fbpx

This is digital planet.

SharpTech News

Snapdragon 855 နှင့် 120 Hz dual notch display ပါဝင်လာမယ့် Sharp AQUOS R3

Japan နိုင်ငံ အခြေစိုက် company တစ်ခုဖြစ်တဲ့ Sharp က World First Dual Notch Display ပါဝင်တဲ့ AQUOS r2 compact ကို 2018,November မှာမိတ်ဆက်ခဲ့ပါတယ်။

သူ့ရဲ့ Dual Notch Display ဟာ Notch sensitives ဖြစ်တဲ့ သူတွေအတွက်တော့ Awful thing ဆိုပေမယ့်ကျွန်တော်တို့လိုမျိုး Unique ဖြစ်တယ့် Design ကိုကြွေတယ့်သူဆိုရင်တော့ရွေးစရာOptionတစ်ခုဖြစ်ခဲ့ပါတယ်။

Credit photo: Sharp

အခုအချိန်မှာဆိုရင်တော့ Aquous R2 ရဲ့မျိုးဆက်အသစ်ဖြစ်တယ့် Aquous R3 ကိုမိတ်ဆက်လိုက်ပါပြီ။ Display size ကတော့ 6.28 inches ရှိမှာဖြစ်ပြီး IGZO Proလို့ခေါ်တယ့် Display panel အမျိုးအစားကိုသုံးပေးထားမှာဖြစ်ပါတယ်။ ဒီ Display panel က 3120×1440 pixels အထိ resolution ကိုထောက်ပံ့ပေးနိုင်ပြီး Refresh rate ကတော့ 120 Hz အထိတောင်ရမှာပါ။ ဟုတ်ပါတယ် 120 Hz ပါ။

Asus ROG လို Gaming phone မှာတောင်မျှော်လင့်လို့မရတဲ့ Refresh rate ပါ (except Razor phone 2 )။ HDR10 ထိ Supportေ ပးဦးမွာပါ။ ပြီးတော့ Dual notch Display ဆိုတော့အပေါ်က Water drop notch အထဲ မှာ 16.3 MP ရှိတယ့် Selfie camera ကိုမြုပ်နှံပေးထားပြီး အောက်ဖက်က Notch ကတော့ Home button လေးပါ။ Fingerprint scanner ကိုနောက်ဘက်မှာထည့်သွင်းတပ်ဆင်ထားခြင်း မရှိဘဲ Home button ရဲ့ အောက်မှာထည့်သွင်းမြုပ်နှံထားပါသေးတယ်။

အနောက်ဘက်ကို ကြည့်လိုက်ရင် ဘယ်ဘက်ကပ်နေတယ့် Dual Camera Setup ကိုတွေ့မြင်ရမှာပါ။ ရုပ်ငြိမ်ဓာတ်ပုံတွေရိုက်ကူးရန်အတွက် 12.2MP (f/1.7,78 degree FOV) Camera တစ်လုံးနှင့် Video ရိုက်ကူးရန်အတွက် 20mp (f/1.7, 125degree FOV) ရှိတဲ့ Camera တွေကို Dual camera setup ထဲမြုပ်နှံတပ်ဆင်ထားပါတယ်။

သူ့ရဲ့ Camera က Redmi note 7တို့ Mi 9 SE တို့လိုအပြင် ကိုတော်တော်လေးခုံးထွက်နေတာကိုတွေ့ရမှာပါ။ နောက်ပြီး AI base featuresေ တွဖြစ်တယ့် AI Live Story နဲ့ AI shutter ကိုလည်း Support ပေးဦးမှာပါ။ Performance ကိုပြောရရင် Snapdragon 855 ကို SOC ကို သုံးထားပြီး Ram 6 GB, Rom 128GB နဲ့ Android Pie ကိုမောင်းနှင်နိုင်မှာပါ။ Battery ကတော့ 3200 mAh ထည့်သွင်းပေးထားပြီး Recharge လုပ်ဖို့အတွက် 11w Qi Wireless Charging ကို Support ပေးမယ်လို့ဆိုပါတယ်။ 3200 mAh ဆိုတဲ့ Battery အတိုင်းအတာဟာ Refresh Rate 120Hz လောက်ရတယ့် Phone တစ်လုံးအတွက်တော့နည်းမယ်လို့မြင်မိပါတယ်။ ဈေးနှုန်းနဲ့တခြား detail တွေကတော့ ထွက်ပေါ်လာခြင်းမရှိသေးပါဘူး။

@xcott

Ref: GSMarena