fbpx

This is digital planet.

HuaweiTech News

September 19 မှာ Mate 30 series ကို Germany မှာ မိတ်ဆက်မယ်လို့ Huawei ကြေညာ

Huawei Mate 30 series ကို ဒီလမှာ မိတ်ဆက်လာမယ့်သတင်းက အခုတော့သေချာသွားပါပြီ။ အရင်ကသတင်းတွေမှာ IFA 2019 မှာမိတ်ဆက်မယ်လို့ ဖော်ပြထားပေမယ့် အခု September 19 မှာ ကျင်းပမယ့် Munich, Germany က Special Event မှာ မိတ်ဆက်လာတော့မှာပါ။ အဲ့ Announcement ကိုတော့ Huawei Mobile Official Twitter Account ကနေ Video နဲ့တင်ထားပါတယ်။ Video ထဲမှာ စက်ဝိုင်းပုံ Camera ပုံစံအသစ် Oreo Cookie ပုံစံ ပါ၀င်လာမယ်လို့ Tease ထားပါတယ်။

iPhone 11 ၊ iPhone 11 Pro နဲ့ iPhone 11 Pro Max ရဲ့ Specifications များပေါက်ကြားလာ

အရင်အပတ်တုန်းက Leak Poster အရ Huawei Mate 30 series မှာ စက်ဝိုင်းပုံ quad rear cameras ဟာ ကြီးမားတဲ့အဖုပုံစံမှာ ရှိ‌နေပါတယ်။ အဲ့ပုံစံကနေ ဖုန်းအတွက် Features အပိုတွေကို Smart Case တပ်ပြီးအသုံးပြုရနိုင်ပါတယ်။ အဲ့ Smart Cases တွေဟာ Mate 30 series အတွက်သီးသန့်ထုတ်ထားတာမဟုတ်ဘဲ တစ်ခြား Huawei ဖုန်းတွေနဲ့ Honor phones တွေမှာပါရရှိလာနိုင်‌‌ခြေရှိပါတယ်။

Image result for mate 30

Huawei Mate 30/30 Pro မှာ Leica နဲ့ Co-Developed လုပ်ထားတဲ့ Cameras တွေကိုသုံးလာနိုင်ပြီး Camera နှစ်ခုမှာ 40MP sensors ကိုသုံးလာမှာပါ။ Notch ထဲက Front Camera မှာလည်း triple cameras ကိုသုံးလာမှာပါ။ အခြားသောအနေနဲ့ In-display fingerprint scanner၊ Kirin 990 processor နဲ့ IR sensor တို့ပါ၀င်လာမှာပါ။ Display မှာ Angle က 90 % ထိ curve ဖြစ်တဲ့ Display ရှိပါတယ်။ Huawei အနေနဲ့ 25W wireless charger အသစ်အတွက် certification ကိုမကြာခင်တုန်းက ရရှိထားခဲ့ပါတယ်။ ဒါကြောင့် Mate 30 Series မှာ Wireless Charging ကို 25W ထိ Support လုပ်မလားဆိုတာ စောင့်ကြည့်ရမယ်။

Huawei Mate 30 မှာ Official Google apps တွေမပါ၀င်လာ‌နိုင်ဘူးလို့ Google ပြောကြား

Huawei Mate 30 Series ဖုန်းဟာ US အစိုးရနဲ့ Trade Ban အခြေအနေကြောင့် Android နဲ့ Google Play services မပါ၀င်လာနိုင်ဘူးလို့ Google ကပြောခဲ့တဲ့အတွက် Mate 30 အနေနဲ့ ဘယ်လိုစီစဥ်ထားမလဲဆိုတာ စိတ်၀င်စားဖို့ကောင်းပါတယ်။

Ref: Gizmochina