fbpx

This is digital planet.

Articles

Smartphone Camera တွေပေါ်က အသုံးအများဆုံး Ratio တွေအကြောင်း

Display ဆို FullView ဖြစ်မှဆိုတဲ့ Customer တွေရဲ့ Demand ကို Company တွေဘက်က ဖြည့်ဆည်းနိုင်ဖို့ကြိုးစားကြရင်း Display Ratio တွေဟာ 18:9, 19.5:9, ခုနောက်ဆုံး Sony Xperia 1 ရဲ့ 21:9 အဆင့်အဆင့်ပြောင်းလဲလာခဲ့တယ်။ သို့ပေမယ့် ကိုယ့်ဖုန်းနဲ့ရိုက်တဲ့ပုံတွေကို ပြန်ကြည့်တဲ့အခါမျိုးမှာ Display အပြည့်မပေါ်တာကို Camera အရိုက်များတဲ့သူတွေ သတိထားမိကြမယ်ထင်ရဲ့။ ဆိုတော့ 4:3 လို့ခေါ်တဲ့ ဒီ Image Ratio ဟာ ဘာကြောင့် ဒီဘက်ခေတ် Smartphone တွေရဲ့ Standard Ratio အဖြစ် ဆက်ရှိနေသေးလဲဆိုတာကို ဒီ Article နဲ့ ရှင်းပြသွားပါ့မယ်။

Related image

4:3 Ratio

TV တွေ Monitor တွေပေါ်မှာတော့ ဒီ Ratio ကို Standard Definition (SD) Resolution လို့ခေါ်တဲ့ 480p နဲ့အတူ စပြီးလူသိများခဲ့တယ်။ လက်ရှိအချိန်မှာ 4:3 သုံးတဲ့ လူသိအများဆုံး IT Device ကို ပြပါဆိုရင် Apple ရဲ့ iPad တွေကို ဥပမာပေးရပါလိမ့်မယ်။ ဆိုပေမယ့် Smartphone Camera တွေမှာ ဒီ Ratio ကို အသုံးများရခြင်း အဓိအကြောင်းရင်းကတော့ Display Size ကြောင့်မဟုတ်ပဲ အသုံးများတဲ့ 12 MP Sensor တွကြောင့်ဖြစ်နေတယ်။ ဆိုတော့ ဒီနေရာမှာ နားလည်လွယ်အောင် သင်္ချာနဲနဲ တွက်ကြတာပေါ့။

Image result for megapixel resolution

Mega ဆိုတာ 10 Power 6 ဖြစ်တာကြောင့် 12 Megapixel ဆိုတာ Pixel ပေါင်း 12 Millions ပါတဲ့ အစုအဝေးလို့ ပြောလို့ရပါတယ်။ အဲဒီ 12 Million Pixels ကို အလျား၊ အနံခွဲလိုက်ရင် 4000×3000 pixels (4:3) Ratio ကို ရတယ်။ ဒါကြောင့် 12 MP Camera တစ်လုံးကနေ Image Resolution အပြည့်အဝရချင်တယ်ဆိုရင် 4:3 Ratio ကို သုံးကြရတာပါ။ တခြား 10, 16, 20 စသည် MP Camera အမျိုးမျိုးသုံးကြတဲ့ဖုန်းတွေရှိကြပေမယ့်လည်း လက်ရှိအချိန်အထိ 12 MP အသုံးများတဲ့ Smartphone နယ်ပယ်မှာတော့ 4:3 ဟာ Standard Ratio တစ်ခုအဖြစ် ရှိနေဆဲပါပဲ။

Image result for 16:9 phone

16:9 Ratio

ဒီ Ratio ကိုတော့ High Definition (HD) Resoultion လို့ လူသိများတဲ့ 720p နဲ့အတူ စပြီးရင်းနှီးခဲ့ကြသလို 720p, 1080p Display တွေအသုံးများတဲ့ Smartphone တွေပေါ်မှာ အသုံးအများဆုံး Display Ratio တစ်ခုဖြစ်ခဲ့တယ်။ (FullView တွေ မပေါ်ခင်အထိပေါ့) ဒါဆို Phone Camera တွေမှာရော ဒီ Ratio ဟာ ဘာလို့ Standard Ratio ဖြစ်မလာခဲ့သလဲ?

တကယ်တော့ Smartphone Camera App တွေမှာ 16:9 Ratio နဲ့ ရိုက်နိုင်မယ့် Option ပါပါတယ်။ သို့ပေမယ့် 16:9 Ratio အနေအထားဟာ 12 MP Camera ရဲ့ Resoultion ကို အပြည့်အဝရနိုင်ဖို့အဆင်မပြေလှပါဘူး။ ဒီအတွက် 16:9 Ratio နဲ့ ရိုက်တဲ့အခါ 4:3 ဓာတ်ပုံတွေရဲ့ အပေါ်၊ အောက်ဘောင်တွေကို ဖြတ်ထုတ်လိုက်ရတာကြောင့် Final Image Resolution ဟာ 9 MP ပဲ ကျန်တော့တာ တွေ့ရပါလိမ့်မယ်။ (16 MP Camera မှာဆို 12 MP ကို ရမှာပေါ့) ဆိုတော့ ကိုယ့် Camera ရဲ့ Full Image Quality ကို ရချင်သူတွေအတွက် 16:9 ဟာ သိပ်အဆင်မပြေဘူးပေါ့။ ဒါပေမယ့် Video ရိုက်ကူးတဲ့အခါမှာတော့ 16:9 ဟာ အသုံးများတဲ့ Image Ratio ဖြစ်နေဆဲပါပဲ။

Related image

ကိုယ့်စိတ်ကြိုက် Ratio ကိုပြောပါဆိုရင်တော့ 4:3 ထက် Laptop တို့လို Monitor တွေပေါ်မှာ ပိုအဆင်ပြေမယ့် 16:9 Ratio ကို ပို Prefer ဖြစ်မိပေမယ့် လက်ရှိ 12 MP Smartphone Camera တွအတွက်တော့ ဒီ Ratio ဟာ ထင်သလောက်အဆင်မပြေနိုင်သေးဘူးလို့ ယူဆမိတယ်။ တကယ်လို့များ Smartphone တွေမှာ 16 MP နဲ့အထက် Camera တွေအသုံးများလာခဲ့ရင်တော့ Image Ratio တွေကို ခုထက်ပိုပြီး Display တွေနဲ့ကိုက်ညီအောင် ပြောင်းလဲလာနိုင်ခြေရှိတယ်လို့ တွေးမိပါကြောင်း….