fbpx

This is digital planet.

HuaweiNews

Sept 19 မှာ Kirin 990 Chipset နဲ့ Huawei Mate 30 Pro ကိုမိတ်ဆက်နိုင်ဖွယ်ရှိ

Samsung ရဲ့ Note 10 Series အသစ် ထွက်ရှိပြီဖြစ်တဲ့ အတွက် အခု Huawei ရဲ့ Top Series ဖြစ်တဲ့ Mate Series အလှည့်ကို ရောက်ရှိလာတော့မှာပါ။ အရင်တုန်းက ထွက်ခဲ့တဲ့ သတင်းတွေအရ Mate Series နဲ့ ပတ်သတ်ပြီးအနည်းအကျဉ်းတော့ ကျွန်တော်တို့သိထားပါတယ်။ ထွက်ရှိလာမယ့်ရက်ကို တရားဝင်မကြေညာခဲ့ပါဘူး။ အခုမှာတော့ September 19 မှာ Mate 30 နဲ့ Mate 30 Pro ကို Europe မှာတရားဝင်ထွက်ရှိလာတော့မယ်လို့ High-tech Mail.ru အရသိရပါတယ်။

Image result for mate 30 pro

သိရသလောက်တော့ သတင်းတွေက Dr. Wang Chenglu (President of Huawei Consumer Business Software) ဆီကနေ တိုက်ရိုက်လာနေပါတယ်။ Kirin 990 Chipset ကို Mate 30 နဲ့ Mate 30 Pro မှာ အသုံးပြုလာမယိလို့ Dr.Wang ကပြောခဲ့ပါတယ်။ အဲ့ Chipset မှာ Silicon ဟာ Energy efficiency ပိုတိုးလာခြင်းကို အဓိက Feature အနေနဲ့ဖော်ပြပေးလာမှာပါ။ အဲ့သတင်းက အံသြဖွယ်ကောင်းနေပါတယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းက Kirin 985 Chipset ကိုပဲသုံးလာမယ်လို့ သတင်းတွေထွက်ခဲ့လို့ပါ။ Dr.Wang အနေနဲ့ တူညီတဲ့ Chipset ကိုမှ Development Process အတွင်းမှာ နာမည်ပြောင်းလိုက်တာလည်းဖြစ်နိုင်ပါတယ်။ Power efficiency ကိုပိုးတိုးထားတာက တော်တော်လေးပြောင်းလဲတယ်လို့ပြောနိုင်ပါတယ်။ TSMC’s 7nm EUV process ကိုပထမဆုံး အသုံးပြုလာမှာဖြစ်တဲ့အတွက် နာမည်ပြောင်းတာဘာညာတွေက ဂရုစိုက်စရာမလိုပါဘူး။ ဈေးကွက်ထဲမှာတော့ 7nm+ လို့နာမည်ပေးလာနိုင်ပြီး အဲ့ EUV process က Transistor density ကို 20% အထိတိုးပေးလိုက်တဲ့အတွက် Power-efficient ကလည်းပိုများလာတော့မှာပါ။

Kirin မှာလည်း Buit in အနေနဲ့ 5G Moderm ပါဝင်ဖို့ရှိနေပါတယ်။ Mate 30 5G Version ဟာ September 19 မှာ Announce လုပ်ပြီး လအနည်းငယ်ကြာ December လထဲလောက်မှာ သက်သက်ထွက်ရှိလာမယ်လို့ သတင်းတွေအရသိရပါတယ်။ Mate 30 Pro မှာ 6.7-inch ၊ 90Hz ၊ BOE-made AMOLED Panel ကိုအသုံပြုလာမှာပါ။ 55W Charging ၊ Under-display fingerprint နဲ့ Advanced face-scanning hardware ပါဝင်လာမယ့် Notch အကြီးကိုသုံးလာမှာပါ။ 40 MP Camera နှစ်လုံးအသုံးပြုလာမယ့်သတင်းတွေထွက်ခဲ့ပါသေးတယ်။ နောက်ဘက် Camera ပုံကတော့ စက်ဝိုင်းပုံစံရှိနေမှာပါ။

Mate 30 Lite

Camera Hardware ပိုင်းမှာတော့ P30 လိုပဲ အသုံးပြုလာနိုင်ပါတယ်။ မကြာသေးခင်က ကြော်ငြာထားတဲ့ HarmonyOS ကိုအသုံးပြုလာဖို့ ဖြစ်နိုင်ခြေများနေပါတယ်။ Mate 30 Series မှာ Google Services ကို Pre-Installed မလုပ်ထားဘူးလို့ Dr.Wang ကယုံကြည်နေပါတယ်။ အဲ့အတွက် HarmonyOS ဟာ အနာဂတ်မှာ စိတ်ဝင်စားဖိုကောင်းတှဲှ့ပတ်သက်မှု ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့်ရှေ့ကိုတော့အရမ်းမတွေးလိုက်ပါနဲ့။ ဖုန်းထွက်ရှိမှာသာ သေချာသိရမှာပါ။

Ref: GSMArena

အခြားသော အကြောင်းအရာများ

Related posts
NewsOPPOVivoXiaomi

မတူတဲ့ Brand အချင်းချင်း File transfer လုပ်လို့ရမယ့် Service ကိုပြုလုပ်လာတော့မယ့် Xiaomi, OPPO နဲ့ Vivo

HuaweiNews

Huawei ရဲ့ Kirin 990 SoC မှာ 4K 60fps video recording ကို Support လုပ်မည်

NewsVivo

မကြာခင်ထွက်ရှိတော့မယ့် vivo NEX 3 မှာ 5G version ပါဝင်လာနိုင်

HuaweiNews

Design အနည်းငယ်ပြောင်းလဲထားတဲ့ Huawei Mate X ရဲ့ပုံများထွက်ပေါ်လာ