fbpx

This is digital planet.

HuaweiTech News

P30 Series ကို ဖုန်းအလုံးရေပေါင်း ၁၀ သန်းအားထိ ရောင်းချနိုင်ခဲ့ပြီးဖြစ်တဲ့ Huawei

Kevin Ho, President of Handset Product, Huawei Consumer Business Group မှ MWC Shanghai Global Device Summit ၌ “Huawei ရဲ့ စမတ်ဖုန်းတင်ပို့မှုဟာ မေလ ၃၀ ရက်နေ့မှာ သန်း ၁၀၀ အထိရောက်ရှိခဲ့ပါတယ်။ P30 Series တစ်ခုတည်းရဲ့ ရောင်းအားဟာ စတင်မိတ်ဆက်ပြီး ၈၅ ရက်အတွင်း ၁၀ သန်း အထိ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ P20 Series တုန်းက ၁၀ သန်း ရှိတဲ့ ရောင်းအားကို ရောက်ဖို့ ယခုထက် ၆၂ ရက် ပိုမိုပြီး စောင့်ဆိုင်းခဲ့ရပါတယ်။” ဟု ပြောကြားခဲ့သည်။

Huawei ၏ စဉ်ဆက်မပြတ်သည့် တီထွင်ဖန်တီးမှုများကြောင့် P30 Series စမတ်ဖုန်းများသည် SuperSensing Leica Quad Camera ၊ 10x Hybrid Zoom ၊ Ultra-Long Battery Life အစရှိသည့် လုပ်ဆောင်ချက်များ နှင့် Breathing Crystal ၊ Amber Sunrise ကဲ့သို့သော ဆန်းသစ်သည့် အရောင်ရွေးချယ်မှုများအား ပေးစွမ်းလာနိုင်ခဲ့သည်။ ထိပ်သီးမီဒီယာ အသီးသီးမှလည်း P30 Series အား “2019 ၏ အကောင်းဆုံး စမတ်ဖုန်း” နှင့် “ဓာတ်ပုံရိုက်ကူးရန်အကောင်းဆုံးဖုန်း” အစရှိသည့် ချီးမွှမ်းပြောဆိုမှုများအား ရရှိခဲ့သည်။

Huawei မှ တရုတ်ယွမ်ငွေပေါင်း ၄၈၀ ဘီလီယံ ကျော်အား လွန်ခဲ့သည့် ဆယ်စုနှစ်များစွာထဲမှ ရင်းနှီးမြှုပ်နှံံ့ခဲ့ပြီး အင်အားကြီးမားသည့် နည်းပညာများ ၊ software နှင့် hardware supply chains ပိုင်းဆိုင်ရာ မိတ်ဖက်မှုများအား ပြုလုပ်ဖန်တီးနိုင်ခဲ့ပြီး ဆန်းသစ်သည့် နည်းပညာများ နှင့် အတွေ့အကြုံများအား စမတ်ဖုန်း လုပ်ငန်းခွင်အတွင်းသို့ သယ်ဆောင်လာနိုင်ခဲ့သည်။ Huawei ၏ စဉ်ဆက်မပြတ်သည့် တီထွင်ဖန်တီးမှုများ နှင့် နည်းပညာပိုင်းဆိုင်ရာ ဦးဆောင်မှုသည် စမတ်ဖုန်းနှင့် ပတ်သတ်ပြီး ချမှတ်ထားသည့် တားမြစ်ချက်များအား ကျော်ဖြတ်နိုင်မည်ဖြစ်ပြီး သုံးစွဲသူများအတွက် အကောင်းမွန်ဆုံးသော စမတ်ကျသည့် နေထိုင်မှုအား ဖန်တီးနိုင်မည်ဟု Huawei သုံးစွဲသူ အများအပြားမှ ယုံကြည်လျှက်ရှိသည်။

Press released by Huawei.