fbpx

This is digital planet.

ArticlesQualcomm

Snapdragon 675 ဆိုတာ

Snapdragon 675 ဟာ 2018 နှစ်ကုန်ပိုင်းလောက်မှာ Qualcomm ကနေ Snapdragon 6150 ဆိုတဲ့နာမည်နဲ့မိတ်ဆက်ခဲ့တဲ့ Mid-range SOC ဖြစ်ပြီး Snapdragon 660 ရဲ့ Successor ဆိုရင်လဲ မမှားပါဘူး။ မကြာခင် 2019 ဖုန်းတွေမှာ မြင်တွေ့လာရဖို့ရှိနေတဲ့ ဒီ Chipset ဟာ သူ့နောင်တော်တွေထက် ဘယ်လိုတိုးတက်ပြောင်းလဲမှုတွေရှိလာသလဲ ဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

SD 660 နဲ့ယှဉ်ရင် ပထမဆုံးတိုးတက်လာတာက သူ့ရဲ့ Architecture ပါ။ SD 660 မှာ 14nm သုံးခဲ့ရာကနေ SD675 မှာ 11nm ဖြစ်လာတယ်။ ဆိုလိုတာက Power-efficient ပိုဖြစ်လာမယ့်သဘောပါ။

နောက်တစ်ချက်က သူ့ CPU ပါ။ SD 675 မှာ Octa-core CPU ကို 2x Kyro 460 Gold & 6x Kyro 460 Silver (2+6) ပုံစံ ဖွဲ့စည်းထားပါတယ်။ ထူးခြားသွားတာက သူ့ရဲ့ CPU Generation ပါ။ SD 660 တုန်းက Kyro 260 Gold & Silver (Cortex 72 & 52) ကနေ Kyro 460 Gold & Silver (Cortex A-76 & 55) အဖြစ် ပြောင်းလဲလာတာပါ။ Maximum Clockspeed ကိုတော့ 2.0 GHz အထိ အထောက်အပံ့ပေးထားတယ်။ ဒါကြောင့် Performance နဲ့ Battery ပိုင်း ပြောင်းလဲတိုးတက်မှုကို မြင်ရနိုင်ပါတယ်။

သူ့မှာသုံးထားတဲ့ Adreno 612 ဟာ SD 660 (Adreno 512) နဲ့ SD 710 (SD 616) ကြားမှာရှိမယ်လို့ ခန့်မှန်းရပါတယ်။ (GPU အသေးစိတ်ကိုတော့ ဖော်ပြထားခြင်းမရှိသေး) တခြားအချက်တွေအနေနဲ့ Dual Spectra 250 ISP, Hexagon 685 DSP ပါလာတာ၊ X12 Modem ပါဝင်လာတာ၊ L3 Cache အထိပါလာတာ စတဲ့ Minor Changes လေးတွေ ပါဝင်လာခဲ့ပါတယ်။ SD 675 ရဲ့ Maximum Screen Resolution အနေနဲ့ Full HD+ အထိ Support ပေးပါလိမ့်မယ်။

နောက်ဆုံးသိသာတဲ့ထူးခြားချက်ကတော့ သူ့ရဲ့ Camera Support ပါ။ သူ့မှာ 16MP Dual Camera Support အပြင် 48MP Snapshot ကိုပါ Officially Support ပေးထားတယ်။ ဆိုတော့က True 48MP လို့ကြွေးကြော်ထားတဲ့ Sony ရဲ့ IMX 586 Sensor နဲ့ ပူးတွဲသုံးနိုင်ဖို့များ ရည်ရွယ်ပြီးထုတ်သလားလို့တောင် သံသယဝင်မိတယ်။ SD 675 ကို ပထမဆုံးသုံးထားတဲ့ဖုန်းကတော့ မနေ့တစ်နေ့က CES 2019 မှာ ကြေငြာသွားခဲ့တဲ့ Hisense ရဲ့ U30 ပါ။ SD 675 အပြင် 48MP Samsung ISOCELL GM1 Sensor, Punch Hole Display with 20MP Selfie Camera, 4500 mAh Battery with QC 4.0 support, Android 9 with Vision UI 6, 128 GB Storage with 6/8 GB RAM စတဲ့ Spec တွေကတော့ အားရစရာပါ။ မနေ့ကမိတ်ဆက်သွားခဲ့တဲ့ Redmi Note 7 ကလည်း Pro Version ကို 48 MP, Sony IMX 586 နဲ့ပွဲထုတ်သွားမယ်ကြေငြာသွားပြီး အသေးစိတ်ကို ပြောမသွားလေတော့ Snapdragon 675 သုံးတဲ့ ဒုတိယမြောက် Mid-range ဖုန်းတစ်လုံးဖြစ်လာမလားဆိုတာကတော့ ရင်ခုန်စရာကောင်းနေပါတော့တယ်။