fbpx

This is digital planet.

NewsVivo

Snapdragon 855+ Chipset အသုံးပြုလာမယ့် vivo IQOO Pro 5G ရဲ့ Specifications တွေ TENAA မှာထွက်ပေါ်လာ…

vivo ရဲ့ လက်ခွဲ Company ဖြစ်တဲ့ iQOO ဟာ မကြာခင်ထွက်ရှိလာတော့မယ့် IQOO Pro 5G gaming phone မှာ Snapdragon 855+ SoC ကိုအသုံးပြုလာမယ်လို့ Company ရဲ့ Weibo Account မှာတင်ခဲ့ပါတယ်။ August 22 မှာထွက်ရှိနိုင်ပြီး Snapdragon 855+ သုံးထားတဲ့ တစ်ခြား Devices တွေထက် ပိုမြန်တဲ့ Performance ရမယ်လို့ဆိုထားပါတယ်။

IQOO team အနေနဲ့ ပိုမြန်တဲ့ Performance ရဖို့ Software မှာမူတည်တဲ့အတွက် Huawei ရဲ့GPU Turbo လိုမျိုး စီစဉ်လာနိုင်ပါတယ်။

အခုဖုန်းရဲ့ Specifications တွေကတော့ TENAA listing မှာထွက်ပေါ်လာခဲ့ပါတယ်။ 6.41-inch AMOLED panel Display ကို FHD+ resolution နဲ့တွဲပေးထားပြီး In-display fingerprint sensor ကောပါဝင်လာမှာပါ။ Back မှာတော့ 48MP ၊13 MP နဲ့ 12 MP Triple Camera Set Up ကိုအသုံးပြုပေးထားပြီး Selfie camera ကတော့ 12MP ရှိပါတယ်။

Snapdragon 855+ ကို 12 GB RAM ၊ 512 GB storage နဲ့တွဲပေးလာမယ်လို့သိရပါတယ်။ Battery Capacity အနေနဲ့ 4,410mAh ကို 44W fast charging Support ပေးလာမှာပါ။ Software မှာတော့ Android 9 Pie ကိုအသုံးပြုလာမှာပဲဖြစ်ပါတယ်။

Ref: GSMArena

Related posts
NewsRedmi

Redmi 8 ရဲ့ hands-on ပုံများပေါ်ထွက်လာ

NewsOPPOVivoXiaomi

မတူတဲ့ Brand အချင်းချင်း File transfer လုပ်လို့ရမယ့် Service ကိုပြုလုပ်လာတော့မယ့် Xiaomi, OPPO နဲ့ Vivo

HuaweiNews

Huawei ရဲ့ Kirin 990 SoC မှာ 4K 60fps video recording ကို Support လုပ်မည်

NewsVivo

မကြာခင်ထွက်ရှိတော့မယ့် vivo NEX 3 မှာ 5G version ပါဝင်လာနိုင်