fbpx

This is digital planet.

ArticlesQualcommTech News

Snapdragon SoC တွေဟာ Apple ကို ရင်ပေါင်တန်းနိုင်လာပြီလား?

ခေါင်းစဉ်လောက်ဖတ်ပြီး ဆက်ပြောမယ့်အကြောင်းရင်းကို ဆက်မကြည့်ပဲ Blame ဖို့ကြိုးစားနေမိရင်တော့ မိတ်ဆွေရဲ့အချိန်တွေ နှမြောဖို့ကောင်းလွန်းပါတယ်။ ကိုယ်တိုင်လည်း ဒီ Result တွေနဲ့ပတ်သက်ပြီး လုံးဝခေါင်းညိတ်ဖို့ခက်နေသေးပေမယ့် အမှန်တရားတစ်ခုကိုတော့ လက်ခံရပါတော့မယ်။ အဲဒါကတော့ Snapdragon SoC တွေရဲ့ တိုးတက်မှုအခြေအနေပါပဲ။

Image result for snapdragon 865

သမိုင်းကြောင်းကိုအလွယ်ပြန်လှန်ရရင် ထင်သလောက်မပေါက်တဲ့ Android ပေါ်က SoC တွကြားမှာ Qualcomm ရဲ့ Snapdragon SoC တွေဟာ Performance ပိုင်းအရ စိတ်အချရဆုံးနဲ့ လူကြိုက်အများဆုံး Chipset တွေဖြစ်ခဲ့တယ်။ 64bit နည်းပညာအကူးအပြောင်းမှာ ပူလွန်းလို့နာမည်ကြီးခဲ့တဲ့ SDM 810, Performance ပိုင်းအားမရတဲ့ SDM 820 တို့လို Model တစ်ချို့ရှိခဲ့ပေမယ့် လက်ရှိချိန်မှာတော့ Android Gaming လို့ပြောလိုက်ရင် Snapdragon ကို အရင်ရှာကြတဲ့အထိ Fan တွေယုံကြည်မှုကို ရလာခဲ့တယ်။ ဒါပေမယ့် Android မှာ ဘယ်လောက်ဗိုလ်ကျနိုင်ပါစေ Smartphone နယ်ပယ်တစ်ခုလုံးအနေနဲ့ယှဉ်လိုက်ရင် SDM ဟာ Apple ရဲ့ A Series SoC တွေထက် ခေါင်းတစ်လုံးအမြဲလိုလိုနိမ့်နေတဲ့အချက်က Android Fan တွေ အားမလိုအားမရဖြစ်ခဲ့ကြရတယ်။ လက်ရှိ 2019 ကာလအထိပေါ့။

Image result for snapdragon 865

တလောကမိတ်ဆက်ခဲ့တဲ့ Qualcomm ရဲ့ Flagship SoC မျိုးဆက် Snapdragon 865 ကို မြင်ခါစက SDM 855+ နဲ့ သိပ်ပြီးထူးမခြားနား SoC တစ်ခုအဖြစ် အထင်သေးခဲ့မိတာ ဝန်ခံရပါလိမ့်မယ်။ ဒါပေမယ့် ဒီ SoC သုံးထားတဲ့ Demo Unit (Reference Device) ရဲ့ ရလဒ်တွေက Reviewer တွေကို အတော်လေးအံ့အားသင့်စေခဲ့တယ်။ အရင်ဆုံး လူအများရင်းနှီးတဲ့ Antutu နဲ့ စတာပေါ့။

ပုံမှာပြထားတဲ့အတိုင်း Antutu 8 ပေါ်က Score တွေအရ SDM 865 ရဲ့ Score ဟာ A13 Bionic နဲ့ iPhone 11 Pro Max ရဲ့ Score ထက် ၃သောင်းခွဲလောက် ပိုသာနေတာတွေ့ရတယ်။ ဒါဟာ SDM အနေနဲ့ 855 နဲ့ယှဉ်ရင် အတော်သိသာတဲ့ တိုးတက်မှုလို့ ဆိုရမှာပါ။ ဒါပေမယ့် Antutu ရဲ့ Result တွက ယုံရလို့လားဆိုပြီး Complaint တက်စရာရှိနိုင်တာမို့ နောက်ထပ် Benchmark တစ်ခုဆီ ဆက်ကြတာပေါ့။

ခုမြင်ရတာတွေက Geekbench Score တွေပါ။ မသိသေးသူတွေအတွက် အလွယ်ပြောရင် Geekbench ကို များသောအားဖြင့် CPU ရဲ့ Single နဲ့ Multi-core result တွေစစ်ဖို့ အဓိကသုံးကြတယ်။ တခြား GPU Test, Battery Test တွေလည်းပါတယ်ဆိုပေမယ့် Antutu လောက် Smartphone ပေါ်မှာ Popular မဖြစ်ဘူးဆိုရမှာပေါ့။ Geekbench 5 ရဲ့ Benchmark တွေအရ Single core performance မှာတော့ Apple ရဲ့ A13 က ရိုးရာမပျက် အမှတ် ၄၀၀ လောက် ဖြတ်ထားနိုင်သေးတယ်။ ဒါပေမယ့် Multi-core performance မှာတော့ SDM 865 ဟာ A13 နဲ့ အမှတ်တူနီးနီးအထိ ခုန်တက်လာတာဟာ အံ့သြစရာပါ။ Octa-core (1+3+4) သုံးထားတဲ့ SDM က Hexa-core (2+4) သုံးတဲ့ A13 ကို ယှဉ်နိုင်တာဆန်းလာလို့ အထွန့်တက်လာရင်တော့ SDM 855 မှာလည်း Octa-core သုံးခဲ့တာချင်းအတူတူ ဒီနှစ်မှာ CPU Performance ချင်း ယှဉ်နိုင်လာတာဟာ Qualcomm အတွက် ကြီးမားတဲ့တိုးတက်မှုလို့ ကိုယ်တွေတော့ ဆိုချင်တယ်။

နောက်ဆုံးနဲ့ အံ့အားအသင့်မိဆုံး Comparison ကတော့ Speed Test G ပါ။ Gary Sims လို့ခေါ်တဲ့ Android Authority member ဟောင်းက ဒီ Test ကို ဖန်တီးခဲ့တာဖြစ်ပြီး Antutu တို့မှာလို Score တွလိမ်တာမျိုးမဖြစ်ရအောင် သူ့ Channel တစ်ခုတည်းပေါ်မှာပဲ စမ်းသပ်အမှတ်ပေးတဲ့ ကိုယ်တွေအယုံရဆုံး Test ပါ။ ဒီ Test မှာ ဖုန်းတစ်လုံးရဲ့ CPU, GPU သီးသန့်အလုပ်လုပ်တာရယ်၊ နှစ်ခုပေါင်းအလုပ်လုပ်တာရယ် ဒီ ၃မျိုးကို နှိုင်းယှဉ်အမှတ်ပေးလေ့ရှိတယ်။ Speed Test G နဲ့ပတ်သက်ပြီးစိတ်ဝင်စားရင် အောက်ပါကနေ သွားရောက်လေ့လာနိုင်ပါတယ်။

ဆိုတော့ လိုရင်းဆက်ကြတာပေါ့။ ဒီ Speed Test G မှာ iPhone တွေဟာ အမြဲလိုလိုအသာရလေ့ရှိတယ်။ Apple ရဲ့ A13 မပြောနဲ့ A12 SoC တွေတောင် Performance ပိုင်းမှာ SDM 855 ကို သာသာယာယာ အနိုင်ယူပြတဲ့အထိ A Series တွေဟာ ဆရာတစ်ဆူဖြစ်ခဲ့တယ်။ ဒါပေမယ့် SDM 855 တုန်းက ၁၅စက္ကန့်လောက်အထိ အသာရခဲ့တဲ့ A13 ဟာ SDM 865 နဲ့အတွေ့မှာတော့ ၁ စက္ကန့်အကွာနဲ့ပဲ ပွတ်ကာသီကာ နိုင်တော့တဲ့အထိ ကွာဟမှုကျဉ်းမြောင်းသွားခဲ့တာပါ။ နောက်ပြီး CPU Test လုပ်ချိန်မှာဆို SDM 865 ကတောင် အသာရနေတာ မြင်တွေ့ခဲ့ရတယ်။ Apple ရဲ့ GPU ပိုင်းကောင်းမွန်လွန်းမှုကြောင့်သာ အသက်ရှူချောင်ခဲ့တယ်ဆိုရမှာပဲ။

ဒါဟာ Benchmark Result တွေသက်သက်ပဲလို့ တစ်ဖက်ကတွေးနိုင်ပေမယ့် လက်ရှိစမ်းသပ်နေတာဟာ Demo Unit သက်သက်ပဲရှိသေးတာကိုတော့ သတိထားရပါလိမ့်မယ်။ တကယ်လို့ ဒီ SoC ကို သုံးမယ့် Company တွေက Cooling System ကောင်းကောင်း၊ တခြား RAM, ROM, Software ကာင်းကောင်းတွေနဲ့ တွဲဆက်သုံးလာမယ်ဆိုရင် SDM 865 ဟာ ဒီထက်အရောင်ပိုထွက်လာနိုင်ခြေ ရှိနေပါတယ်။ ဒါဟာ Performance ဆို အကောင်းဆုံးမှလိုချင်တတ်တဲ့ Android Fan တွေအတွက် မဟာသတင်းကောင်းပါ။ ဒါ့အပြင် 2020 မှာခေတ်စားလာမယ့် 120Hz လို Display တွေမှာ ဂိမ်းတွေ FPS ကာင်းကောင်း Run နိုင်ဖို့အတွက်လည်း အထောက်အကူကောင်းဖြစ်လာနိုင်ပါတယ်။

Image result for snapdragon 865

ခုလိုပြောနေတာဟာ Qualcomm က Apple ထက် Chipset ပိုင်းမှာ လုံးဝအရသွားပြီလို့ ဆိုလိုတာမဟုတ်ပါဘူး။ Apple ရဲ့ iPad တွေမှာသုံးတဲ့ X series Chipset တွေဟာ Mobile SoC တွေပေါ်မှာ အကောင်းဆုံး SoC အဖြစ်ရပ်တည်နေသေးသလို 2020 မှာထွက်လာမယ့် A14 မှာလည်း လက်ရှိထက် ပိုကြမ်း၊ ပိုလန်းတဲ့ Performance တွေကို မြင်တွေ့ကြရဦးမှာပါ။ ဒါပေမယ့် Apple အနေနဲ့ SoC အပိုင်းမှာ အရင်လို တစ်ကောင်တည်းပြေးတဲ့မြင်းလုပ်လို့မရနိုင်တော့ပဲ Android ရဲ့ဖိအားပေးမှုကို အတိုင်းအတာတစ်ခုအထိ ခံလာရပြီလို့ Enthusiast တစ်ယောက်အနေနဲ့ သုံးသပ်မိပါတော့တယ်။