fbpx

This is digital planet.

SamsungTech News

Slider Rotate Camera Design ပါဝင်လာဖွယ်ရှိတဲ့ Galaxy A90 ရဲ့ပုံရိပ်များထွက်ရှိလာ

Samsung ရဲ့ထုတ်လို့မကုန်နိုင်တဲ့ A-series ရဲ့နောက်ထပ် model အသစ်တစ်ခုဖြစ်တဲ့ A90 ရဲ့ပုံရိပ်များထွက်ပေါ်လာပြီးနောက်မှာတော့ မနေ့က သူမှာ အဓိက ပါဝင်လာမဲ့ Spec များထွက်ရှိလာခဲ့ပါတယ်။

တရုတ်က ထွက်ရှိလာတဲ့သတင်းတွေအရ Galaxy A90 ကို နောက်ထပ် Galaxy A80 လို့လည်းခေါ်ဆိုမယ်လို့လည်းသိရပြီး Snapdragon 7150 SoC (Snapdragon 710/712 ရဲ့မျိုးဆက်သစ်) ကိုသုံးလာမယ်လို့သိရပြီး 6.7-inch Full HD+ (2400 x 1080) pixels ပါဝင်လာမယ်လို့သိရပြီး OLED display နဲ့အတူ Sound casting technology လည်းပါဝင်လာမယ်လို့လည်းဖော်ပြနေကြပါတယ်။

Image result for galaxy a90
Galaxy A90 ရဲ့အထူးခြားဆုံးအချက်ကတော့ သူရဲ့ Selfie ကင်မရာ ဒီဇိုင်းဖြစ်ပြီး Slider Rotate Camera Design ကိုသုံးထား slider house မှာတော့ 48MP (f/2.0)၊ 8MP (f/2.4)၊ ToF (f/1.2) ဆိုပြီး ကင်မရာ ၃ လုံးတောင် အသုံးပြုထားမယ်လို့သိရပါတယ်။

Galaxy A90 မှာတော့ ဘက်ထရီ အရွယ်အစား 3700 mAh ရှိမယ်လို့သိရပြီး 25W fast charging support လည်းပါဝင်လာမှာဖြစ်ပါတယ်။ ဖုန်းရဲ့အရွယ်အစားအနေနဲ့ 76.5 x 165.0 x 9.0 mm ရှိပြီး အလေးချိန် 219 g တောင်ရှိမယ်လို့သိရပါတယ်။

Image result for galaxy a90
အကယ်၍ ဒီပုံတွေသာ Galaxy A90 ရဲ့ ပုံအစစ်တွေမှန်ရင်တော့ ဒီဇိုင်းပိုင်းအနေနဲ့ အတော်လေး ကြည့်ရဆိုးတယ်လို့ပဲသတ်မှတ်ရမှာပါ။ ဒါပေမဲ့ ဒါဟာ အတည်ပြုလို့မရတဲ့ ကောလာဟလ အဆင့်မှာပဲရှိသေးတာကြောင့် ဆက်လက်စောင့်ကြည့်ရပါဦးမယ့် Samsung အနေနဲ့ ဒီ Galaxy A90 စမတ်ဖုန်းကို April လ ၁၀ ရက်နေ့မှာမိတ်ဆက်ပေးဖွယ်ရှိတယ်လို့လည်း ခန့်မှန်းရပါတယ်။

Ref: GSMArena

Photos: @WaqarKhanHD