fbpx

This is digital planet.

FacebookSocial NetworkTech NewsTwitter

Social Media တွေရဲ့ Censorship နဲ့ ပက်သက်ပြီး Report လုပ်နိုင်မယ့် Tool တစ်ခုကို အိမ်ဖြူတော်က ဖန်တီးခဲ့

ဗုဒ္ဓဟူးနေ့ကပဲ ပြည်သူတွေ အနေနဲ့ Facebook နဲ့ Twitter တို့လို Social Media Platforms တွေပေါ်ကနေ မှားယွင်းပြီး Ban ခံရတာမျိုး Account ဖျက်ချခံရတာမျိုးတွေအတွက် သမ္မတဖြစ်သူ Trump ဆီကို တိုင်ကြားနိုင်မယ့် Tool တစ်ခုကို အိမ်ဖြူတော်က ဖန်တီးခဲ့ပါတယ်။

“အမေရိကန် တော်တော်များများဟာ Social media platform တွေပေါ်ကနေ အကြောင်းပြချက် ရှင်းရှင်းလင်းလင်း မသိရပဲ Account ဖျက်ချ ခံရခြင်း၊ Ban ခံရခြင်းတွေ ဖြစ်နေပါတယ်။ Social Media ပေါ်မှာ သင့်ရဲ့ အမြင်က ဘယ်လိုပဲဖြစ်နေပါစေ တကယ်လို့ နိုင်ငံရေးနဲ့ ပတ်သတ်တာကြောင့် မှားယွင်း ဖျက်ချခံရတယ်လို သံသယ ရှိတယ်ဆိုတာနဲ့ သမ္မတ Trump ဆီကို သင့်အကြောင်း ဝေမျှလိုက်ပါ” လို့ အဆိုပါ Tool မှာ ရေးထားဖော်ပြထားပါ။

Image result for donald trump social media tool

Twitter ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကတော့ အဆိုပါဖော်ပြချက်နဲ့ ပတ်သတ်ပြီး “Twitter ရဲ့ စည်းမျဉ်းတွေကို အသုံးပြုသူ အားလုံးအတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။ အသုံးပြုသူတွေရဲ့ နောက်ခံအင်အားနဲ့ နိုင်ငံရေးရပ်တည်မှုတွေကို ထည့်တွက်တာမျိုး မရှိပါဘူး။ အခုလက်ရှိလည်း System ကို ပိုပြီး ကောင်းမွန်လာအောင် နဲ့ ကျွန်တော်တို့ရဲ့ အားထုတ်မှုကိုလည်း မြင်သာအောင် ပုံမှန်လေး ကြိုးစားနေပါတယ်”လို့ ပြန်လည် တုံ့ပြန်ထားပါတယ်။
Facebook, Google နဲ့ YouTube တို့ကတော့ အဆိုပါ ကိစ္စနဲ့ ပတ်သတ်ပြီး ချက်ချင်း ပြန်လည် မှတ်ချက်ပြုတာမျိုး မရှိသေးပါဘူး။

Image result for diamond and silk ban

Photo by Fox News

လွန်ခဲ့တဲ့ လ အနည်းငယ်က Conservatives တွေကို မှားယွင်းစွာ နဲ့ Ban ခဲ့တာတွေကို ထောက်ရှုရရင် Republicans တွေကို Social media networks တွေမှာ ပစ်မှတ်ထားခဲ့တယ်လို့ဆိုနိုင်ပါတယ်။ အဆိုပါ Tool ကို ပြုလုပ်ဖို့ရန် အတွက် ပြီးခဲ့တဲ့ ဧပြီလက Trump ကို ထောက်ခံသူ Diamond and Silk ကို Facebook က မှားယွင်း Ban လိုက်ခြင်းကနေ အစပြုခဲ့တာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက ပဲ President Trump ဟာ Twitter ရဲ့CEO ဖြစ်သူ Jack Dorsey နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ Twitter မှ တာဝန်ရှိသူကတော့ အဆိုပါ တွေ့ဆုံမှုအတွင်း Twitter ရဲ့ အခုလက်ရှိ ပြုလုပ်နေတာတွေနဲ့ Twitter ရဲ့ အခြေအနေကို ဆွေးနွေးခဲ့တာဖြစ်တယ်လို့ပြောခဲ့ပေမယ့်လည်း နောက်မကြာခင်မှာတော့ Trump ဟာ သူရဲ့ Followers တွေ လျော့နည်းသွားတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီးတော့လည်း မိနစ် ၃၀ လောက်အချိန်ပေး ဆွေးနွေးခဲ့တယ်လို့ သတင်းတွေထွက်လာခဲ့ပါတယ်။

အခု ပြုလုပ်ဖန်တီးထားတဲ့ Tool မှာဆိုရင်တော့ အသုံးပြုသူတွေကို Screenshots တွေနဲ့ အဆိုပါဖျက်ချခံရတဲ့ Post တွေရဲ့ Link တွေကို ဖြည့်သွင်းရမှာဖြစ်ပြီး ဘာကြောင့် ဖျက်ချခံရတယ်ဆိုတာကို ရှင်းပြနိုင်မယ့် Text Box တစ်ခုလဲ ပါဝင်မှာဖြစ်ပါတယ်။ အဲ့ဒီအပြင် Facebook, Twitter, Instagram, YouTube နဲ့ Other ဆိုပြီး ဘယ် Platform မှာ ဖြစ်ခဲ့သလဲဆိုတာကိုပါ ရွေးချယ်ရမှာဖြစ်ပါတယ်။ ပြီးနောက်မှာတော့ အသုံးပြုသူရဲ့ ပိုတိကျတဲ့ ကိုယ်ရေးအချက်အလက်ကို ဖြည့်သွင်းခိုင်းမှာဖြစ်ပါတယ်။ “အခု Tool ဟာ သတင်းအချက်အလက် စုဆောင်းရုံသပ်သပ်သာဖြစ်ကြောင်း နားလည်ရပါမည်” လို့လည်းရေးသားဖော်ပြထားပါတယ်။

Ref: The Verge