This is digital planet.

GoogleTech News

နိုင်ငံပေါင်း ၁၄ နိုင်ငံမှာ Google Stadia ကို Android ဖုန်းနဲ့ ကစားနိုင်ပြီ

စမတ်ဖုန်းတိုင်းနဲ့ PC ၊ Console ဂိမ်းတွေ ကစားနိုင်အောင် ဖန်တီးပေးသွားမယ်လို့ ကတိ၊ ကဝတ် ပြုထားတဲ့အတိုင်း Stadia ကို Android ဖုန်း တော်တော်များများနဲ့ ကစားခွင့် ပြုလိုက်ပြီ ဖြစ်ပါတယ်။

စာဖတ်သူတွေ အနေနဲ့ Stadia ဆိုတာဘာလဲ မရင်းမနှီး ဖြစ်နေရင် ဖော်ပြပါ ဆောင်းပါး Link မှာ လေ့လာနိုင်ပါတယ်။

အဆိုပါ Stadia ဆိုတဲ့ Cloud Gaming ဝန်ဆောင်မှု (သို့) အွန်လိုင်း ဂိမ်းဆိုင်ကို ၂၀၁၉ နိုဝင်ဘာလမှာ မိတ်ဆက်ခဲ့တာ ဖြစ်ပြီး ကြေညာစဥ် ကာလတုန်းက Pixel ဖုန်းတွေနဲ့ပဲ ကစားလို့ရခဲ့တာပါ။

Cloud Gaming Services

ဒိနောက်ပိုင်း Gaming ဖုန်းတွေဖြစ်တဲ့ Razer Phone Series ၊ ROG Phone Series နဲ့ Galaxy S နဲ့ Note Series Device တချို့ဆီ ခြေဆန့်လာခဲ့လို့ Cloud Gaming Platform ပိုမို ကျယ်ပြန့်လာတာပါ။

ပြီးခဲ့တဲ့ 2020 ၊ မေလ အတွင်းမှာ OnePlus 8 Series တွေ Compatible ဖြစ်တယ် ကြေညာပေးခဲ့လို့ နောက်တမျိုးတွေးကြည့်ရင် 2020 နှစ်ကုန် (သို့) 2021 အတွင်းမှာ အကြီးဆုံးသော အွန်လိုင်းဂိမ်းမင်း ဝန်ဆောင်မှုကြီး ဖြစ်လာနိုင်ပါတယ်။

Stadia Recommended Minimum Connection

တကယ်လို့သာ Stadia Platform ကျယ်ပြန့်လာရင် အိမ်မှာ စမတ်ဖုန်း ၊ TV (သို့) Laptop ၊ Tablet ရှိရုံနဲ့ AAA ဂိမ်းတွေ ကစားနိုင်ပါပြီ။ ဒိအတွက် $3,000 တန် PC ကြီးတွေ ဆင်စရာမလို ၊ PlayStation နဲ့ Xbox Console ဝယ်စရာမလိုဘဲ 4K (သို့) 1,080p Resolution စသဖြင့် ကစားနိုင်မှာပါ။

သို့ပေမယ့် သတိချပ်စရာ တစ်ချက်က Subscription Service ဖြစ်ပြီး Pro နဲ့ သာမန် နှစ်မျိုး ကွဲပြားနေမှာပါ။ နောက်တစ်ချက်က အွန်လိုင်း Based ဖြစ်တဲ့အတွက် မြန်ဆန် ၊ တည်ငြိမ်တဲ့ Connection ရှိဖို့လိုမယ်၊ ဒိအတွက် အပေါ်က ဆောင်းပါး Link မှာ ပြည့်ပြည့်စုံစုံ ဖော်ပြပေးထားပါတယ်။

Stadia lands on Android Phones

ဒီတခါ Android ဖုန်းတိုင်းနဲ့ ကစားနိုင်ပြီ ဆိုတဲ့ သတင်းမှာ Region နေရာဒေသ ကန့်သတ်ချက်တော့ ရှိပါတယ်။ ကျွန်တော်တို့ဆီမှာ ထုံးစံအတိုင်း ကစားနိုင်ခြင်း မရှိသေးသလို Stadia ရရှိထားတဲ့ နေရာတွေက

US ၊ UK ၊ ဘယ်လ်ဂျီယံ ၊ ကနေဒါ ၊ ဒိန်းမတ် ၊ ဖင်လန် ၊ ပြင်သစ် ၊ ဂျာမနီ ၊ အိုင်ယာလန် ၊ အီတလီ ၊ နယ်သာလန် ၊ နော်ဝေး ၊ စပိန်နဲ့ ဆွီဒင် နိုင်ငံတို့ပါ။

Stadia Controller

Google Support ပေးပုံက အကယ်၍ ကိုယ့်ဖုန်းမှာ Stadia App သုံးစွဲခွင့် (သို့) ပေါ်လာရုံနဲ့ Download ဆွဲချပြီး Cloud Gaming ဝန်ဆောင်မှုကို ရရှိမှာပါ။

Experimental Feature

ရရှိပြီးတာနဲ့ တပြိုင်နက် ဆောင်ရွက်ရမှာက Experimental Lab ကိုသွားပြီး ပုံပါအတိုင်း “Play on this Device” ကို ရွေးချယ်ပေးလိုက်ရုံပါ။

Stadia on more android Phones

Image: GSMArena

ဒီလို Service ဝန်ဆောင်မှု ချဲ့ထွင်လာတာနဲ့ ပတ်သက်ပြီး ဘယ် Android ဖုန်းနဲ့ ကစားနိုင်ပြီလို့ အတိအကျ Google မပြောသေးပါဘူး။ Experimental Feature အနေနဲ့ Device Listing အတွင်း ထည့်ပေးလိုက်တာ ဖြစ်သလို Dedicated Controller မပိုင်ဆိုင်ထားသူ User တွေအတွက် On-screen Touch Control လုပ်ဆောင်ချက် မိတ်ဆက်ပေးလိုက်ပါတယ်။

On-screen Touch Control

Image: GSMArena

ပုံမှာမြင်ရတဲ့အတိုင်း စိတ်ပျက်စရာ ကောင်းတဲ့ Touch Interface ကို မြင်တွေ့ရမှာဖြစ်ပြီး Gimmick ဟုတ်မဟုတ် ကစားကြည့်ရင် သိရမှာပါ။ Google အနေနဲ့ Resolution Control ကိုလည်း Experimental Feature အနေနဲ့ ထည့်သွင်းပေးထားပြီး Resolution Output ကို Manually ရွေးချယ်နိုင်ပြီ ဖြစ်ပါတယ်။

Google Stadia

Image: Stadia Community

အခု ဖော်ပြလာတဲ့အတိုင်း သုံးသပ်ကြည့်ရင် Stadia Develop ဖြစ်ဖို့ အချိန်ယူရဦးမှာပါ။ ကျွမ်းကျင်သူတွေ ခန့်မှန်းထားသလို အချိန် ၃ နှစ် (သို့) ၅ နှစ် အထိ ကြာမြင့်နိုင်ပြီး တကမ္ဘာလုံး အတိုင်းတာနဲ့ အွန်လိုင်းဂိမ်းဆိုင် အလုပ်ဖြစ်ဖို့ စိတ်ရှည်ရှည်နဲ့ စောင့်ကြည်ရဦးမှာပါ။

Source: GSMArenaStadia Community