fbpx

This is digital planet.

OPPORealmeTech News

Selfie-centric စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Realme U1 ကို အိန္ဒိယမှာစတင်မိတ်ဆက်ပေးလိုက်ပြီး

Unicode

OPPO ရဲ့ Sub-brand တစ်ခုဖြစ်တဲ့ Realme မှ Realme U1 လို့ခေါ်တဲ့ Selfie ကင်မရာကို အဓိကအထူးပြုထားတဲ့ စမတ်ဖုန်းတစ်လုံး အိန္ဒိယမှာစတင်မိတ်ဆက်ပေးလိုက်ပြီးဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းဟာ ကုမ္ပဏီရဲ့ ပထမဆုံး U-series စမတ်ဖုန်းလည်းဖြစ်ပါတယ်။

ဒီဖုန်းကိုတော့ အိန္ဒိယ မှာရှိတဲ့ Amazon မှစတင်ရရှိနိုင်တော့မှာဖြစ်ပြီး ရွေးချယ်စရာ အရောင်တွေအဖြစ် Ambitious Black , Brave Blue နဲ့ Fiery Gold ဆိုပြီး အရောင် ၃ မျိုးနဲ့ထွက်ရှိလာတာပဲဖြစ်ပါတယ်။ Laminated Technology လို့ခေါ်တဲ့ Layer ပေါင်း ၁၃ ခုနဲ့ ကျောဘက်အလှကို Design ဆင်ထားပါတယ်။ Realme ကတော့ Light Pillar Design လို့အမည်ပေးထားပါတယ်။

Realme U1 မှာတော့ 6.3-inch Full HD+ dewdrop display ကိုအသုံးပြုထားကာ screen resolution အနေနဲ့ 2160 x 1080 pixels ရှိပြီး screen-to-body ratio 90.8 % ရှိကာ aspect ratio 19.5:9 ရှိပါတယ်။ Screen ရဲ့ အလင်းထုတ်ပေးနိုင်မှုက 450 nit ရှိတယ်။

Realme U1 ဟာဆိုရင် ကမ္ဘာပထမဆုံး MediaTek ရဲ့ Helio P70 chipset ကိုအသုံးပြုထားတဲ့ ဖုန်းဖြစ်ပြီး P70 SoC ဟာ 12 nm FinFET technology နဲ့ Cortex-A73 cores ၄ ခု နဲ့ Cortex A53 cores ၄ ခု နဲ့ ARM Mali-G72 GPU ကိုလည်းထည့်သွင်းထားတဲ့ Chipset တစ်ခုပါ။

Realme U1 ကိုတော့ 3GB RAM + 32GB internal storage နဲ့ 4GB RAM + 64GB internal storage ဆိုပြီး ၂ မျိုးထွက်ရှိမှာဖြစ်ပြီး 256 GB အထိ storage တိုးချဲဖို့ MicroSD slot ပါဝင်မှာလည်းဖြစ်ပါတယ်။

ကင်မရာကိုတော့ ကျောဘက်မှာ 13MP primary sensor နဲ့ 2MP secondary sensor တို့ကိုတပ်ဆင်ထားပြီး Al Photography နဲ့ Al Beautify+ တို့ကိုလည်းထည့်သွင်းပေးထားပြီး Studio Portrait Lighting, Super Vivid 2.0 နဲ့ Al Scene Detection အပြင် slow-motion video recording စတဲ့ features တွေကိုလည်းထောက်ပံ့ပေးထားပါသေးတယ်။ ဒီနှစ်ကုန်မှာထွက်ရှိမဲ့ Realme 2 Pro မှာလည်း အဆိုပါ slo-mo video recording feature ပါဝင်မယ်လို့လည်း Realme မှာထုတ်ပြန်ခဲ့ပါသေးတယ်။

ရှေ့ဘက်မှာတော့ 25MP F/2.0 aperture ရှိတဲ့ Sony ရဲ့ IMX576 sensor ကိုအသုံးပြုထားတာဖြစ်ပြီး Group ပုံ selfie ရိုက်ကူးရမှာ ပိုမိုကောင်းမွန်လာစေဖို့အတွက် Smarter Groupfi ဆိုတဲ့ feature တစ်ခုကိုလည်းထည့်သွင်းထားပါတယ်။ Al Front Unlock လည်းပါဝင်ပြီး 0.1 sec အတွင်းမှာ unlock ပြုလုပ်နိုင်မယ်လို့လည်းဆိုပါတယ်။

Andriod 8.1 အခြေခံထားတဲ့ ColorOS 5.2 နဲ့မောင်းနှင်ထားကာ ဘက်ထရီ 3500 mAh လည်းပါဝင်ပါတယ်။ Realme အနေနဲ့ U1 အပြင်အဆိုပါ စမတ်ဖုန်းအတွက် accessories တွေဖြစ်တဲ့ protective cover နဲ့ Realme Buds earphones ကိုလည်းရောင်းချမှာဖြစ်ပါတယ်။

“Observe Here. Trust Yourself”

Source

Selfie-centric စမတ္ဖုန္းတစ္လံုးျဖစ္တဲ့ Realme U1 ကို အိႏၵိယမွာစတင္မိ္တ္ဆက္ေပးလိုက္ၿပီး

Zawgyi

OPPO ရဲ႕ Sub-brand တစ္ခုျဖစ္တဲ့ Realme မွ Realme U1 လို႕ေခၚတဲ့ Selfie ကင္မရာကို အဓိကအထူးျပဳထားတဲ့ စမတ္ဖုန္းတစ္လံုး အိႏၵိယမွာစတင္မိတ္ဆက္ေပးလိုက္ၿပီးျဖစ္ပါတယ္။ အဆိုပါ စမတ္ဖုန္းဟာ ကုမၸဏီရဲ႕ ပထမဆံုး U-series စမတ္ဖုန္းလည္းျဖစ္ပါတယ္။

ဒီဖုန္းကိုေတာ့ အိႏၵိယ မွာရွိတဲ့ Amazon မွစတင္ရရွိႏိုင္ေတာ့မွာျဖစ္ၿပီး ေရြးခ်ယ္စရာ အေရာင္ေတြအျဖစ္ Ambitious Black , Brave Blue နဲ႕ Fiery Gold ဆိုၿပီး အေရာင္ ၃ မ်ိဳးနဲ႕ထြက္ရွိလာတာပဲျဖစ္ပါတယ္။ Laminated Technology လို႔ေခၚတဲ့ Layer ေပါင္း ၁၃ ခုနဲ႔ ေက်ာဘက္အလွကို Design ဆင္ထားပါတယ္။ Realme ကေတာ့ Light Pillar Design လို႔အမည္ေပးထားပါတယ္။

Realme U1 မွာေတာ့ 6.3-inch Full HD+ dewdrop display ကိုအသံုးျပဳထားကာ screen resolution အေနနဲ႕ 2160 x 1080 pixels ရွိၿပီး screen-to-body ratio 90.8 % ရွိကာ aspect ratio 19.5:9 ရွိပါတယ္။ Screen ရဲ႕ အလင္းထုတ္ေပးႏိုင္မွုက 450 nit ရိွတယ္။

Realme U1 ဟာဆိုရင္ ကမာၻပထမဆံုး MediaTek ရဲ႕ Helio P70 chipset ကိုအသံုးျပဳထားတဲ့ ဖုန္းျဖစ္ၿပီး P70 SoC ဟာ 12 nm FinFET technology နဲ႕ Cortex-A73 cores ၄ ခု နဲ႕ Cortex A53 cores ၄ ခု နဲ႔ ARM Mali-G72 GPU ကိုလည္းထည့္သြင္းထားတဲ့ Chipset တစ္ခုပါ။

Realme U1 ကိုေတာ့ 3GB RAM + 32GB internal storage နဲ႕ 4GB RAM + 64GB internal storage ဆိုၿပီး ၂ မ်ဳိးထြက္ရွိမွာျဖစ္ၿပီး 256 GB အထိ storage တိုးခ်ဲဖို႕ MicroSD slot ပါဝင္မွာလည္းျဖစ္ပါတယ္။

ကင္မရာကိုေတာ့ ေက်ာဘက္မွာ 13MP primary sensor နဲ႕ 2MP secondary sensor တို႕ကိုတပ္ဆင္ထားၿပီး Al Photography နဲ႕ Al Beautify+ တို႕ကိုလည္းထည့္သြင္းေပးထားၿပီး Studio Portrait Lighting, Super Vivid 2.0 နဲ႕ Al Scene Detection အျပင္ slow-motion video recording စတဲ့ features ေတြကိုလည္းေထာက္ပံ့ေပးထားပါေသးတယ္။ ဒီႏွစ္ကုန္မွာထြက္ရွိမဲ့ Realme 2 Pro မွာလည္း အဆိုပါ slo-mo video recording feature ပါဝင္မယ္လို႕လည္း Realme မွာထုတ္ျပန္ခဲ့ပါေသးတယ္။

ေရွ႕ဘက္မွာေတာ့ 25MP F/2.0 aperture ရွိတဲ့ Sony ရဲ႕ IMX576 sensor ကိုအသံုးျပဳထားတာျဖစ္ၿပီး Group ပံု selfie ႐ိုက္ကူးရမွာ ပိုမိုေကာင္းမြန္လာေစဖို႕အတြက္ Smarter Groupfi ဆိုတဲ့ feature တစ္ခုကိုလည္းထည့္သြင္းထားပါတယ္။ Al Front Unlock လည္းပါဝင္ၿပီး 0.1 sec အတြင္းမွာ unlock ျပဳလုပ္ႏိုင္မယ္လို႕လည္းဆိုပါတယ္။

Andriod 8.1 အေျခခံထားတဲ့ ColorOS 5.2 နဲ႕ေမာင္းႏွင္ထားကာ ဘက္ထရီ 3500 mAh လည္းပါဝင္ပါတယ္။ Realme အေနနဲ႕ U1 အျပင္အဆိုပါ စမတ္ဖုန္းအတြက္ accessories ေတြျဖစ္တဲ့ protective cover နဲ႕ Realme Buds earphones ကိုလည္းေရာင္းခ်မွာျဖစ္ပါတယ္။

“Observe Here. Trust Yourself”

Source