့တာ မှတ်မိကြဦးမယ်ထင်ပါတယ်။ ဒါပေမယ့် အခုထွက်ရှိတဲ့ Patent Design မှာတော့ Selfie Camera ၂ လုံးကို ဖုန်းရဲ့အောက်ဘက်မှာ Notch အနေနဲ့ မြင်တွေ့ကြရမှာပါ။

ဒုတိယ Design က ပိုပြီးဆန်းနေပါသေးတယ်။ Design ပုံကြမ်းမှာ Selfie Camera တွေကို ဖုန်းရဲ့အောက်ထောင့်နှစ်ဘက်မှာ ဘယ်တစ်လုံး၊ ညာတစ်လုံးထည့်ပေးထားတာပါ။ ဒီ Design နှစ်ခုနဲ့ပတ်သက်ပြီး Fan တစ်ချို့ကတော့ ပထမ Design ကို The Full Teeth (Nostril) Full Screen နဲ့ ဒုတိယ Design ကိုတော့ The Bianual Full Screen ဆိုပြီးတောင် နာမည်ကြိုပေးထားပါသတဲ့။

Xiaomi full-screen
Mix Series တွေမှာ Selfie ရိုက်ချင်ရင် ဖုန်းကို ပြောင်းပြန်ထောင်ရိုက်ခဲ့ရတာကို သတိရကြဦးမယ်ထင်ပါတယ်။ ဒီလို အဆင်မပြေတာလေးတွေရှိပေမယ့် Xiaomi အနေနဲ့ ဒီ Design တွေကို ပြန်စဉ်းစားရခြင်းဟာ ဖုန်းသုံးတဲ့အခါ Screen အောက်ဘက်ထက် အပေါ်ဘက်ကိုအကြည့်များတဲ့ လူတွေရဲ့ Behavior ကြောင့် ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတစ်ချို့ကတော့ သုံးသပ်ထားပါတယ်။

Smartphone နယ်ပယ်မှာ သူ့ထက်ငါ အပြိုင်အဆိုင် Patent Design တွေ တင်နေကျ မို့လို့ ဒီ Design ဟာ တကယ်ဖြစ်၊ မဖြစ်ဆိုတာကတော့ တပ်အပ်ပြောလို့မရသေးပါဘူး။ ဒါပေမယ့် ဖန်တီးမှုအသစ်အဆန်းတွေ လုပ်ပြလေ့ရှိတဲ့ Mix Series အနေနဲ့ ဒီနှစ်မှာရော ထင်မထားတာတွေလုပ်ပြလာမလားဆိုတာကတော့ စိတ်ဝင်စားစရာပါ။

Ref: Gizchina

Photos: Letsgodigital