fbpx

This is digital planet.

LGTech News

Smartwatch Display တွေကို Speaker အဖြစ်သုံးနိုင်ဖို့ ကြိုးစားနေတဲ့ LG

LG GQ ThinQ နဲ့ပတ်သက်ပြီး စိတ်ဝင်စားသူတွေကတော့ အဲဒီဖုန်းမှာ LG သုံးခဲ့တဲ့ “Crystal Sound OLED” လို့ခေါ်တဲ့ နာမည်နဲ့ အကျွမ်းတဝင်ရှိကြမှာပါ။ Display ပေါ်မှာ တုန်ခါမှုကိုဖြစ်စေပြီး အသံထုတ်လွှင့်ပေးတဲ့ ဒီနည်းပညာဟာ Xiaomi ရဲ့ Mix Series, Meizu ရဲ့ Portless Concept ဖြစ်တဲ့ Meizu Zero တို့မှာ အရင်အသုံးပြုခဲ့ပေမယ့် LG ကတော့ ဒီနည်းပညာကို ခုထက်ပိုပြီးအသုံးတည့်အောင် ဖန်တီးချင်ပုံရတယ်။

မတ်လ ၆ ရက်နေ့ကမှ တင်သွင်းခဲ့တဲ့ LG ရဲ့နည်းပညာမူပိုင်းခွင့်မှာ “Display Speaker” ကို ရည်ညွှန်းတဲ့ အသုံးနှုန်းတစ်ချို့ကို မြင်တွေ့ခဲ့ရပါတယ်။ ဒီ Category အောက်မှာ “လက်ပတ်နာရီအဖြစ်သုံးနိုင်မယ့် Smartphone များ” “Audio Amplifiers အဖြစ်သုံးနိုင်မယ့် OLED Display” စတဲ့အသုံးနှုန်းတစ်ချို့ ပါဝင်လာခဲ့ပါတယ်။

ဒီအချက်တွေအရ LG ဟာ လက်ပတ်နာရီအဖြစ်ဝတ်ဆင်နိုင်မယ့် Flexible Smartphone တွေထုတ်လုပ်ဖို့ပြင်ဆင်လာနိုင်သလို အဲဒီ Smartwatch တွေရဲ့ Audio ပိုင်းအတွက် LG G8 ThinQ မှာလို Display ကို Speaker အဖြစ်သုံးနိုင်ဖို့လည်း ဖန်တီးလာနိုင်ပါတယ်။ အရင်က LG TV တစ်ချို့မှာလည်း Display Speaker ကိုထည့်သွင်းအသုံးပြုခဲ့ဖူးတာကြောင့် ဒီနည်းပညာကို Smartphone တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြုပြင်အသုံးပြုလာနိုင်ခြေများပါတယ်။

ဒါတင်မကပဲ တစ်ချိန်တည်းမှာ LG အနေနဲ့ Camera ကို နာရီလက်ပတ်ကြိုးမှာ တပ်ဆင်အသုံးပြုနိုင်မယ့် နည်းပညာကိုလည်း မူပိုင်ခွင့်တင်ထားတာမြင်တွေ့ရပါတယ်။ ဒီနည်းပညာတွေကို လက်တွေ့အသုံးချနိုင်ဖို့ အချိန်တစ်ခုစောင့်ရဦးမှာဆိုပေမယ့် ဒီသတင်းတွေအတိုင်းသာဆိုရင် LG ကတော့ လက်ရှိမအောင်မြင်တဲ့ သူတို့ရဲ့ Smartphone ဈေးကွက်ကို ပြန်လည်ဦးမော့လာဖို့ ကြိတ်ပြီးပြင်ဆင်နေတယ်ဆိုတာ သေချာနေပါပြီ။

Ref: Gizchina