fbpx

This is digital planet.

SamsungTech News

Snapdragon 855 Plus chipset အသုံးပြုလာမယ့် Samsung Note 10 ရဲ့ Specifications များထွက်ပေါ်လာ

မနေ့က Galaxy Note 10 family နဲ့ပတ်သတ်ပြီး Battery capacity နဲ့ပတ်သတ်ပြီး သတင်းတွေ Leak လာခဲ့ပါတယ်။ ဒီနေ့ Evan Blass (aka @evleaks) က Shared ထားတဲ့ သတင်းကနေ့ မနေ့က Leak နဲ့ တော့မတူပါဘူး။ သူသိထားတဲ့ Source မှာ Note 10 ရဲ့ Battery Capacity က 3600 mAh ရှိပါတယ်။ မနေ့က Leak မှာက 3500 mAh လို့ပြောထားတဲ့အတွက် 100 mAh ပိုလာပါတယ်။ Note 10 အတွက် သတင်းကောင်းလို့ပြောရမှာပါ။ Evan Blass နောက်ထပ် အတည်ပြုလိုက်တာက ဖုန်းက 6.3″ screen size ရှိပြီး ထုံးစံအတိုင်း 60Hz ရှိတဲ့ AMOLED Panel ကိုအသုံးပြုထားပါတယ်။ Basic version မှာ 8GB RAM နဲ့ 256GB storage ရှိလာမှာဖြစ်ပြီး။ မနေ့က Leak မှာတော့ Note 10+ မှာ 12GB RAM နဲ့ 256GB storage ရှိလာမယ်လို့သတင်းထွက်ခဲ့ပါတယ်။

အရင်ကထွက်ရှိခဲ့တဲ့ သတင်းတွေမှာ Qualcomm ရဲ့ Snapdragon 855 Plus chipset အသစ်ကိုသုံးလာမယ်လို့ သတင်းမထွက်ရှိခဲ့ပါဘူး။ Evan ပြောတာကတော့ အဲ့ Chipset ကို Note 10 မှာ အသုံးပြုလာပါမယ်တဲ့။ တစ်ကယ်သုံးမသုံးက ထွက်လာတဲ့အခါ စောင့်ကြည့်ကြတာပေါ့။ Note10+ မှာ 45W fast charging ရပြီး Note 10 အတွက်တော့ 45W fast charging မရရှိနိုင်ဘူးဆိုတဲ့သတင်းတွေထွက်ရှိခဲ့ပါသေးတယ်။ အခု Evan Blass ပြောသွားတာက Note 10 မှာလည်း 45W Fast Charging ရရှိမှာဖြစ်ပါတယ်။ 5W reverse wireless charging ကော ပါဝင်လာမှာပါ။ သူနောက်ထပ်ပြောတာက Note10+ မှာ microSD card slot ပါရှိပြီး Note 10 မှာ မပါတော့ဘူးလို့ပြောထားပါတယ်။ Air Gestures ပါဝင်တဲ့ S Pen ကိုဖုန်းနှစ်လုံးစလုံးမှာ ပါရှိလာမှာပါ။ Note10+ အတွက် ထွက်ရှိခဲ့တဲ့ 6.8″ screen size နဲ့ 4,300 mAh battery capacity ကိုအသုံးပြုလာမယ့်သတင်းက မှန်တယ်လို့ Evan အတည်ပြုသွားပါတယ်။

Evan Blass နဲ့ leaks တွေကိုတင်ပေးတဲ့ @onleaks အရ Note10 ဟာ Exynos 9825 SoC ကိုသုံးပြီး Global Markets မှာဖြန့်ချီမယ်လို့ပြောထားပါတယ်။ 12 MP (wide) + 16 MP (ultra-wide) + 12 MP (telephoto) rear camera ၊ UFS 3.0 storage နဲ့ 25W fast charger ပါဝင်လာမှာပါ။ Galaxy Note10+ မှာလည်း Note 10 လို 8GB/256GB memory/storage ၊ တူညီတဲ့ Cameras ကိုမှ ToF sensor ပါဝင်လာပြီး UFS 3.0 storage နဲ့ the 25W charger ပါရှိလာမှာပါ။

Ref: GSMArena