fbpx

This is digital planet.

Articles

Smartphone ထက္က လက္ေဗြရာမ်ား

Zawgyi

တစ္ခ်ိန္တုန္းက Smartphone တစ္လံုးေပၚမွာ Fingerprint Scanner ပါလိုက္ျပီဆိုရင္ အထင္ၾကီးတဲ့အၾကည့္နဲ႔ ၾကည့္ခံရတာမ်ိဳး တစ္ေခတ္တစ္ခါက ရွိခဲ့ေပမယ့္ ဒီဘက္ေခတ္မွာေတာ့ ဒါဟာ Smartphone ေတြရဲ႕ သမရိုးက် Hardware တစ္ခုလိုျဖစ္ေနခဲ့ပါျပီ။ Company ေတြကလည္း သူတို႔ဖုန္းေတြမွာ Fingerprint Scanner ကို ေရွ႕၊ ေနာက္၊ ေဘး စသည္ျဖင့္ ေနရာအမ်ိဳးမ်ိဳးမွာ ထည့္သြင္းအသံုးျပဳခဲ့ရကေန ခုခ်ိန္မွာေတာ့ Display ထဲ ျမွဳပ္ႏိုင္တဲ့အထိ တိုးတက္လာခဲ့ျပီ။ ဆိုေတာ့ကာ Fingerprint Scanner နဲ႔ပတ္သက္ရင္ Speed & Position ကိုေတာ့ လူေတြက တေရးတယူရွိခဲ့ၾကေပမယ့္ သတိမထားမိခဲ့တဲ့အခ်က္ကေတာ့ Generation အဆင့္ဆင့္ေျပာင္းလဲအသံုးျပဳလာခဲ့တဲ့ Fingerprint Scanner အမ်ိဳးအစားေတြပါပဲ။

 

Image result for optical scanner

 

– Optical Scanners

Fingerprint ေတြရဲ႕ ကနဦးဆိုလည္း မမွားပါဘူး။ သူ႔ရဲ႕ အလုပ္လုပ္ပံုက Scanner ထဲမွာ Camera အေသးစားထည့္သြင္းျပီး လက္တင္လိုက္တဲ့အခါ လက္ေဗြရဲ႕ ခ်ိဳင့္ခြက္၊ အခံုးေနရာေတြေပၚလြင္ေအာင္ Contrast မ်ားတဲ့ 2D Image အျဖစ္ ရိုက္ယူသိမ္းဆည္းတာပါ။ အဲဒီအတြက္ လိုအပ္တဲ့အလင္းေရာင္ေပးဖို႔ LED မီးလံုးအေသးေတြကို Camera နဲ႔ တြဲရက္တပ္ဆင္ထားတယ္။ Optical Scanner ေတြရဲ႕ အားနည္းခ်က္က ထူျပီး ေနရာအေတာ္ယူတာရယ္၊ Security ပိုင္းမွာ အရူးလုပ္ရလြယ္တာရယ္ေၾကာင့္ ဖုန္းေတြမွာ ေသခ်ာမေတြ႔ခဲ့ရပဲ Company ေတြအေနနဲ႔လည္း ပိုေကာင္းတဲ့နည္းလမ္းေတြကိုသာ ရွာေဖြအသံုးျပဳခဲ့ၾကပါတယ္။

 

Image result for iphone 7 fingerprint

 

– Capacitive Scanners

လက္ရွိအခ်ိန္အထိ Smartphone ေတြေပၚမွာ အသံုးအမ်ားဆံုး Fingerprint Scanner လို႔ ေျပာလု႔ိရတယ္။ နာမည္နဲ႔လိုက္ေအာင္ သူ႔မွာ Capacitor အေသးစားေတြကို အသံုးျပဳျပီး သူကထုတ္လႊတ္တဲ့ လ်ွပ္စစ္စီးေၾကာင္းကေနတစ္ဆင့္ လက္ေဗြကို ဖမ္းယူပါတယ္။ (လ်ွပ္စစ္ဆိုလို႔မေၾကာက္ပါနဲ႔၊ သူကထုတ္လႊတ္တဲ့ လ်ွပ္စစ္ပမာဏက မေျပာပေလာက္ေအာင္ နည္းပါးပါတယ္) လ်ွပ္စစ္စီးမယ့္ Plate ျပား (Scanner) ေပၚ လက္တင္လိုက္ရင္ သူနဲ႔ဆက္သြယ္ထားတဲ့ Capacitor ေတြမွာ ျဖစ္ေပၚတဲ့ လ်ွပ္စစ္ပမာဏေျပာင္းလဲမွဳကို Digital စနစ္နဲ႔ ေျပာင္းလဲသိမ္းဆည္းေပးတာပါ။

သူ႔ရဲ႕အားသာခ်က္ကေတာ့ Optical Scanner ေတြထက္ ေနရာယူမွဳနည္းျပီး ပိုတိက်တဲ့ Fingerprint ကို သိမ္းဆည္းႏိုင္တာပါ။ ျပီးေတာ့ Electrical Signal ကို သံုးထားလို႔ Screen off ထားခ်ိန္မွာလည္း လက္တင္ရံုနဲ႔ တိုက္ရိုက္အလုပ္လုပ္တယ္။ အားနည္းခ်က္ကေတာ့ ေခၽြးနဲ႔အဆီကို Sensitive ျဖစ္တာရယ္၊ ပိုျပီးတိက်ျမန္ဆန္တဲ့ Scanner ကိုလိုခ်င္ေလ၊ Capacitor အေရအတြက္ ပိုသံုးရေလမို႔ ေစ်းပိုမ်ားႏိုင္တာရယ္ပါ။

ဒါေၾကာင့္ ကနဦးတုန္းက Capacitor အေရအတြက္ကိုေလ်ွာ့သံုးႏိုင္ဖို႔ Fingerprint ေပၚမွာ လက္ကိုပြတ္ဆြဲျပီးသံုးရတဲ့ Swipe Scanner ေတြကို သံုးဖို႔ၾကိဳးစားခဲ့ေပမယ့္ သံုးရအဆင္မေျပလို႔ User ေတြ Complaint တက္တာ ခံခဲ့ရတယ္ (ဥပမာ Samsung Galaxy S5) ခုေနာက္ပိုင္းမွာေတာ့ Capacitive Scanner ေတြကို Navigation Key ေတြနဲ႔တြဲသံုးတာ၊ Noti Bar ဆြဲခ်တာ စသည္ျဖင့္ သံုးႏိုင္တဲ့အထိ တိုးတက္ေနပါျပီ။

 

Related image

 

– Ultrasonic Scanners

ခုခ်ိန္မွာ ေခတ္မွီျပီး Stable အျဖစ္ဆံုး Fingperint Scanner ကို ျပပါဆိုရင္ ဒီ Scanner ေတြကိုပဲ ညႊန္ျပရပါလိမ့္မယ္။ Ultrasonic Scanner နဲ႔အတူ ပထမဆံုးပြဲထြက္ခဲ့တဲ့ဖုန္းကေတာ့ Le Eco ရဲ႕ Le Max Pro ျဖစ္ပါတယ္။ Capacitive နဲ႔ကြာျခားသြားတာက သူ႔မွာ ႏွုန္းလြန္အသံလွိုင္း (Ultrasound) ကို သံုးထားတဲ့အခ်က္ပါ။ Sensor အေပၚ လက္တင္လိုက္ခ်ိန္မွာ ဖိအားေၾကာင့္ တုန္ခါမွဳထြက္ေပၚလာျပီး အဲဒီတုန္ခါမွုကတစ္ဆင့္ လက္ေဗြမွာရွိတဲ့ အမွတ္အသား၊ အေရးအေၾကာင္းေတြကို 3D Data အျဖစ္နဲ႔ သိမ္းဆည္းေပးတယ္။
သူ႔ရဲ႕အားသာခ်က္ကေတာ့ 3D Scanning ျဖစ္တာေၾကာင့္ ပိုျပီးလံုျခံဳတာ၊ ေရစို၊ ေခၽြးစိုေနလည္း သံုးႏိုင္တာ၊ Scanner မ်က္ႏွာျပင္ကို Glass, Metal, Plastic, Ceramic စသည္ျဖင့္ ၾကိဳက္ရာသံုးႏိုင္တာ စတဲ့အခ်က္ေတြပါ။

 

Related image

 

– In-Display Scanners

Leading Technology ျဖစ္လာမယ့္ ဒီ Scanner ေတြမွာလည္း Optical နဲ႔ Ultrasonic ဆိုျပီး ႏွစ္မ်ိဳးကြဲျပားေနျပန္ပါေသးတယ္။ In-Display Scanner သံုးႏိုင္ဖို႔အတြက္ အဓိကလိုအပ္ခ်က္က သံုးမယ့္ Smartphone Display ဟာ AMOLED Display ျဖစ္ေနဖို႔ပါ။

အေပၚမွာေျပာခဲ့သလို Optical Scanner ေတြဟာ အသံုးနည္းတဲ့ Technology ျဖစ္ခဲ့ေပမယ့္ Bezel Less Display ေတြ ေခတ္စားလာမွဳနဲ႔အတူ ဒီ Scanner ေတြဟာ အရင္ကထက္ ပုိေသးတဲ့အရြယ္အစားနဲ႔ Display ေတြရဲ႕ေနာက္ဘက္မွာ ေနရာရလာၾကပါတယ္။ Synaptic ဟာ သူတို႔ရဲ႕ In-Dispaly Optical Scanner ကို Vivo Apex နဲ႔အတူ Smartphone ေလာကကို ပထမဆံုးခ်ျပႏိုင္ခဲ့တယ္။ လက္ရွိ OnePlus 6T ရဲ႕ Scanner ဟာလည္း Optical Type ပါပဲ။ In-Display Scanner တစ္ခုအေနနဲ႔ အထိုက္အသင့္ျမန္ဆန္တယ္ဆိုရေပမယ့္ 2D Image ပဲ ဖမ္းယူႏိုင္တဲ့ ဒီနည္းပညာရဲ႕ Security ပိုင္းကေတာ့ ေမးခြန္းထုတ္စရာျဖစ္ေနပါေသးတယ္။

Ultrasonic In-Display Scanner ေတြကေတာ့ အေပၚမွာေျပာခဲ့တဲ့ Ultrasonic Scanner ေတြရဲ႕ ေကာင္းက်ိဳးေတြရႏိုင္မွာျဖစ္သလို 3D Image Data ေၾကာင့္ Optical Scanner ေတြထက္ ပိုျပီးလံုျခံဳေစမွာပါ။ သို႔ေပမယ့္ ကုန္က်စရိတ္ပိုၾကီးတာရယ္၊ Scan လုပ္ႏိုင္တဲ့ေနရာ ေသးငယ္တာ စတဲ့အခ်က္ေလးေတြေတာ့ရွိေနပါေသးတယ္။ 2018 မွာေတာ့ Huawei နဲ႔ Xiaomi ဖုန္းအခ်ိဳ႕မွာေတြ႔ခဲ့ရျပီး လတ္တေလာက Snapdragon 855 နဲ႔အတူ ပူပူေႏြးေႏြးေၾကျငာထားတဲ့ Qualcomm ရဲ႕နည္းပညာအသစ္ေၾကာင့္ ပိုေကာင္းတဲ့ Ultrasonic In-Display Scanner ေတြကို 2019 မွာ Samsung Galaxy Smartphone ေတြနဲ႔အတူ အေစာဆံုးျမင္ေတြ႕ရဖို႔ရွိေနပါတယ္။

ဒီေတာ့ Fingperprint Scanner ေတြဟာ Smartphone ေတြရဲ႕ Smart အျဖစ္ဆံုးအစိတ္အပိုင္းတစ္ခုျဖစ္ေနတာေၾကာင့္ Company ေတြအေနနဲ႔ ပိုေကာင္းတဲ့ Fingerprint နည္းပညာေတြနဲ႔အတူ Smartphone ေတြကို ဆက္ျပီးထုတ္လုပ္သြားဖို႔ ေသခ်ာသေလာက္ပါပဲ။ (Apple လို လက္ရွိမွာ Face ID ကို အားစိုက္ေနတဲ့ Company အေနနဲ႔လည္း In-Display Fingerprint နည္းပညာ Stable ျဖစ္လာတဲ့တစ္ခ်ိန္ Touch ID ဘက္ကို ျပန္မလွည့္လာဘူးလို႔ တပ္အပ္မေျပာႏိုင္) ဆိုေတာ့ကာ Fan ေတြအေနနဲ႔ေရာ Smartphone ေတြမွာ Fingerprint Scanner ေတြကို ဘယ္အခ်ိန္မွာ စ ျမင္ဖူးျပီး ဘယ္ဖုန္းမွာ စ သံုးဖူးခဲ့သလဲ???? Comment မွာ ဆက္ျပီးေဆြးေႏြးၾကတာေပါ့။

Unicode

တစ်ချိန်တုန်းက Smartphone တစ်လုံးပေါ်မှာ Fingerprint Scanner ပါလိုက်ပြီဆိုရင် အထင်ကြီးတဲ့အကြည့်နဲ့ ကြည့်ခံရတာမျိုး တစ်ခေတ်တစ်ခါက ရှိခဲ့ပေမယ့် ဒီဘက်ခေတ်မှာတော့ ဒါဟာ Smartphone တွေရဲ့ သမရိုးကျ Hardware တစ်ခုလိုဖြစ်နေခဲ့ပါပြီ။ Company တွေကလည်း သူတို့ဖုန်းတွေမှာ Fingerprint Scanner ကို ရှေ့၊ နောက်၊ ဘေး စသည်ဖြင့် နေရာအမျိုးမျိုးမှာ ထည့်သွင်းအသုံးပြုခဲ့ရကနေ ခုချိန်မှာတော့ Display ထဲ မြှုပ်နိုင်တဲ့အထိ တိုးတက်လာခဲ့ပြီ။ ဆိုတော့ကာ Fingerprint Scanner နဲ့ပတ်သက်ရင် Speed & Position ကိုတော့ လူတွေက တရေးတယူရှိခဲ့ကြပေမယ့် သတိမထားမိခဲ့တဲ့အချက်ကတော့ Generation အဆင့်ဆင့်ပြောင်းလဲအသုံးပြုလာခဲ့တဲ့ Fingerprint Scanner အမျိုးအစားတွေပါပဲ။

 

Image result for optical scanner

 

– Optical Scanners

Fingerprint တွေရဲ့ ကနဦးဆိုလည်း မမှားပါဘူး။ သူ့ရဲ့ အလုပ်လုပ်ပုံက Scanner ထဲမှာ Camera အသေးစားထည့်သွင်းပြီး လက်တင်လိုက်တဲ့အခါ လက်ဗွေရဲ့ ချိုင့်ခွက်၊ အခုံးနေရာတွေပေါ်လွင်အောင် Contrast များတဲ့ 2D Image အဖြစ် ရိုက်ယူသိမ်းဆည်းတာပါ။ အဲဒီအတွက် လိုအပ်တဲ့အလင်းရောင်ပေးဖို့ LED မီးလုံးအသေးတွေကို Camera နဲ့ တွဲရက်တပ်ဆင်ထားတယ်။ Optical Scanner တွေရဲ့ အားနည်းချက်က ထူပြီး နေရာအတော်ယူတာရယ်၊ Security ပိုင်းမှာ အရူးလုပ်ရလွယ်တာရယ်ကြောင့် ဖုန်းတွေမှာ သေချာမတွေ့ခဲ့ရပဲ Company တွေအနေနဲ့လည်း ပိုကောင်းတဲ့နည်းလမ်းတွေကိုသာ ရှာဖွေအသုံးပြုခဲ့ကြပါတယ်။

 

Image result for iphone 7 fingerprint

 

– Capacitive Scanners

လက်ရှိအချိန်အထိ Smartphone တွေပေါ်မှာ အသုံးအများဆုံး Fingerprint Scanner လို့ ပြောလု့ိရတယ်။ နာမည်နဲ့လိုက်အောင် သူ့မှာ Capacitor အသေးစားတွေကို အသုံးပြုပြီး သူကထုတ်လွှတ်တဲ့ လျှပ်စစ်စီးကြောင်းကနေတစ်ဆင့် လက်ဗွေကို ဖမ်းယူပါတယ်။ (လျှပ်စစ်ဆိုလို့မကြောက်ပါနဲ့၊ သူကထုတ်လွှတ်တဲ့ လျှပ်စစ်ပမာဏက မပြောပလောက်အောင် နည်းပါးပါတယ်) လျှပ်စစ်စီးမယ့် Plate ပြား (Scanner) ပေါ် လက်တင်လိုက်ရင် သူနဲ့ဆက်သွယ်ထားတဲ့ Capacitor တွေမှာ ဖြစ်ပေါ်တဲ့ လျှပ်စစ်ပမာဏပြောင်းလဲမှုကို Digital စနစ်နဲ့ ပြောင်းလဲသိမ်းဆည်းပေးတာပါ။

သူ့ရဲ့အားသာချက်ကတော့ Optical Scanner တွေထက် နေရာယူမှုနည်းပြီး ပိုတိကျတဲ့ Fingerprint ကို သိမ်းဆည်းနိုင်တာပါ။ ပြီးတော့ Electrical Signal ကို သုံးထားလို့ Screen off ထားချိန်မှာလည်း လက်တင်ရုံနဲ့ တိုက်ရိုက်အလုပ်လုပ်တယ်။ အားနည်းချက်ကတော့ ချွေးနဲ့အဆီကို Sensitive ဖြစ်တာရယ်၊ ပိုပြီးတိကျမြန်ဆန်တဲ့ Scanner ကိုလိုချင်လေ၊ Capacitor အရေအတွက် ပိုသုံးရလေမို့ ဈေးပိုများနိုင်တာရယ်ပါ။

ဒါကြောင့် ကနဦးတုန်းက Capacitor အရေအတွက်ကိုလျှော့သုံးနိုင်ဖို့ Fingerprint ပေါ်မှာ လက်ကိုပွတ်ဆွဲပြီးသုံးရတဲ့ Swipe Scanner တွေကို သုံးဖို့ကြိုးစားခဲ့ပေမယ့် သုံးရအဆင်မပြေလို့ User တွေ Complaint တက်တာ ခံခဲ့ရတယ် (ဥပမာ Samsung Galaxy S5) ခုနောက်ပိုင်းမှာတော့ Capacitive Scanner တွေကို Navigation Key တွေနဲ့တွဲသုံးတာ၊ Noti Bar ဆွဲချတာ စသည်ဖြင့် သုံးနိုင်တဲ့အထိ တိုးတက်နေပါပြီ။

 

Related image

 

– Ultrasonic Scanners

ခုချိန်မှာ ခေတ်မှီပြီး Stable အဖြစ်ဆုံး Fingperint Scanner ကို ပြပါဆိုရင် ဒီ Scanner တွေကိုပဲ ညွှန်ပြရပါလိမ့်မယ်။ Ultrasonic Scanner နဲ့အတူ ပထမဆုံးပွဲထွက်ခဲ့တဲ့ဖုန်းကတော့ Le Eco ရဲ့ Le Max Pro ဖြစ်ပါတယ်။ Capacitive နဲ့ကွာခြားသွားတာက သူ့မှာ နှုန်းလွန်အသံလှိုင်း (Ultrasound) ကို သုံးထားတဲ့အချက်ပါ။ Sensor အပေါ် လက်တင်လိုက်ချိန်မှာ ဖိအားကြောင့် တုန်ခါမှုထွက်ပေါ်လာပြီး အဲဒီတုန်ခါမှုကတစ်ဆင့် လက်ဗွေမှာရှိတဲ့ အမှတ်အသား၊ အရေးအကြောင်းတွေကို 3D Data အဖြစ်နဲ့ သိမ်းဆည်းပေးတယ်။
သူ့ရဲ့အားသာချက်ကတော့ 3D Scanning ဖြစ်တာကြောင့် ပိုပြီးလုံခြုံတာ၊ ရေစို၊ ချွေးစိုနေလည်း သုံးနိုင်တာ၊ Scanner မျက်နှာပြင်ကို Glass, Metal, Plastic, Ceramic စသည်ဖြင့် ကြိုက်ရာသုံးနိုင်တာ စတဲ့အချက်တွေပါ။

 

Related image

 

– In-Display Scanners

Leading Technology ဖြစ်လာမယ့် ဒီ Scanner တွေမှာလည်း Optical နဲ့ Ultrasonic ဆိုပြီး နှစ်မျိုးကွဲပြားနေပြန်ပါသေးတယ်။ In-Display Scanner သုံးနိုင်ဖို့အတွက် အဓိကလိုအပ်ချက်က သုံးမယ့် Smartphone Display ဟာ AMOLED Display ဖြစ်နေဖို့ပါ။

အပေါ်မှာပြောခဲ့သလို Optical Scanner တွေဟာ အသုံးနည်းတဲ့ Technology ဖြစ်ခဲ့ပေမယ့် Bezel Less Display တွေ ခေတ်စားလာမှုနဲ့အတူ ဒီ Scanner တွေဟာ အရင်ကထက် ပိုသေးတဲ့အရွယ်အစားနဲ့ Display တွေရဲ့နောက်ဘက်မှာ နေရာရလာကြပါတယ်။ Synaptic ဟာ သူတို့ရဲ့ In-Dispaly Optical Scanner ကို Vivo Apex နဲ့အတူ Smartphone လောကကို ပထမဆုံးချပြနိုင်ခဲ့တယ်။ လက်ရှိ OnePlus 6T ရဲ့ Scanner ဟာလည်း Optical Type ပါပဲ။ In-Display Scanner တစ်ခုအနေနဲ့ အထိုက်အသင့်မြန်ဆန်တယ်ဆိုရပေမယ့် 2D Image ပဲ ဖမ်းယူနိုင်တဲ့ ဒီနည်းပညာရဲ့ Security ပိုင်းကတော့ မေးခွန်းထုတ်စရာဖြစ်နေပါသေးတယ်။

Ultrasonic In-Display Scanner တွေကတော့ အပေါ်မှာပြောခဲ့တဲ့ Ultrasonic Scanner တွေရဲ့ ကောင်းကျိုးတွေရနိုင်မှာဖြစ်သလို 3D Image Data ကြောင့် Optical Scanner တွေထက် ပိုပြီးလုံခြုံစေမှာပါ။ သို့ပေမယ့် ကုန်ကျစရိတ်ပိုကြီးတာရယ်၊ Scan လုပ်နိုင်တဲ့နေရာ သေးငယ်တာ စတဲ့အချက်လေးတွေတော့ရှိနေပါသေးတယ်။ 2018 မှာတော့ Huawei နဲ့ Xiaomi ဖုန်းအချို့မှာတွေ့ခဲ့ရပြီး လတ်တလောက Snapdragon 855 နဲ့အတူ ပူပူနွေးနွေးကြေငြာထားတဲ့ Qualcomm ရဲ့နည်းပညာအသစ်ကြောင့် ပိုကောင်းတဲ့ Ultrasonic In-Display Scanner တွေကို 2019 မှာ Samsung Galaxy Smartphone တွေနဲ့အတူ အစောဆုံးမြင်တွေ့ရဖို့ရှိနေပါတယ်။

ဒီတော့ Fingperprint Scanner တွေဟာ Smartphone တွေရဲ့ Smart အဖြစ်ဆုံးအစိတ်အပိုင်းတစ်ခုဖြစ်နေတာကြောင့် Company တွေအနေနဲ့ ပိုကောင်းတဲ့ Fingerprint နည်းပညာတွေနဲ့အတူ Smartphone တွေကို ဆက်ပြီးထုတ်လုပ်သွားဖို့ သေချာသလောက်ပါပဲ။ (Apple လို လက်ရှိမှာ Face ID ကို အားစိုက်နေတဲ့ Company အနေနဲ့လည်း In-Display Fingerprint နည်းပညာ Stable ဖြစ်လာတဲ့တစ်ချိန် Touch ID ဘက်ကို ပြန်မလှည့်လာဘူးလို့ တပ်အပ်မပြောနိုင်) ဆိုတော့ကာ Fan တွေအနေနဲ့ရော Smartphone တွေမှာ Fingerprint Scanner တွေကို ဘယ်အချိန်မှာ စ မြင်ဖူးပြီး ဘယ်ဖုန်းမှာ စ သုံးဖူးခဲ့သလဲ???? Comment မှာ ဆက်ပြီးဆွေးနွေးကြတာပေါ့။

Photos from internet.

Htet Oo Naing