fbpx

This is digital planet.

QualcommTech News

Snapdragon 768G Processor ကို Qualcomm ကြေညာလိုက်ပြီ

Snapdragon 768G အကြောင်း မပြောခင် ကျွန်တော်တို့ စမတ်ဖုန်း လောက ဘယ်လို ဖြစ်နေလဲ အရင်ဆုံး သုံးသပ်ကြည့်တာပေါ့။

ခေတ်ကိုက ပြိုင်ဆိုင်မှု အားကောင်းနေတယ်…

ဆိုကြပါစို့ Quarter တစ်ခု (သုံးလတာကလာ) မှာကိုပဲ အစုံစုံသော Brand တို့ရဲ့ အမျိုးမျိုးသော စမတ်ဖုန်းတွေ Action ကား ဆန်ဆန် ပြောရရင် Non-stop ကို ဖြစ်နေတယ်။

Villain ဘယ်သူမှန်း ပါဝင်တာ မရှိပေမယ့် ဘယ်လက်နက် Equip လုပ်ရင်တော့ ပိုကြမ်းမယ်…

အယ်…ဒီကြားထဲ Spy တွေက သတင်းရရင် ကြားဖြတ်ခုတ်မယ်၊ ပွဲစားတွေကို အကြပ်ကိုင်ပြီး မရရအောင် အရင်ယူမယ်။

Smartphones

Image: HugTechs

ဒီလို Playground ပုံစံမျိုး ဖြစ်နေတဲ့ စမတ်ဖုန်း စျေးကွက်ကြီးဟာလည်း မသိရင်ပဲ Up-to-date ဖြစ်နေပြီး ဖုန်းကဖြင့် ထွက်မယ် မကြံသေးဘူး 100% Sure ဖြစ်နေတဲ့ပုံစံမျိုး လုပ်နေသူတွေ ရှိပါတယ်။

ဘယ်သူ့ လက်ချက်ဆိုတာကို ရုပ်ရှင်မှာ အကောင်ထည် မပြရင် မသိရပေမယ့် စမတ်ဖုန်း လောကမှာတော့ နာမည်တပ်ပြီး ကြေညာနေပါပြီ။

2020 မေလအတွင်းမှာပဲ MediaTek နဲ့ Qualcomm တို့ရဲ့ Dimensity Chip နဲ့ Snapdragon SoC အသစ် ကြေတောင် မကြေညာရသေးဘူး ဖုန်းမော်ဒယ်သစ်မှာ သုံးမယ် တတွတ်တွတ် ပြောနှင့်နေပါပြီ။

ပြောရင်တော့ ဆားမပါတဲ့ ပဲဟင်းရည် တစ်ခွက်လို Feel ကျဲတယ်ပေ့ါဗျာ…ဒါမယ့်လည်း ခေတ်ကိုက အသွင်ပြောင်းနေသလို လက်ဦးထားမှ စျေးကွက်ဦးမှာကိုး…

ကျွန်တော်ဆိုလိုတာ

ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ Dimensity 1000+ ကို iQOO စမတ်ဖုန်းသစ်မှာ အသုံးပြုလာမယ့် ကြေညာခဲ့သလို 768G သုံးမယ်လို့ မထွက်ခင် ကတည်းက မီးစိမ်းပြနေတာ K30 5G Racing Edition ပါ။

အဆိုပါ စမတ်ဖုန်းကို မေလ (၁၁) ရက်နေ့မှာ မိတ်ဆက်မယ်လို့ အသိပေးထားတာ ဖြစ်တဲ့အတွက် တွန့်ဆုတ်တွန့်ဆုတ် လုပ်နေလို့ မရတော့ဘူးလေး…. စျေးဗန်းခင်းသူက ခင်းနေပြီ။

Snapdragon 768G

Qualcomm အနေနဲ့ 765 (G) မော်ဒယ် ၂ မျိုးကို 2019 ဒီဇင်ဘာမှာ ပွဲထုတ်ခဲ့ပါတယ်။ အဆိုပါ 765 Line-up ဟာ 5G ပထမဆုံး ပါဝင်တဲ့ Mid-range SoC တွေ ဖြစ်သလို G မော်ဒယ်မှာ Adreno 620 GPU ပါဝင်ပါတယ်။

Snapdragon 786G

Image: The Verge

765 ထက် စွမ်းဆောင်ရည် 20% ပိုကောင်းတယ်လို့ ပြောခဲ့သလို အသစ်ထွက်ရှိလာတဲ့ 768G ဟာ Basically အတူတူပဲ။ ဒါပေမယ့် CPU Frequency ကို 2.4GHz ကနေ 2.8GHz မြင့်ထားတဲ့အတွက် Additional Performance ရရှိမယ်။

အလားတူပဲ Adreno 620 ကိုလည်း +145 MHz Overclock လုပ်ထားတာ ဖြစ်ပြီး Specs အကျဥ်းကို ပုံနဲ့ ဖော်ပြလိုက်ပါတယ်။

Snapdragon 768G

Image: GSMArena

with Minor Changes

Qualcomm အဆိုရ CPU နဲ့ GPU စွမ်းဆောင်ရည် အပိုင်းမှာ 15% ပိုကောင်းလာမယ်လို့ ကြွေးကြော်ထားပြီး 5G Integration အပိုင်းကတော့ အတူတူပါ။

X52 Modem နဲ့အတူ mmWave နဲ့ Sub-6GHz နှစ်မျိုးလုံး ထောက်ပံ့မှာဖြစ်ပြီး Snapdragon 768G အားသာချက် ဖြစ်လာမယ့် Key Point က Improve Gaming Experience လို့ ဆိုထားပါတယ်။

K30 5G Speed Edition

Image: XDADevelopers

ဒါပေမယ့် Dimensity 1000+ လောက် Qualcomm မစွာနေသလို ခံစားရပါတယ်။ ဥပမာ 144Hz Refresh Rate ထောက်ပံ့တာ (120Hz for 768G)

5G အတွက် စွမ်းအင်ချွေတာပေးမယ့် Enhanced Feature မျိုး ပြောမသွားတာက ဘဝင်မကျစရာ ဖြစ်စေပါတယ်။

ဒိအတွက် ကုမ္ပဏီ နှစ်ခု သွားနေတဲ့ Approach မတူညီတဲ့အတွက် ဘယ်သူ ပိုစွမ်းဆောင်နိုင်မလဲ Benchmark ထွက်လာတဲ့အခါ ပွားကြည့်တာပေါ့။

Source: The VergeGSMArena