fbpx

This is digital planet.

Tech News

September 10 မှာပြုလုပ်မယ့် Apple Event မှာ ဘာတွေမိတ်ဆက်နိုင်မလဲ

Apple အနေနဲ့ September 10 မှာ iPhone 11 ကိုမိတ်ဆက်လာနိုင်တဲ့ Event တစ်ခုကို ပြုလုပ်ဖို့ ကြေညာခဲ့ပါတယ်။ အဲ့ Event ဟာ iOS 13 beta ထွက်လာမယ့် Date နဲ့တိုက်နေပါတယ်။ Apple က Event နာမည်ကိုတော့ ‘By innovation only’ (ဆန်းသစ်တီထွင်မှုသာ) ဆိုပြီးပေးထားပြီး Cupertino, California မှာရှိတဲ့ Apple Park က Steve Jobs Theater မှာပြုလုပ်လာမှာပါ။ အဲ့ Event ကနေ iOS 13 Updates ၊ Apple Watch ၊ Apple TV+ နဲ့ Arcade စတာတွေကို မိတ်ဆက်လာနိုင်တယ်ပါတယ်။

iPhone 11 Lineup

iPhone 11 Lineup ဟာ အခုလက်ရှိ iPhone lineup နဲ့ဆင်လာနိုင်ပြီး LCD screen option နဲ့ ဈေးပိုကြီးတဲ့ OLED screen options နှစ်ခုပါ၀င်လာမှာပါ။ ဒီနှစ် အတွက် Camera ပိုင်း Major Upgrade ကတော့ ultra wide shot features ပါ၀င်လာမယ့် three-lens rear camera system အသစ်ကိုတွေ့ရမှာပါ။ ဈေးအနည်းဆုံး iPhone မှာတော့ ကျောဘက် lenses နှစ်ခုပဲပါ၀င်လာမှာပါ။ အဲ့တာကတော့ အခုလက်ရှိ iPhone XR ၊ iPhone XS နဲ့ iPhone XS Max ရဲ့ Camera systems ကို Upgrade လာမယ့်သဘောပါ။

Apple အနေနဲ့ LCD iPhone မှာ အရောင်တွေကို blue နဲ့ coral နေရာမှာ green နဲ့ purple ကိုအစားထိုးလာနိုင်ပြီး Higher-end models တွေကိုတော့ Glass နဲ့ဖုံးထားတဲ့ပုံစံကို ပြောင်းလာနိုင်ပါတယ်။

Apple Watch 

Apple Watch Series နဲ့ပတ်သတ်ပြီး Event မှာတွေ့လာဖို့ကတော့မသေချာပါဘူး။ Apple Watch မှာတော့ Model အသစ် Apple Watch Series 5 မှာ Ceramic (ကြွေထည်) နဲ့ Titanium Cases တွေကိုသုံးလာနိုင်ပါတယ်။ အဲ့တာက Series 2 မှာ စတင်မိတ်ဆက်ခဲ့တဲ့ Apple ရဲ့ Special ceramic model ကိုပြန်အသက်သွင်းမည့်သဘောပါ။ Series 3 မှာတော့ ceramic model သုံးခြင်းကို ရပ်ခဲ့ပြီး ceramic နဲ့ titanium ရောထားတဲ့ material အသစ်ကိုသုံးခဲ့ပါတယ်။ Sleep Tracking လို Features အသစ်တွေကို‌ နောက်နှစ်မှာ Develop လုပ်ဖို့ Apple အနေနဲ့ Series 4 ကိုပဲ ဆက်ထိန်းထားဖို့ရှိနေပါတယ်။

MacBook Pro 16?

Apple မှာ Design ပြောင်းလာမယ့် 16-inch display နဲ့ ပိုစိတ်ချရတဲ့ keyboard ပါလာမယ့် High-end MacBook Pro ကိုပြုလုပ်နေတယ်လို့ သတင်း‌တွေထွက်ခဲ့ပါသေးတယ်။ အဲ့တာက MacBook Pro 16 ဖြစ်လာနိုင်မလား? အဲ့ MacBook ကို Event မှာ ဈေးနှုန်းနဲ့တကွ တစ်ခါတည်း မိ‌တ်ဆက်လာနိုင်ပါတယ်။

အရင်နှစ်တုန်းက Apple ဟာ Phone နဲ့ Apple Watch အတွက် Sept Event နဲ့ Mac နဲ့ iPad အတွက် Oct Event စတဲ့ Event နှစ်ခုကိုပြုလုပ်‌ေလ့ရှိပါတယ်။ ဒီနှစ် Event မှာတော့ Apple Products အကုန်ကို စုပြီးမိတ်ဆက်လာနိုင်ပါတယ်။

iPad refresh?

Apple ရဲ့လက်ရှိ iPad lineup ကတော့ Pad mini 5 ၊ iPad Air 3 နဲ့ Size နှစ်ခုရှိတဲ့ iPad Pro ‌ဆိုပြီးရှိပါတယ်။ ဈေးအနည်းဆုံး $329 iPad မှာ Spec ‌တွေတိုးပေးထားပြီး နောက်လာမယ့် entry-level iPad မှာတော့ 10.2-inch version ကို ပထမဆုံးသုံးလာနိုင်ပါတယ်။

iPad Models အသစ်တွေမှာ iPhone 11 လို Camera System သုံးလာမယ်လို့ သတင်းတွေထွက်ထားပါတယ်။ ဒါပေမယ့် အဲ့ အစီအစဉ်ကို Apple အနေနဲ့ ဒီနှစ်ကုန် ဒါမှမဟုတ် နောက်နှစ်မှာ အကောင်အထည်ဖော်လာနိုင်ပါတယ်။

နောက်ထပ် iOS 13 ၊ iPadOS 13 ၊ tvOS 13 ၊ watchOS 6 နဲ့ macOS Catalina Updates တွေရဲ့ Release Date ကို Event မှာတွေ့လာရနိုင်ပါတယ်။ HomePod မှာလည်း multi-user support ၊ music handoff နဲ့ radio streaming စတဲ့ Features ‌တွေပါ၀င်လာမယ့် Software Update ကို ဒီနှစ်အတွင်း ရရှိလာနိုင်ပါတယ်။

နောက်ထပ် Apple အနေနဲ့ Apple Arcade နဲ့ Apple TV+ ဆိုတဲ့ subscription services အသစ်ကို မိတ်ဆက်လာနိုင်ပါတယ်။ Gaming Service ဖြစ်တဲ့ Apple Arcade မှာ တစ်လကို $4.99 ကျသင့်လာနိုင်ပြီး Video service ဖြစ်တဲ့ Apple TV+ မှာတော့ တစ်လကို $9.99 ကျသင့်လာမယ်လို့ Bloomberg ကမျှော်လင့်ထားပါတယ်။

Ref: 9to5Mac