fbpx

This is digital planet.

ShoppingTech News

Shop.com.mm မှ လျှော့ဈေးအများဆုံးနှင့် အကြီးမားဆုံး 9.9 Online အွန်လိုင်းဈေးရောင်းပွဲတော်ကြီး

စက်တင်ဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပစ္စည်းအမျိူးအစားများစွာကို ၉၉ ကျပ်ဖြင့်ရောင်းချမည်။

ရောင်းချသူ အယောက် ၅၀၀ ကျော်နှင့် ပစ္စည်းအမျိူးအစားပေါင်း ၁၅၀ ကျော်ပါဝင်သည်။
ပါဝင်မည့်အစီအစဉ်များမှာ နာရီပိုင်းဖြင့်သာရောင်းချမည့် တစ်နာရီအထူးအစီအစဉ် နှင့် ၉၉ ကျပ် အစီအစဉ်
၂၄ နာရီပတ်လုံးရရှိနိုင်မည့် Global Collection နှင့် 49999 Voucher Code အစီအစဉ်
ရန်ကုန်၊ စက်တင်ဘာလ ၄ ရက်၊ ၂၀၁၉ ခုနစ် – အံသြဖွယ်ရာဈေးနှုန်းလျှော့ချထားမှုများ နှင့် Shop.com.mm မှ 9.9 အွန်လိုင်းအထူးဈေးရောင်းပွဲကြီးကို ပစ္စည်းအမျိူးအစားစုံလင်စွာဖြင့် ၉ လပိုင်း ၉ ရက်နေ့ ၂၀၁၉ တွင် ပြုလုပ်သွားမည်ဖြစ်သည်။ စမက်ဖုန်းများ ၊ ကလေးအသုံးအဆောင်ပစ္စည်းများ နှင့် လုံချည်များ အစရှိသည့် ပစ္စည်းများကို ၉၉ ကျပ်ဖြင့် ရောင်းချသွားမည့်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အလျင်အမြန်ဖွံဖြိုးတိုးတတ်လျက်ရှိသော E-commerce ကိုအထောက်အကူပြုစေနိုင် မည့် Shop.com.mm ၏ 9.9 , 10.10, 11.11 နှင့် 12.12 အစရှိသော အထူးအွန်လိုင်းလျှော့ဈေးအစီအစဉ်များကို ၂၀၁၉ အကုန်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

ထိုအစီအစဉ်များသည် (၉) ရက် ၉ လ ကဲ့သို့ ရက်နှင့်လ ထပ်တူညီမျှကျသောရက်များတွင် ရောင်းချခြင်းဖြစ်ပြီး အချိန်အတိုင်းအတာဖြင့် ပစ္စည်းများကို လျှော့ဈေးဖြင့် ထိုတစ်ရက်သာ ရောင်းချခြင်းဖြစ်ပါသည်။ ယခင်နှစ်က ပြုလုပ်ခဲ့သော “ 9.9 စူပါလျှော့ဈေး အစီအစဉ်” မှာလည်း မြန်မာပြည်သူလူထုကြားတွင် တစ်ခဲနက်အောင်မြင်ခဲ့ပြီး ပစ္စည်းများ အားလုံးကိုလည်း နာရီပိုင်းအတွင်းရောင်းချခဲ့နိုင်သည်။ လစဉ် Double Digit အစီအစဉ်ကို ကျင်းပခြင်းဖြင့်အင်တာနက်ပေါ်တွင် ဈေးဝယ်ခြင်း၏ လွယ်ကူမြန်ဆန်မှု ၊စိတ်တိုင်းကျမှုအစရှိသည့် အရာများကို ဝယ်ယူသူများ သိရှိရန် Shop.com.mm မှရည်ရွယ်ပါသည်။

တစ်နာရီအထူးအစီအစဉ် (နာရီပိုင်းအစီအစဉ်)

တစ်နာရီအထူးအစီအစဉ် ဆိုသည်မှာ လူကြိုက်များသောပစ္စည်းများကို လက်ရှိ offline ဆိုင်များ၏ ဈေးကွက်ပေါ်ရှိ အကောင်းဆုံးပေါက်ဈေးထက် များစွာ ပိုမိုလျှော့ထားခြင်းဖြစ်သည်။ Shop.com.mm မှ ပြုလုပ်သည့်
အထူးအစီအစဉ်တွင် ပါဝင်လိုပါက ဝယ်ယူအားပေးသူများသည် စက်တင်ဘာလ ၉ရက်နေ့တွင် သက်မှတ်ထားသောချိန်များဖြစ်သည့် ညသန်းခေါင် 00:09am , မနက် 09:09am, နေ့လည် 12:09pm နှင့် ည 09:09pm တွင်ဝယ်ယူရမည်ဖြစ်သည်။

ERKE M Jogging Shoes ကို ၆၁,၀၀၀ ကျပ်မှ ၁၆,၉၀၀ ကျပ်သို့အထူးလျှော့ဈေး ၊ Mi Band 4 အား ၄၀,၀၀၀ ကျပ်မှ ၂၉,၉၀၀ ကျပ်သို့ အထူးလျှော့ဈေးများ ဖြင့်ရောင်းချသွားမည်ဖြစ်သည်။ ယခုရေးသားထားသော ပစ္စည်းများသည်။ အနည်းငယ်ဖော်ပြထားခြင်းသာဖြစ်ပြီး 9.9 လျှော့ဈေးအထူးအစီအစဉ်ကျင်းပသည့်နေ့တွင် ပစ္စည်းပေါင်း ၃၉၀ ကျော် ပါဝင်သွားမည်ဖြစ်သည်။

၉၉ကျပ် အထူးအစီအစဉ် (နာရီပိုင်းအစီအစဉ်)

နောက်ထပ် ထူးခြားသောအစီအစဉ်အဖြစ် စမတ်ဖုန်းများ ၊ တီဗီများ၊ လုံချည်၊ အမျိူးသမီးအသုံးအဆောင်ပစ္စည်းများ၊ ဆန်၊ ကလေးအသုံးအဆောင်ပစ္စည်းများ၊ ရေခဲသေတ္တာများသာမက အခြားသော ပစ္စည်းများကို မြန်မာကျပ်ငွေ ၉၉ ကျပ်ဖြင့် ရောင်းချသွားမည်ဖြစ်သည်။ ၉၉ ကျပ်နှင့် ရောင်းချမည့်အချိန်များမှာ

• ညနေ 3:09pm • ညနေ 6:09pm • ည 11:11pm

Shop.com.mm’s မိတ်ဖက်ရောင်းချသူနှင့် ကုမ္မဏီ များ၏ ကူညီမှုဖြင့် ၉၉ကျပ် အထူးအစီအစဉ်တွင် ပစ္စည်းအမျိူးအစားပေါင်း ၂၅ ခုကျော်ပါဝင်မည်ဖြစ်ပြီး Samsung (32GB Memory Stick), HP (15-db1039AU with Ryzen 3), Skyworth (24” LCD TV), Mr. Myanmar (Silver Collection Longyi), and Lovely Baby (Wet Tissue (Green)) နှင့် အခြားသော ပစ္စည်းများလည်းပါဝင်သည်။ ထပ်တိုးအစီအစဉ်အနေဖြင့်လည်း ၉၉ကျပ်ဖြင့် ဝယ်ယူသော အချိူ့ပစ္စည်းများကို ရန်ကုန် ၊ တောင်ကြီး ၊ မန္တလေး ၊ နေပြည်တော်နှင့် မော်လမြိုင် အစရှိသည်မြို့များကိုအခမဲ့ပိုဆောင်ပေးသွားမည်ဖြစ်သည်။

Global Collection ပစ္စည်းများကို ၉၉၉ ကျပ်နှင့် ရောင်းချခြင်း (၂၄နာရီအစီအစဉ်)

နိုင်ငံတကာရှိအကောင်းဆုံးပစ္စည်းများရောင်းချသူများ၏ ပစ္စည်းများကို ၉၉၉ကျပ်ဖြင့်ဝယ်ယူနိုင်မည့် အစီအစဉ်
ပါဝင်မည်ဖြစ်ပြီး Shop.com.mm ၏ Global Collection တွင်ဝင်ရောက်ရှာဖွေနိုင်မည်ဖြစ်သည်။ ဝယ်ယူသူများ
အနေဖြင့် နိုင်ငံတကာရှိရောင်းချသူများနှင့် တိုက်ရိုက်ချိတ်ဆက်ထားသည့်အတွက်ကြောင့် အရည်အသွေး
ကောင်းမွန်ပြီး ဈေးနှုန်းသက်သာသော ပစ္စည်းများကို ဝယ်ယူနိုင်မည်ဖြစ်သည်။ 9.9 စူပါလျှော့ဈေး အစီအစဉ်
တစ်ခုအဖြစ် သတ်မှတ်ထားသော Global Collection ပစ္စည်းများကို ၉၉၉ ကျပ်ဖြင့် ၂၄ နာရီပတ်လုံး ဝယ်ယူနိုင်မည်
ဖြစ်သည်။

နောက်ဆုံးပေါ်လျှပ်စစ်ပစ္စည်းများနှင့် TV များအား ၄၉၉၉၉ ကျပ်ဖြင့်ရရှိနိုင်သော Voucher Code (၂၄နာရီအစီအစဉ်)

“SHOP49999” Voucher Code ကို အသုံးပြုပြီး နောက်ဆုံးပေါ် လျှပ်စစ်ပစ္စည်းများနှင့် TV များဖြစ်သော
Syinix 55” Smart UHD TV (55T730U) ကို မူလဈေး ၈၅၅,၀၀၀ ကျပ် မှ ၄၉၉,၀၀၁ ကျပ် ၊ Vivo Y95 ကို
၂၇၉,၈၀၀ ကျပ်မှ ၂၂၉,၈၀၁ ကျပ် ၊ RealMe X ကို ၄၄၉,၀၀၀ ကျပ် မှ ၃၇၉,၀၀၁ ကျပ် ၊ Lenovo ideapad 310
(i7, 7th) ကို ၁,၀၅၄,၀၀၀ ကျပ် မှ ၇၄၄,၀၀၀ ကျပ် ၊ Samsung A30 ကို ၃၅၀,၀၀၀ ကျပ်မှ ၃၀၀,၀၀၁ ကျပ် အထိလျှော့ဈေးများရရှိသွားမည်ဖြစ်သည်။