fbpx

This is digital planet.

SonyTech News

Sony ရဲ့ 52MP sensor နဲ့ Xperia 1 ရဲ့ပုံရိပ်များထွက်ပေါ်လာ

အရင်ကထွက်ပေါ်ခဲ့တဲ့သတင်းတွေအရ Sony အနေနဲ့ Xperia XA3 နဲ့ Xperia XA3 Plus တို့ကိုနာမည်သစ် Xperia 10 နဲ့ Xperia 10 Plus တို့နဲ့ MWC 2019 မှာမိတ်ဆက်ပေးဖွယ်ရှိတယ်လို့သိရပါတယ်။ ဒီကောလဟာလသတင်းတွေကြောင့် Sony ရဲ့နောက်ထပ် Flagship ဖုန်းဖြစ်တဲ့ Xperia XZ4 ကိုလည်း မတူညီတဲ့နာမည်နဲ့ပွဲထွက်လာနိုင်တယ်လို့ခန့်မှန်းရပါတယ်။ ဒါအပြင် ဒီ flagship ဖုန်းဟာ Sony ရဲ့ပထမဆုံးကျောဘက် ကင်မရာ ၃ လုံးပါဝင်တယ်လို့သိရလည်းသိရပါတယ်။

ပြီးခဲ့တဲ့ နာရီအနည်းငယ်က နာမည်ကြီး Popular leakster တစ်ဦးဖြစ်တဲ့ Evan Blass က Xperia XZ4 ဖြစ်နိုင်ဖွယ်ရှိတဲ့ ပုံတချို့ကို သူရဲ့ Twitter အကောင့်မှာဖော်ပြခဲ့ပါတယ်။ Twitter မှာဖော်ပြခဲ့တဲ့ post မှာတော့ Blass အနေနဲ့ Xperia XZ4 လို့မသုံးခဲ့ပဲ Xperia 1 ဆိုပြီး ဖုန်းရဲ့နာမည်ကိုတပ်ထားကိုမြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့် Sony အနေနဲ့ Xperia XZ4 ကို နာမည်သစ် Xperia 1 လို့ပြောင်းလဲပြီးတော့ ဈေးကွက်ကိုတင်ပို့လာနိုင်ဖွယ်ရှိနေပြီး လာမဲ့ရက်သတ္တပတ်မှာမိတ်ဆက်ပေးတော့မယ်လို့လည်းသိရပါတယ်။

အရင်လလောက်ကထွက်ပေါ်လာခဲ့တဲ့ Xperia 1 ရဲ့ပုံရိပ်တစ်ချို့မှာတော့ Sony ရဲ့ ဒီဇိုင်းပိုင်းအတွေးအခေါ်ကိုများစွာ ပြောင်းလဲထားတာကိုမြင်တွေ့လာရပြီး Xperia XZ3 မှာမြင်တွေ့ရတဲ့18:9 curved OLED display နေရာမှာ 21:9 flat OLED panel အသစ်ကိုသုံးထားကိုတွ့ရခဲ့ပြီး HDR ထောက်ပံ့မှုနဲ့ 6.5-inch အရွယ်အစားရှိပါတယ်။ ဖုန်းရဲ့အပေါ်အောက်ကိုတော့ အချိုးညီညီပေါင်းစပ်ထားပြီး အရွယ်ပါးလွှာတဲ့ဘောင်တဖက်စီကိုလည်းမြင်တွေ့ရခဲ့ပါတယ်။ Aluminium Frame ကိုသုံးထားပြီး fingerprint scanner ကိုတော့ ထုံးစံအတိုင်းဘေးဘောင်နားမှာပဲတပ်ဆင်ထားကိုမြင်တွေ့ခဲ့ရပါတယ်။

Speaker ပေါက်ကိုတော့ဖုန်းရဲ့အောက်ခြေမှာပဲတပ်ဆင်ထားတာဖြစ်ပြီး USB Type-C port ကိုသုံးထားကာ 3.5 mm audio jack ပေါက် တော့ပါဝင်မှာမဟုတ်ဘူးလို့သိရကာ Camera အတွက်ဖြစ်နိုင်ခြေရှိတဲ့ key တစ်ခုကိုလည်းထည့်သွင်းပေးထားပါတယ်။ Evan Blass မှာဖော်ပြခဲ့တဲ့ပုံမှာတော့ Purple ရောင်ရှိတဲ့ Xperia 1 ကိုမြင်တွေ့မှာဖြစ်ပါတယ်။

မြင်တွေ့ရသလောက်ကတော့ ကျောဘက်ကင်မရာ သုံးလုံးပါဝင်မယ်လို့သိရပြီး f/1.6 aperture 52MP primary sensor, f/2.6 16MP telephoto lens နဲ့ 0.3 MP 3D ToF sensor ကိုထည့်သွင်းထားတယ်လို့သိရပါတယ်။ Chipset ကိုတော့ Snapdragon 855 SoC ကိုသုံးလာဖွယ်ရှိပြီး RAM 6GB + Storage 128GB နဲ့ထွက်ရှိလာမှာဖြစ်ပါတယ်။ ဘက်ထရီပိုင်းကိုတော့ 4400 mAh ရှိတဲ့ကြီးမားတဲ့ ဘက်ထရီပါဝင်လာမှာဖြစ်ကာ Andriod 9 Pie OS နဲ့မောင်းနှင်လာမှာလည်းဖြစ်ပါတယ်။

Xperia 1 (XZ4) ကိုတော့ Xperia 10 (XA3) , Xperia 10 Plus (XA 3 Plus) နဲ့ Xperia L3 တို့နဲ့အတူ Feb 25 ရက်နေ့မှာမိတ်ဆက်ပေးမယ်လို့သိရပါတယ်။ ဈေးနှုန်းတွေအနေနဲ့ကတော့ Xperia 1 (XZ4) အနေနဲ့ ယူရို ၉၀၀ (ဒေါ်လာ ၁၀၂၀ / မြန်မာငွေ ၁၆ သိန်း နီးပါး) Xperia 10 (XA3) နဲ့ Xperia 10 Plus (XA3 Plus) တို့အနေနဲ့ ယူရို ၃၄၉ (ဒေါ်လာ ၃၉၅ / မြန်မာငွေ ၆ သိန်းကျော်) နဲ့ ယူရို ၄၂၉ (ဒေါ်လာ ၄၈၆ / မြန်မာငွေ ၇ သိန်းခွဲ နီးပါ) အထိရှိလာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

Source