fbpx

This is digital planet.

Tech NewsVivo

Snapdragon 765G Chipset သုံးထားတဲ့ Vivo ဖုန်းတစ်လုံး Geekbench ပေါ်မှာထွက်ပေါ်လာ

Snapdragon 765G Chipset ဟာ Redmi K30 5G နဲ့ OPPO Reno3 5G တို့မှာပါ၀င်ထားပြီးပီဖြစ်ပါတယ်။ မကြာခင် ထွက်ရှိမည့် Realme X50 5G မှာလည်း Snapdragon 765G Chipset ကိုအသုံးပြုလာမှာပါ။ နောက်ထပ် Vivo ကနေ ထို Chipset ကိုအသုံးပြုလာမယ့် ဖုန်းတစ်လုံး ထွက်လာဖို့ရှိနေပါတယ်။

Snapdragon 765G သုံးထားတဲ့ Model နံပါတ် V1963A ရှိတဲ့ Vivo ဖုန်းတစ်လုံးဟာ Geekbench မှာပေါ်ထွက်လာခဲ့ပါတယ်။ ဖုန်းဟာ RAM 6 GB ရှိပြီး Android 10 ကို Run ပေးထားပါတယ်။

Vivo V1963A Geekbench

ထွက်ပေါ်လာတဲ့ Benchmark အရ ဖုန်းမှာ Single-Core Score 2129 Points ရှိပြီး Multi-Core Score 5279 Points ရှိပါတယ်။ Reno 3 Pro 5G နဲ့ယှဉ်ရင် ထို Scores တွေဟာ တော်တော်လေးနည်းပါတယ်။ ဒါပေမယ့် Processor ကိုယှဉ်လိုက်ရင်တော့ Chipset အတူတူကိုသုံးပေးထားပါတယ်။

ထို Vivo ဖုန်းဟာ ဘယ် Series အောက်မှာထွက်လာမယ်လို့သေချာမသိရသေးပါဘူး။ ဒါပေမယ့် တရုတ် Blogger @Digital Chat Station အရ ဖုန်းဟာ S ဒါမှမဟုတ် Z series အောက်မှာရှိလာမယ်လို့ သိရပါတယ်။

မကြာသေးခင်က Vivo အနေနဲ့ X30 နဲ့ X30 Pro တို့ကိုမိတ်ဆက်ခဲ့ပါတယ်။ ဖုန်းနှစ်လုံးစလုံးဟာ 5G ထောက်ပံ့ပေးထားပြီး Exynos 980 Processor ပါတဲ့ဖုန်းတွေဖြစ်ကြပါတယ်။ အခု Snapdragon 765G Chipset သုံးထားတဲ့ဖုန်းကို Vivo ဟာ အခု January လမှာ Surprise အနေနဲ့ ထုတ်လာဖို့ရှိနေပါတယ်။

Ref: Gizmochina