fbpx

This is digital planet.

RedmiTech News


(Zawgyi)





(Unicode)

Selfie-centric ဖုန်းဖြစ်လာမဲ့ Redmi Y3 ရဲ့ Video ထွက်ရှိလာ

Xiaomi ရဲ့ Sub-brand ဖြစ်လာပြီးနောက်ပိုင်း Redmi ရဲ့ ၄ လုံးမြောက် စမတ်ဖုန်းဖြစ်လာမဲ့ Redmi Y3 ရဲ့ Video တစ်ခုကို Redmi India ရဲ့ Twitter အကောင့်မှာထုတ်ပြန်ပေးခဲ့ပါတယ်။ ဒီ Video ထဲမှာတော့ Redmi Y3 ရဲ့ ဒီဇိုင်းကိုသေချာမြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။

Redmi Y3 ရဲ့ ဒီဇိုင်းပိုင်းကို ကြည့်ရသလောက်က ကျောဘက်မှာ ကင်မရာ ၂ လုံးပါဝင်ပြီး Fingerprint scanner ကိုလည်းထည့်သွင်းထားတာကို မြင်တွေ့ရမှာပါ။ ရှေ့ဘက်မှာတော့ Water-drop notch display ကို အသုံးပြုထားပြီး ပါးလွှားတဲ့ ဘောင် ၃ ဖက်ပါဝင်ပြီး Chin အနေနဲ့လည်းအနည်းငယ်ထူနေတာကို မြင်တွေ့ရမှာပါဖြစ်ပါတယ်။

Video ထဲမှာတော့ ဖုန်းရဲ့ ခံနိုင်ရည်ကိုစမ်းသပ်ပြတဲ့ Challenge ကိုပြလုပ်ထားပြီး Selfie-centric smartphone အနေနဲ့ ရှေ့ကင်မရာပိုင်းသာမက ဖုန်းရဲ့ ကိုယ်ထည်ကိုလည်း ခိုင်မာအောင်တည်ဆောက်ထားတဲ့လို့ မာကတ်တင်းဆင်းပုံရပါတယ်။

Redmi Y3 ကိုတော့ April 24 ရက်နေ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာမိတ်ဆက်မှာဖြစ်ပြီး ဒီဖုန်းရဲ့ အဓိက Main Selling Point ကတော့ 32MP selfie snapper ပဲဖြစ်ပါတယ်။

Ref: GSMArena