fbpx

This is digital planet.

Tech News

Selfie Camera တွေကိုပါ အမှတ်ပေးလာပြီဖြစ်တဲ့ DxOMark

Zawgyi

ယခင်က DSLR နဲ့ Smartphone Rear Camera တွေကို အကဲဖြတ်အမှတ်ပေးလေ့ရှိတဲ့ DxOMark အနေနဲ့ ယခုအခါမှာတော့ Selfie Camera တွေကိုပါ စတင်အာရုံစိုက်လာခဲ့ပါပြီ။

အခုလို အမှတ်ပေးဖို့စမ်းသပ်တဲ့အခါမှာ ဖုန်းတစ်လုံးချင်းစီအတွက် Selfie ပုံပေါင်း ၁၅၀၀ နဲ့ Video ၂ နာရီစာ အချိန်ယူရိုက်ကူးစမ်းသပ်ထားပြီး လက်ရှိမှာ ဖုန်း ၁၀ လုံးအထိ စမ်းသပ်ထားပြီးပြီလို့ ဆိုပါတယ်။

လက်ရှိအမှတ်ပေးဇယားအရ Google Pixel 3 ဟာ ထိပ်ဆုံးကနေ ဦးဆောင်နေပြီး Samsung Galaxy Note 9 က နံပါတ် (၂)၊ Xiaomi ရဲ့ Mi Mix 3 က နံပါတ် (၃) နေရာမှာ အသီးသီး ရပ်တည်နေကြပါတယ်။

Apple ရဲ့ iPhone Xs Max အနေနဲ့ နံပါတ် (၄) မှာ ရပ်တည်ပြီး Note 9 နဲ့ Camera Hardware ချင်းတူတဲ့ Galaxy S9+ ကတော့ နံပါတ် (၅) ကို ရောက်ရှိနေတဲ့အတွက် Camera Update မပေးခင်မှာ စမ်းသပ်ထားတဲ့ Result ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

DxOMark ရဲ့ပြောကြားချက်အရ Google Pixel 3 ဟာ Detail နဲ့ Texture ပိုင်း ကောင်းမွန်မှုကြောင့် အကောင်းဆုံး Selfie Camera အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပြီး Galaxy Note 9 အနေနဲ့ Noise Reduction ကြောင့် Detail တစ်ချို့အားနည်းမှုရှိနေပေမယ့် Stabilization ကောင်းမွန်မှုရယ်၊ ဘယ်လိုအခြေအနေမျိုးမှာမဆို မျက်နှာကို ကောင်းကောင်း Exposed လုပ်နိုင်မှုတွေကြောင့် အကောင်းဆုံး Video Selfie ဖုန်းအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။ Xiaomi ရဲ့ Mi Mix 3 ကိုတော့ Selfie Portrait နဲ့ပတ်သက်ပြီး ဖန်တီးမှုအပိုင်း အားကောင်းတဲ့ဖုန်းတစ်လုံးလို့ မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။

Ref: GSMArean