fbpx

This is digital planet.

RedmiTech News

Snapdragon 855+ သုံးလာမယ့် Redmi K20 Pro Exclusive Edition

Snapdragon 855 Plus processor ထွက်လာပြီးနောက် တစ်ချို့သာ ကုမ္ပဏီဟာ သူတို့ရဲ့ Flagship Models တွေကို Snapdragon 855 Plus သုံးပြီး အသစ်ပြန်ထုတ်လာကြပါတယ်။ အခု Redmi K20 Pro ကို Snapdragon 855+ သုံးလာမယ့် Redmi K20 Pro Exclusive Edition အနေနဲ့ထုတ်လာမယ်လို့ Redmi ရဲ့ General Manager က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Redmi K20 Pro ကို May လမှာစတင်မိတ်ဆက်ခဲ့ပြီး June မှစတင်ရောင်းချခဲ့ပါတယ် Snapdragon 855 သုံးထားတဲ့ ဖုန်းတွေထဲမှာ တရုတ် Benchmark Software တစ်ခုဖြစ်တဲ့ AnTuTu မှာ score အမြင့်ဆုံးရခဲ့ပါတယ်။

Redmi အနေနဲ့ Snapdragon 855 Plus သုံးလာမယ့် Redmi K20 Pro Exclusive Edition ကိုထုတ်ရတဲ့ ရည်ရွယ်ချက်က စစ်မှန်တဲ့ flagship ဖုန်းတစ်လုံးကိုဖန်းတီးပြီး တစ်ခြား Flagship ဖုန်းတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့လို့ Mr. Weibing ဆိုပါတယ်။

Snapdragon 855+ များ ပိုမြင့်တဲ့ 2.96GHz Clockspeed ရှိပြီး GPU Performance မှာ Snapdragon 855 ထက် 15 % ပိုတိုးတက်လာပါတယ်။ K20 Pro Exclusive Edition ဟာ AnTuTu မှာ 473,183 points ထက်များလာမယ့် အမှတ်ရရှိလာမယ်လို့ Mr. Weibing ကဆိုထားပြန်ပါတယ်။ အရင်က ရိုးရိုး K20 Pro ရဲ့ AnTuTu Score 458,754 points ထိရရှိထားပါတယ်။

Redmi K20 Pro Exclusive Edition ဟာ September 19 မှာထွက်ရှိလာ‌တော့မယ်လို့ Redmi ရဲ့ Weibo Account မှာ ဖော်ပြထားတဲ့အတွက် သင့်အနေနဲ့ အကြာကြီး စောင့်စရာမလိုတော့ပါဘူး။ Redmi K20 Pro Exclusive Edition မှာ Processor ပဲ‌ပြောင်းသုံးလာပြီး တစ်ခြား Specifications တွေကတော့ ရိုးရိုး Redmi K20 Pro အတိုင်းသုံးလာနိုင်ပါတယ်။

Ref: Gizmochina