fbpx

This is digital planet.

LenovoTech News

Snapdragon 678 SoC အသစ်နဲ့ Android Pie တို့ပါဝင်လာမဲ့ Lenovo Z5s

Zawgyi






Unicode

Snapdragon 678 SoC အသစ်နဲ့ Andriod Pie တို့ပါဝင်လာမဲ့ Lenovo Z5s

တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Lenovo မှ Z5 နဲ့ Z5 Pro မိတ်ဆက်ခဲ့ပြီး မကြာခင်မှာပဲ Z5-series ရဲ့နောက်ထပ် စမတ်ဖုန်းတစ်ခုဖြစ်တဲ့ Z5S ကို လာမဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့မှာမိတ်ဆက်ပေးမယ်လို့လည်းအတည်ပြုပေးထားပါတယ်။

အခုအချိန်မှာတော့ အဆိုပါဖုန်းအတွက် ပိုစတာအသစ်များထွက်ရှိလာခဲ့ကာ Android နောက်ဆုံး Version ဖြစ်တဲ့ 9 Pie နဲ့ထွက်ရှိလာမယ်လို့သိရပြီး Qualcomm ရဲ့ Processor အသစ် Snapdragon 678 ကိုအသုံးပြုလာမယ်လို့လည်းသိရပါတယ်။

ဒီအသစ်ထွက်ရှိလာမဲ့ Qualcomm ရဲ့ Snapdragon 678 Chipset ရဲ့အကြောင်းကိုတော့မသိရှိရသေးပဲ Mid-range chipset တစ်ခုဖြစ်လာဖို့ရှိပြီး AI နဲ့ Photography ပိုင်းကို အဓိက အထူးပြုလာဖို့ရှိပါတယ်။ Lenovo Z5 ရဲ့နောက်မှာပါဝင်တဲ့ S ဟာ Speed , Shoot နဲ့ Sexy တို့ကိုကိုယ်စားပြုတာဖြစ်တာဖြစ်ပါတယ်။

ဒီစမတ်ဖုန်းကိုတော့ 6.3-inch Full HD+ IPS LCD Display နဲ့ ထွက်ရှိလာဖို့ရှိကာ Screen Resolution 2240 x 1080 pixels ရှိမယ်လို့လည်းသိရပါတယ်။ ဒီစမတ်ဖုန်းမှာ ထူးခြားချက်အနေနဲ့ Samsung Galaxy A8s လို့ပဲ ရှေ့ကင်မရာ ကို Screen ပေါ်မှာ အပေါက်ဖောက်ပြီး ထည့်သွင်းထားမှာဖြစ်ပြီး A8s လို့မျိုးအပေါ်ထောင့်မှမဟုတ်ပဲ Display ရဲ့ အပေါ်အလည်တည့်တည့်မှာတပ်ဆင်ထားတာပါ။ ကင်မရာ ကိုတော့ 13MP + 5MP + 2MP ဆိုပြီး ကျောဘက် ကင်မရာ ၃ လုံးနဲ့ထွက်ရှိလာမှာဖြစ်ပြီး ရှေ့ကင်မရာ ကိုတော့ 8MP ပါဝင်မှာဖြစ်ပါတယ်။

Lenovo Z5S ကိုတော့ လက်ရှိ ခေတ်စားနေတဲ့ In-Display Fingerprint Sensor နဲ့ထွက်ရှိလာဖို့မျှော်လင့်ရပြီး ဘက်ထရီ 3210 mAh ပါဝင်မှာဖြစ်ပြီး Qualcomm ရဲ့ Quick Charge 3.0 18W Fast Charging စနစ်နဲ့ထောက်ပံ့ပေးထားမှာလည်းဖြစ်ပါတယ်။

Source