fbpx

This is digital planet.

Tech News

Snapdragon 855 နဲ့အတူ တစ်ကျော့ပြန်လာမယ့် ZTE Axon 10 Pro

Axon 9 Pro ထွက်ရှိခဲ့တဲ့ 2018, August နောက်ပိုင်း အသံငြိမ်နေခဲ့တဲ့ Axon Series ကို အခုအချိန်မှာတော့ ZTE အနေနဲ့ ပြန်လည်အသက်သွင်းလာဖို့ရှိနေပါတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က Geekbench မှာ Result ကောင်းတွေနဲ့အတူ သတင်းထွက်ပေါ်ခဲ့ပြီးနောက်ပိုင်းမှာတော့ ZTE A2020 Pro ဆိုတဲ့ Code Name ဟာ Axon 10 Pro ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။

Screenshot_2019-02-12-21-58-39-539_com.android.chrome

ထွက်ရှိလာတဲ့ သတင်းတွေအရ Axon 10 Pro မှာ SD 855 ကို 6GB RAM နဲ့ တွဲဖက်အသုံးပြုလာနိုင်ပြီး Android Pie နဲ့ပွဲထွက်လာဖို့ ရှိနေပါတယ်။ တခြား Specification တွေအနေနဲ့ 6.4″”1080p+ Display, (16+20)MP Dual Camera, 25MP Selfie Camera နဲ့ Battery ပိုင်းမှာတော့ 4300mAh ကို Fast Charging Support စတာတွေပါဝင်လာနိုင်ပါတယ်။

ZTE အနေနဲ့ Axon 10 Pro ကို MWC 2019, Barcelona မှာ မိတ်ဆက်၊ မဆက်ဆိုတာတော့ သေချာမသိရသေးပေမယ့် မကြာခင်ကတရားဝင်ကြေငြာထားတဲ့ 2019 နှစ်လယ်မတိုင်ခင်မှာ 5G Smartphone တစ်လုံးကို မိတ်ဆက်ပေးသွားမယ်ဆိုတဲ့သတင်းကြောင့် Axon 10 Pro ဟာ 5G Network ကို အသုံးပြုနိုင်မယ့် ZTE ရဲ့ ပထမဆုံးဖုန်းတစ်လုံး ဖြစ်လာနိုင်ခြေရှိနေပါတယ်။

Source