This is digital planet.

SonyTech News

Sony ရဲ့ Xperia 1R မှာ 5K display (5,040 x 2,160 pixels) ကို သုံးလာနိုင်ပါတယ်

Sony အနေနဲ့ 5K Display ကို Xperia 1R (J8220) မှာ အသုံးပြုနိုင်ဖို့ရှိနေပါတယ်။ အရင်တုန်းကကြားနေရတဲ့ သတင်းတွေအရဆို အဲ့ Model က Xperia 2 ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ Design အနေနဲ့ Xperia 1 ပုံစံကိုမှ အပြောင်းအလဲမရှိဖို့များပါမယ်။


သတင်းတွေအရဆို Screen Size အနေနဲ့ 6.1 လက်မ ဖြစ်နိုင်ပြီး Xperia 1 (6.5 လက်မ) ထက်ပိုသေးသွားမှာပါ။ 5K Resolution ရှိနိုင်တဲ့အတွက် 21:9 Aspect Ratio ရှိနိုင်ကြောင်းကိုခန့်မှန်းလို့ရပါတယ်။ Xperia 1 မှာ 6.5 လက်မရှိပြီး screen resolution ကတော့ 1,644 x 3,840 pixels ရှိပါတယ်။

Image result for sony xperia 1r

Xperia 1

အခု Xperia 1R က Xperia ထက် 70 % pixels ပိုများလာမှာပါ။ Pixel Density အနေနဲ့ 899ppi ထိအလုပ်လုပ်တာမလို့ 4K Pixel density မှာအလုပ်လုပ်တဲ့ 807ppi ထက်ပိုများပါတယ်။ ဖုန်းရဲ့ 5K Resolution နဲ့ VR (Virtual Reality) ကိုသာကြည့်လိုက်လို့ကတော့ ရုပ်ထွက်ကတော့ ပြောနေစရာမလိုအောင်ကောင်းနေမှာပါ။

Ref: GSMARENA