fbpx

This is digital planet.

RedmiTech News

Snapdragon 730G အသုံးပြုလာမယ့် Redmi Note 8 Pro မကြာခင်မှာထွက်ရှိလာနိုင်

အရင်တုန်းက Xiaomi ဟာ Redmi Note 4 ကို မတူညီတဲ့ Processors နှစ်ခုနဲ့ မိတ်ဆက်ခဲ့ပါတယ်။ အစက Helio X20 processor တစ်ခုနဲ့ မိတ်ဆက်ခဲ့ပြီး လအနည်းငယ်အကြာမှာတော့ Snapdragon 625 ပါ၀င်တဲ့ version ကို မိတ်ဆက်ခဲ့ပါတယ်။ အဲ့ပုံစံအတိုင်း Redmi Note 8 Pro မှာ ဖြစ်လာနိုင်ခြေရှိနေပါတယ်။

Image result for redmi note 8 pro"

Redmi Note 8 Pro မှာ MediaTek Helio G90T Processor ကိုအသုံးပြုပေးထားပါတယ်။ Redmi Note 8 Pro စထွက်လာတော့ Processor ဟာ MediaTek ကဖြစ်တာ‌ကြောင့် အများက ယုံကြည်မှုမရှိခဲ့ကြပါဘူး။ ဒါပေမယ့် Reviews တွေမှာ ထို Processor ဟာ သူလုပ်နိုင်တာထက် ပိုကောင်းအောင်‌လုပ်‌နိုင်ကြောင်းပြောကြတာကို တွေ့ရပါတယ်။ အခု ထွက်ပေါ်လာတဲ့ သတင်းအသစ်အရ ဖုန်းမှာ Snapdragon 730G version ထွက်လာမယ့် အကြောင်းဖော်ပြထားပါတယ်။

ထိုသတင်းဟာ Xiaomishka (@xiaomishka) ရဲ့ Twitter မှာ တင်ထားတဲ့ Tweet ကနေသိရပါတယ်။ Tweet အရ Model numbers M1912G7BE နဲ့ M1912G7BC ရှိတဲ့ Xiaomi ဖုန်းတွေဟာ China Communications Commission (3C) ရဲ့ စာရင်းထဲမှာပေါ်ထွက်လာခဲ့ပါတယ်။ Model number တစ်ခုဟာ Qualcomm ရဲ့ Snapdragon 730G processor ကိုသုံးထားတဲ့ Redmi Note 8 Pro ပဲဖြစ်ပါတယ်။

Redmi Note 8 Pro Snapdragon 730G version ကတော့ ကောင်းတဲ့ ချီးမြောက်မှုတွေရလာနိုင်ပါတယ်။ ဖုန်းဟာ OPPO Reno 2 ၊ Realme X2 နဲ့ Realme XT 730G version ဖုန်းတွေလို ရွေးချယ်စရာဖုန်းတစ်ခုဖြစ်လာနိုင်ပါတယ်။

Xiaomishka ဟာ သူ့ Tweet ထဲမှာ Model number M1911U2E ရှိတဲ့ Redmi K30 5G နဲ့ MediaTek processor ဟာ December မှာ မိတ်ဆက်လာမယ့်လို့ ထည့်ပြောထားပါသေးတယ်။ ဖုန်းဟာ standalone နဲ့ non-standalone 5G networks နှစ်မျိုးစလုံး‌ကိုထောက်ပံ့လာမှာပါ။ Redmi K30 ဟာ Galaxy S10+ နဲ့တူတဲ့ Dual cameras အတွက် Punch Hole တစ်ခုပါတဲ့ display ပါ၀င်လာနိုင်ပါတယ်။

Ref: Gizmochina