fbpx

This is digital planet.

Tech NewsXiaomi

Snapdragon 660 သံုးထားတဲ့ Redmi Note 5 ကို Geekbench မွာေတြ႕ရိွ

Zawgyi

Android Pie ေမာင္းႏွင္ထားတဲ့ Redmi Note 5/Pro တို႕ကို Geekbench မွာျမင္ေတြ႕ခဲ့ရၿပီး အျခား Snapdragon 660 SoC လည္းပါဝင္လာခဲ့

Redmi Note 5 Pro ကိုစတင္မိတ္ဆက္စဥ္က Android 7.1.2 Nougat ပါဝင္ခဲ့ၿပီး ေနာက္ ၆ လ အၾကာမွာေတာ့ Andriod 8.1 Oreo ကို Update ေပးခဲ့ပါတယ္။ Redmi Note 5 Pro အတြက္ေနာက္ဆံုးထြက္ရွိခဲ့တဲ့ Major Update မွာေတာ့ Android Oreo ကိုပဲ အေျခခံထားတဲ့ MIUI 10 ထြက္ရွိလာခဲ့ပါကာ အခုေနာက္ထြက္ရွိလာမဲ့ Update မွာေတာ့ Android 9 Pie ရရွိေတာ့မယ္လို႕သိရပါတယ္။

ဒီေန႕မွာေတာ့ Android 9 နဲ႕ေမာင္းႏွင္ထားတဲ့ Redmi Note 5 နဲ႕ Redmi Note 5 Pro တို႕ကို Geekbench မွာျမင္ေတြ႕ခဲ့ရပါတယ္။ ဒါေၾကာင့္ Xiaomi အေနနဲ႕ အဆိုပါဖုန္းေတြမွာ Update ရရွိဖို႕လုပ္ေဆာင္ေနပါတယ္။

Geekbench မွာေတာ့ Redmi Note 5 / Redmi Note 5 Pro တို႕ရဲ႕ Android Pie ကိုသာျမင္ေတြ႕ခဲ့ရတာမဟုတ္ပဲ Snapdragon 660 Processor သံုးထားတဲ့ Redmi Note 5 Pro ကိုလည္းျမင္ေတြ႕ခဲ့ရပါတယ္။ Redmi Note 5 Pro အေနနဲ႕ စတင္ထြက္ရွိစဥ္က Snapdragon 636 နဲ႔ျဖစ္ၿပီး သူရဲ႕ မ်ဳိးဆက္ Redmi Note 6 Pro မွာလည္း Snapdragon 636 ပဲသံုးထားတာျဖစ္ပါတယ္။ ဒါေၾကာင့္ Snapdragon 660 ကို သံုးထားတဲ့ Redmi Note 5 Pro ကေတာ့ ပထမဆံုးျမင္ေတြ႕ခဲ့ရပါတာျဖစ္ပါတယ္။

Geekbench ရဲ႕ ေဖာ္ျပခဲ့တဲ့ Redmi Note 5 Pro ရဲ႕ frequency ဟာ အျခား Snapdragon 660 သံုးထားတဲ့ Mi 8 Lite နဲ႕ Mi A2 တို႕ရဲ႕ frequency နဲ႕လည္းဆင္တူေနတဲ့အတြက္မွားႏိုင္စရာေတာ့မရွိပါဘူး ။ သို႕ေသာ္လည္း ရမွတ္အေနနဲ႕ နည္းပါးပါတယ္။ Geekbench မွာေဖာ္ျပခဲ့တဲ့ Redmi Note 5 Pro မွာေတာ့ RAM 3 GB နဲ႕ Android 8.1 Oreo ကိုေမာင္းႏွင္ထားပါတယ္။

Unicode

Android Pie မောင်းနှင်ထားတဲ့ Redmi Note 5/Pro တို့ကို Geekbench မှာမြင်တွေ့ခဲ့ရပြီး အခြား Snapdragon 660 SoC လည်းပါဝင်လာခဲ့

Redmi Note 5 Pro ကိုစတင်မိတ်ဆက်စဉ်က Android 7.1.2 Nougat ပါဝင်ခဲ့ပြီး နောက် ၆ လ အကြာမှာတော့ Andriod 8.1 Oreo ကို Update ပေးခဲ့ပါတယ်။ Redmi Note 5 Pro အတွက်နောက်ဆုံးထွက်ရှိခဲ့တဲ့ Major Update မှာတော့ Android Oreo ကိုပဲ အခြေခံထားတဲ့ MIUI 10 ထွက်ရှိလာခဲ့ပါကာ အခုနောက်ထွက်ရှိလာမဲ့ Update မှာတော့ Android 9 Pie ရရှိတော့မယ်လို့သိရပါတယ်။ဒီနေ့မှာတော့ Android 9 နဲ့မောင်းနှင်ထားတဲ့ Redmi Note 5 နဲ့ Redmi Note 5 Pro တို့ကို Geekbench မှာမြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့် Xiaomi အနေနဲ့ အဆိုပါဖုန်းတွေမှာ Update ရရှိဖို့လုပ်ဆောင်နေပါတယ်။

Geekbench မှာတော့ Redmi Note 5 / Redmi Note 5 Pro တို့ရဲ့ Android Pie ကိုသာမြင်တွေ့ခဲ့ရတာမဟုတ်ပဲ Snapdragon 660 Processor သုံးထားတဲ့ Redmi Note 5 Pro ကိုလည်းမြင်တွေ့ခဲ့ရပါတယ်။ Redmi Note 5 Pro အနေနဲ့ စတင်ထွက်ရှိစဉ်က Snapdragon 636 နဲ့ဖြစ်ပြီး သူရဲ့ မျိုးဆက် Redmi Note 6 Pro မှာလည်း Snapdragon 636 ပဲသုံးထားတာဖြစ်ပါတယ်။ ဒါကြောင့် Snapdragon 660 ကို သုံးထားတဲ့ Redmi Note 5 Pro ကတော့ ပထမဆုံးမြင်တွေ့ခဲ့ရပါတာဖြစ်ပါတယ်။

Geekbench ရဲ့ ဖော်ပြခဲ့တဲ့ Redmi Note 5 Pro ရဲ့ frequency ဟာ အခြား Snapdragon 660 သုံးထားတဲ့ Mi 8 Lite နဲ့ Mi A2 တို့ရဲ့ frequency နဲ့လည်းဆင်တူနေတဲ့အတွက်မှားနိုင်စရာတော့မရှိပါဘူး ။ သို့သော်လည်း ရမှတ်အနေနဲ့ နည်းပါးပါတယ်။ Geekbench မှာဖော်ပြခဲ့တဲ့ Redmi Note 5 Pro မှာတော့ RAM 3 GB နဲ့ Android 8.1 Oreo ကိုမောင်းနှင်ထားပါတယ်။

Source