fbpx

This is digital planet.

OPPOReviews

Shark-fin pop-up camera design ကိုသွေဖယ်ထားတဲ့ OPPO Reno 2F review

Reno 2 နဲ့ 2F တို့ရဲ့ First Impression မှာ OPPO ရဲ့ Marketing Strategy အပြောင်းအလဲကို စာရေးသူပြောခဲ့ပါတယ်။ အထူးသဖြင့် အရင်လို Fancy ဆန်တဲ့ ပုံစံကနေ ပြောင်းလဲလာပြီး ပိုပြီး Improve ဖြစ်တဲ့ပိုင်းကို ရောက်လာတာဖြစ်ပါတယ်။ ပြီးတော့ Product production အရမ်းမြန်နေတယ်လို့ခံစားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ Reno Series ကိုစမိတ်ဆက်ခဲ့တာက 2019 April မှာ မိတ်ဆက်ခဲ့တာဖြစ်ပါတယ် နောက် ၅ လကြာ August လည်းရောက်ကော Reno 2 Series က ထပ်ထွက်လာပါတယ်။

Production မြန်မြန်နဲ့ ထုတ်ရောင်းနေတာက Company အတွက်ကောင်းတယ်ဆိုပေမဲ့ User တွေအတွက်က တကယ်ကို စိတ်ပျက်စရာပါ ဒီ OPPO ရဲ့ Reno Lineup ကြည့်မယ်ဆိုရင် ခပ်ပေါပေါအတန်းမှာရှိတဲ့ အမျိုးအစားမဟုတ်ပဲ တကယ်လှပ သေသပ်ပြီးကောင်းမွန်တဲ့ ဖုန်းအမျိုးအစားပဲဖြစ်တယ်၊ အဲ့လိုဖုန်းမျိုးကို ဝယ်ထားတဲ့ သူက အနည်းဆုံးတော့ ၁ နှစ်လောက်တော့ အေးဆေးကိုင်ချင်မှာပဲ။ ဒါမဲ့လည်း ဝယ်ထားပြီး ၅ လအကြာမှာ Series အသစ်ထပ်ထွက်လာတယ်ဆိုတော့ User ဘက်က ကြည့်ရင် တကယ်ကိုခံစားရမှာပါ။ Company ဘက်ကပြန်ကြည့်ရင်လည်း ကိုယ့် Product ကိုယ်ပြန်သတ်သလို ဖြစ်နေပါတယ်။ အခုလက်ရှိ Reno 2 ဝယ်ထားတဲ့သူတွေအတွက် နောက်နှစ် April လမှာ Reno 3 ထပ်ထွက်လာဦးမလားဆိုတာတော့…..

အများစုက Reno 2F ကို တန်တယ်မတန်ဘူး ဆုံးဖြတ် Review လုပ်နေတဲ့အချိန်မှာ ကျွန်တော်က Reno 2F ကို OPPO F11 Pro ကို သတ်လိုက်တဲ့ကောင် (သို့) F11 Pro Killer လို့ နာမည်ပေးလိုက်ပါတယ်။ ဘယ်လို Kill သွားလဲဆိုတာက ဆက်ဖတ်ကြည့်ရအောင်…

Design and Construction

ဖျက်ကနဲကြည့်လိုက်မယ်ဆိုရင် Reno 2F က Reno 2 နဲ့အတော်လေးဆင်တူနေတာကို တွေ့ရမှာပါ။ Late green နဲ့ Sky white ဆိုပီးအရောင်နှစ်မျိုးရနဲ့လာမှာပါ။ ကျွန်တော်ဆီရောက်နေတဲ့ Unit က Sky white ပဲဖြစ်တယ်၊ နောက်ပိုင်းဖုန်းတွေမှာသုံးလာတဲ့ အလင်းနဲ့ထိတွေ့ရင် အရောင်အဆင်းတွေပြောင်းတဲ့ Color မျိုးကိုသုံးထားပါတယ်။ ကျောဘက်ကိုအနီးကပ်သေချာကြည့်မယ်ဆိုရင် ridge pattern မျိုးကိုမြင်ရမှာပါ။ သတိမထားကြည့်ရင် မြင်နေရမှာမျိုးမဟုတ်ပဲ သေချာကြည့်မှ မြင်နေရတဲ့ Patter မျိုးဖြစ်ပါတယ်။ Gorilla Glass 5 နဲ့ကာကွယ်ထားတဲ့ Reno 2F ရဲ့ ကျောဘက်က အရမ်းကြီးချော့မွတ်တဲ့မျက်နှာပြင်လိုမျိုးတော့ မဟုတ်ပါဘူး။ Camera area ကိုလည်း Reno 2 လိုပဲ ကျောဘက်အလည်တည့်တည့်မှာ ဒေါင်လိုက်အနေအထားနဲ့ ထည့်သွင်းပေးထားပီး Ceramic O-Dot လဲပါဝင်ပါသေးတယ်။ ဒါမဲ့ Reno 2 လို Camera ရဲ့အောက်မှာမဟုတ်ပဲ အပေါ်ဘက်မှာထည့်သွင်းထားတာကိုတွေ့ရမှာပါ။ Reno ရဲ့ ဂုဏ်လို့ပြောရမဲ့အရာကတော့ သူရဲ့လှပ သေသပ်တဲ့ Design ပါ အခုခေတ်မှာ Camera တွေကို ဖုန်း Body အသားနဲ့ တသားတည်းမြင်တွေ့ရဖို့က အတော်ကိုရှားသွားပါပြီ OPPO Reno Series တွေမှာသာ ဒီအငွေ့အသက်ကို ပြန်ယူလာနိုင်ခဲ့တာဖြစ်ပါတယ်။ သူရဲ့လှပမှုက Reno 2 လိုပဲ လှပတယ် Reno 2 က အကောင်းစား မိတ်ကပ်နဲ့လှပရင် သူက စျေးသက်သာတဲ့ မိတ်ကပ်နဲ့ လှပခြင်းမျိုးပါ။

ရှေ့ဘက်မျက်နှာပြင်ကတော့ Reno 2 မှာလို Notch မပါတဲ့ Full-secreen display အမျိုးအစားပဲဖြစ်တယ်။ Chin ကတော့ Reno 2 ထက်အနည်းငယ်တော့ပိုထူနေမှာပါ။ ဒီတစ်ချက်ကသိပ်တော့ ဖုန်းအများစုလိုလိုအဲ့ပုံစံ ဖြစ်နေတော့ စိတ်ရှုပ်စရာမဟုတ်တော့ဘူးထင်ပါတယ်။ Reno 2 F မှာ Pop up camera ပါပေမဲ့ Reno နဲ့ Reno 2 လိုမျိုး Shark-fin design နဲ့တော့မဟုတ်ပဲ သာမန် Pop-up camera မျိုးသာဖြစ်ပြီး အဖွင့်အပိတ်လုပ်တဲ့အခါမှာ Redmi K20 တို့လို့ Light effect ပါလာပါတယ်။ Light effect ကိုအရောင်အမျိုးမျိုးပြောင်းလဲနိုင်ပါတယ်။ ပြောင်းလဲချင်ရင်တော့ Additional Settings ထဲက Camera Pop-Up Effects ထဲမှာသွားပြောင်းလို့ရပါတယ်။ အကယ်လို့ဘာအရောင်ထားရမလဲမသိဘူးဆို Randomized လုပ်ထားလို့လဲရပါသေးတယ်။ ဖုန်းရဲ့ ဘယ်ဘက်မှာ Volume rocker ကိုတွေ့ရမှာဖြစ်ပီး ညာဘက်မှာတော့ Dual SIM tray နဲ့ Power buttom ကိုထည့်သွင်းပေးထားပါတယ်။ Power buttom ကိုအစိမ်းရောင်လိုင်းလေးနဲ့ Hightlight လုပ်ပေးထားပါတယ်။ Reno 2 မှာလိုပဲ button တွေက နှိပ်လို့ကောင်ပေမဲ့ Reno 2 လောက် မာဆတ်ဆတ်မဖြစ်ပါဘူး နည်းနည်းလေးပျော့သလိုခံစားရတယ်။ ဖုန်းရဲ့အောက်ခြေမှာတော့ 3.5mm headphone jack, microphone, USB-C port နဲ့ I-firing speaker တို့ပါဝင်ပါတယ်။ အလေးချိန်က အရမ်းကြီးမလေးသလို ပေါ့တဲ့အထဲလည်းမပါပါဘူး ဖုန်းရဲ့ အပေါက်ဘက်ခြမ်းက အောက်ဘက်ခြမ်းက နည်းနည်းလေး ပိုလေးပါတယ်။

Display and Multimedia

Display ပိုင်းကတော့ 6.5-inch FHD+ AMOLED display ဖြစ်ပီး resloution က 2340 x 1080 ဖြစ်ပါတယ်။ သူ့ရဲ့အပေါင်းအပါ ဖုန်းတွေအတိုင်း Secreen ကိုအနှောက်အယှက်ပေးမဲ့ Notch ပါမလာတော့ပါဘူး။ AMOLED panel တွေရဲ့ထုံးစံအတိုင်း Color တွေတောက်ပနေတာကို တွေ့ရမှာပါ။ သူရဲ့တောက်ပမှာ Reno လောက် Deep မဖြစ်သလိုခံစားရတယ် အရောင်လေးတွေက ဖျော့နေတယ်လို့ခံစားရတယ်။ ဥပမာပြောရရင် အနီဆို အနီစစ်မဟုတ်ပဲ အနီရင်တဲ့ဘက် မသွားပဲ နည်းနည်းလေးဖျော့တဲ့ဘက်ကို ရောက်နေပါတယ်။ အထူးသဖြင့် Reno 2 နဲ့ယှဥ်တဲ့အခါ သိသာပါတယ်။ Brightness ပိုင်းမှာတော့ Reno 2F က ပိုပြီးလင်းပါတယ်။ ဒီဖုန်းရဲ့ Speaker ကလဲ အံ့အားသင့်စွာကောင်းမွန်နေပါတယ်။ အသံအမြင့်ဆုံးတင်လိုက်ရင်တောင်မှ Distortion သပ်မဖြစ်ပါဘူး။ ပြတ်သားတယ် Dynamic တွေကောင်းတယ်ဆိုပေမဲ့ အသံအဆုံးထိချဲ့တဲ့အခါ အက်သံတွေပါနေပါတယ်။ ပိုပီးကောင်းမွန်တဲ့အသံကိုရဖို့ Earphone သုံးဖို့ လမ်းညွှန်ချင်ပါတယ်။

OS, UI, Apps

Reno 2 မှာလိုပဲ Android 9 ရဲ့ ColorOS 6.1 Operating system ကိုအသုံးပြုထားပါတယ်။ သုံးစွဲသူများအနေနဲ့ App arangement မှာ Standard mode နဲ့ Drawer mode ဆိုပြီး နှစ်မျိုးရွေးချယ်နိုင်ပါတယ်။ Screen ရဲ့ညာဘက်မှာ မီးခိုးရောင် Slide bar လေးကိုလဲထည့်သွင်းပေးထားပါတယ် Favorite Features တွေ App တွေကို Shortcut အနေနဲ့ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ Google app လဲတခါထဲပါဝင်မှာဖြစ်ပီး အခြားသော App Market, Clone Phone, Game Space, Opera, အစရှိတဲ့ (ကျွန်တော်မသုံးဖြစ်သော ) Third-party app များကိုလဲ 2F မှာထည့်ပေးထားပါတယ်။ ထည့်ချင်တာတွေထည့်ပေးမဲ့အစား Dark Mode ထည့်ပေးထားရင်အတော်ကျေးဇူးတင်မိမှာပါ။ AMOLED Screen ကြီးနဲ့ Dark Mode မပါတာကြီးက နည်းနည်းတော့ ဆာပါတယ်။ သူရဲ့ Brand အခွဲ ဖြစ်တဲ့ Realme တောင်ပါတယ်။ Storage ပိုင်းမှာဆိုရင် 128GB သာပါဝင်မှာဖြစ်ပီး User တွေအနေနဲ့ အပိုထပ်စိုက်ချင်တယ်ဆိုရင်တော့ 256GB ထပ်စိုက်နိုင်မည့် microSD card slot ပါဝင်ပါတယ်။

Cameras

Reno 2F မှာ 48MP primary, 8MP ultra wide, 2MP monochrome နဲ့ 2MP depth lenses များပါဝင်ပါတယ်။ Pop-up camera ကတော့ 16MP ကိုအသုံးပြုထားပါတယ်။ 2F နဲ့ရိုက်ကူးထားတဲ့ပုံတွေက အလင်းအားကောင်းနေတာကိုတွေ့ရမှာပါ။ HDR ပုံတွေမဆိုးဘူး။ Color Rendering တွေမဆိုးဘူး Focus မြန်တာတွေ AI Sense တွေ မြန်တာတွေက သဘောကျစရာပါ။ F11 Pro ကို Kill လိုက်တဲ့ အထဲမှာ သူမှာ Ultra Wide ပါတာ လက်နက်တစ်ခုလို ဖြစ်သွားပါတယ်။ Camera UI နဲ့ပက်သက်ပြီး Realme 5 Pro မှာပြောခဲ့သလိုပဲ လုံးဝမကြိုက်ပါဘူး ဘာလို့လဲဆိုတော့ Ultra-Wide ကိုအလွယ်တကူပြောင်းရိုက်လို့ရအောင် Mode တစ်ခုအနေနဲ့ ထည့်သွင်းမထားပဲ အပေါ်ဘက် HDR တွေ Dazzle Color တွေနဲ့ ရောထားတာက အမှတ်တမဲ့ဆို သတိထားမိမယ်မထင်ပါဘူး။ Portrait mode ရိုက်ကူးရာမှာ Lighting အခြေအနေကိုလိုက်ပီး အချို့နေရာတွေမှာမမိတာမျိုးရှိတက်ပါတယ်။ အရင်ကဖုန်းတွေထက် Edge-Detection တွေကောင်းလာပါတယ်။ ဒါမဲ့ လိုအပ်ချက်တွေရှိနေပါသေးတယ်။

2MP monochrome ကတော့ Gimmick ပါ။ သူ့အတွက် အသုံးဝင်တဲ့နေရာလဲမတွေ့သလို အဲ့ Lens ကိုသုံးပြီး အခြား Lens တွေနဲ့ ပေါင်းစပ်ရိုက်ကူးမယ်ဆိုရင်တောင် သိပ်ထူးခြားတဲ့ Quality ကိုရမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အဖြူအမဲပုံလဲရိုက်လို့မရသလို(တကယ်လဲ အဲ့လိုရိုက်ဖို့ရည်ရွယ်ချက်မဟုတ်ပါ) အခြား Lens တွေနဲ့ပေါက်စပ်ရိုက်ကူးရင်လည်း ဘာမှမထူးခြားလို့ပါ လက်ထဲရှိရင် အဲ့ Lens ကို လက်နဲ့ပိတ်ပြီးရိုက်ကြည့်ပါ ဘာမှမထူးခြားသလို အသုံးတောင်မ၀င်ပါဘူး။ အားမနာတမ်းပြောရရင် ဟန်ပြထည့်ပေးထားသလားမှတ်ရတယ်။ Powerful ဖြစ်တဲ့ Portrait Effect တွေရဖို့အတွက် OPPO အဲ့ကောင်ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ ဘယ်လိုမျိုးလဲဆိုရင် Impressive ဖြစ်တဲ့ ပုံတွေရဖို့ Isolation filter အနေနဲ့ အသုံးပြုထားတာဖြစ်ပါတယ်။ အဲ့ဒါသူ့ရဲ့အသုံး၀င်မှုပါ ကျွန်တော်စမ်းသပ်သလောက်တော့ သိပ်မထူးဆန်းဘူး။ Video ရိုက်ကူးရာမှာ 1080p အရည်အသွေးနဲ့ 30fps ရနိုင်မှာပါ။ Quality ကအကောင်းကြီးမဟုတ်ပေမဲ့ Stabilization ကတော့ကျေနပ်မှုအပြည့်အဝပေးနိုင်ပါတယ်။ တစ်ကယ်လဲငြိမ်သက်တဲ့ feeling ကိုရရှိပါတယ်။ Selfie ပိုင်းမှာ ပိုပြီး Wide ဖြစ်လာတယ်။ ပိုကောင်းတဲ့ အရည်အသွေးရှိလာတယ်။ အရင်လို အလှအပမဟုတ်ပဲ Detail တွေကို ဂရုစိုက်ထားတာတွေ့ရတယ်။

Performance

SoC ပိုင်းမှာတော့ MediaTek Helio P70 ကို မောင်းနှင်ထားပါတယ် F11 Pro နဲ့အတူတူပဲ SD နဲ့ဆို SD 660 နဲ့ Level သွားတူမယ်။ Daily Usage အတွက်အဆင်ပြေအောင်ပဲ လုပ်ပေးထားတာပါ။ Future proof ဖြစ်ဖို့ မလွယ်ကူသလို SoC ကလည်း Date out နေပြီလို့ပြောရမှာပါ။ ဒါမဲ့ Daily Usage မှာ အသုံးပြုကြည့်သလောက် အဆင်ပြေပါတယ်။ ဟန်း ထစ် လေးတာတွေမျိုး သိပ်မတွေ့ရပါ။ 8GB RAM ပါဝင်ပါတယ်။ ဂိမ်းဆော့ရာမှာ frame rate ကျတယ်ဆိုပေမဲ့လဲ အရမ်းအဆိုးအရွားကြီးတော့မဟုတ်ပါဘူး။ In-display fingerprint နဲ့ face unlock တို့ဟာဆိုရင် 2F ရဲ့ရွေးချယ်စရာများဖြစ်ပါတယ်။ နှစ်ခုလုံးကမြန်တယ်ဆိုပေမယ့် Face unlock ကတော့ သင့်မျက်နှာကို Scan မဖတ်ခင်မှာ Pop-up camera ကိုဖွင့်ရတာဆိုတော့ အနဲငယ်ပိုကြာနေပါတယ်။

Connectivity and Battery Life

4G LTE, Wi-Fi, Bluetooth တွေဟာ 2F ရဲ့ connectivity options များဖြစ်ပါတယ်။ Reno 2 မှာပါတဲ့ Gyroscope sensor နဲ့ AR-Based app တွေကို အခက်အခဲမရှိသုံးနိုင်မှာပါ။ Battery ကတော့ 4,000mAh cell ဖြစ်ပီး VOCD 3.0 Fast charging support ပါဝင်ပါတယ်။ အားသွင်းမြန်တာလေးကမဆိုးဘူးလို့ပြောရမယ်။ PCMark battery test မှာဆိုရင် 10 hrs and 40 mins ထိ ခံပါတယ်။

Conclusion

အခြားသော Smartphone တွေမှာလိုပဲ Reno 2F မှာကောင်းကွက်နဲ့မကောင်းကွက်များရှိပါတယ်။ 2F မှာ eye-catching ဖြစ်တဲ့ Colorway, notch-less display, pleasant audio, video stabilization နဲ့ တော်တော်ကောင်းတဲ့ Battery life ပါဝင်ပါတယ်။ တချို့မပြည့်စုံသေးတဲ့အချက်လေးတွေတော့ ထုံးစံအတိုင်းရှိနေပါသေးတယ်။ Pop-up camera ကတော့ အသင့်အတင့်ရှိပါတယ်။ ဂိမ်းဆော့တဲ့အခါမှာ frame rate ကျတက်ပါတယ်။ Selfie ရိုက်တဲ့အခါလဲအသင့်အတင့်နဲ့ photo အရည်အသွေးတွေကလဲအတော်အသင့်ဆိုတဲ့အနေအထားမှာရှိပါတယ်။ ဆိုတော့ သူ့ရဲ့ ငါးသိန်းဝန်းကျင်ဈေးနဲ့ဆို ပေးရတာတန်တယ်လို့ပြောရမယ့် Mid-ranger ဖုန်းတစ်လုံးလို့ မဆိုလိုချင်ပေမဲ့ OPPO F11 Pro ထက်ကျော်ပြီး ရွေးချယ်သင့်တဲ့အလုံးဆိုတာတော့ သေချာပါတယ်။ ပိုလှတဲ့ Design၊ ပိုကောင်းတဲ့ Camera Setup၊ In-display fingerprint နဲ့ AMOLED Display တို့က အားသာချက်တွေနဲ့ F11 Pro ကို သတ်ဖို့ လက်နက်တွေပဲဖြစ်ပါတယ်။

PS – နည်းနည်း အကျုံးလွန်သွားရင် ဆော်ရီးပါ