fbpx

This is digital planet.

MicrosoftTech News

Steaming Service တစ်ခုဖြစ်တဲ့ Project xCloud အပြင် Xbox မျိုးဆက်သစ်အကြောင်းပါ ဖွင့်ဟ သွားခဲ့တဲ့ Microsoft

ပြီးခဲ့တဲ့ အပတ်က ပြိုင်ဘက် Google ကနေပြီးတော့ Stadia လို့ခေါ်တဲ့ Cloud-based Gaming Service ကို ကြေညာသွားခဲ့ပါတယ်။ ဒါဟာ Xbox ဂိမ်းစက်တွေ အတွက် ခြိမ်းခြောက်မှု တစ်ခုလည်းဖြစ်လာနိုင်ပါတယ်။ မနေ့က ကျင်းပခဲ့တဲ့ E3 2019 Press Event မှာတော့ Microsoft အနေနဲ့လည်း နောက်ထပ် Streaming Service တစ်ခုဖြစ်တဲ့ Project xCloud ကို ကြေညာသွားခဲ့ပြီး အောက်တိုဘာ မှာ မိတ်ဆက်ပေးသွားဖို့လည်း ရှိပါတယ်။ ဒါက Google ရဲ့ Stadia ထက် တစ်လ စောပြီးမိတ်ဆက်မှာဖြစ်ပါတယ်။ Google ကတော့ နိုဝင်ဘာလ မှာ မိတ်ဆက်ပေးမှာဖြစ်ပါတယ်။

Image result for microsoft xcloud
ဒီ Project xCloud ကို ပြီးခဲ့တဲ့ E3 2018 Press Event ထဲက ကြေညာခဲ့တာဖြစ်ပြီး ၂၀၁၈ အောက်တိုဘာ မှာ အသေးစိတ်အချက်အလက်တွေကို ကြေညာပေးမယ်လို့ဆိုပေမဲ့ အမှန်တကယ် ဘာမှဖြစ်မလာတာကြောင့် ဝေဖန်မှုတွေကိုတောင် ခံလိုက်ရပါသေးတယ်။ အဲ့နောက်မှာတော့ Google အနေနဲ့ ပြီးခဲ့တဲ့ အပတ်က Stadia အကြောင်းကို အသေးစိတ်ထုတ်ပြန်ပေးသွားခဲ့ပါတယ်။

Microsoft အနေနဲ့ ဒီပွဲမှာတော့ လာရောက်သူတွေကို Project xCloud ကို အစမ်းဆော့ခွင့်ပေးမှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ Halo 5: Guardians နဲ့ Hellblade: Senua’s Sacrifice တို့ကို Project xCloud မှ တဆင့် စမတ်ဖုန်း နဲ့ တက်ဘလက်တွေ ပေါ်မှာ စမ်းသပ်ဆော့ ကစားနိုင်ပါတယ်။

လာမဲ့ အောက်တိုဘာ မှာတော့ Project xCloud နဲ့ ပက်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို Microsoft က ကြေညာပေးသွားမှာဖြစ်ပြီး Xbox One Console နဲ့လည်း ကိုယ်ပိုင် xCloud game server ကနေတဆင့် အသုံးပြုခွင့်ရမှာလည်းဖြစ်ပါတယ်။ ဈေးနှုန်းပိုင်း နဲ့ ဘယ် Device တွေမှာ ဆော့ကစားခွင့်ရှိမလည်း ဆိုတာကတော့ လာမဲ့ အောက်တိုဘာမှာ အသေးစိတ်သိရှိရမှာဖြစ်ပါတယ်။


ဆက်လက်ပြီး Microsoft အနေနဲ့ မျိုးဆက်သစ် Xbox console အကြောင်းကို အရိပ်အမြွက်လေး ပြောကြားသွားခဲ့ပါသေးတယ်။ လက်ရှိအချိန်မှာတော့ Xbox Console အသစ်ကို Project Scarlett လို့နာမည်ပေးထားပြီး အသစ်ထုတ်ပြန်ပေးခဲ့တဲ့ Promo video မှာတော့ ဒီ Console အသစ်မှာပါဝင်တဲ့ အတွင်း ဒီဇိုင်းတည်ဆောင်ပုံကို အနည်းငယ်ပြသထားပါတယ်။ ဖော်ပြချက်တွေအရ AMD မှ Custom Processor ကိုအသုံးပြုမှာဖြစ်ပြီး Zen 2 နဲ့ Radeon RDNA architecture ဒီဇိုင်းနဲ့ တည်ဆောက်သွားမှာဖြစ်တဲ့အပြင် GDDR6 RAM နဲ့ next-gen SSD ကိုလည်း ထည့်သွင်ပေးထားမယ်လို့သိရပါတယ်။ ဒါက Xbox One X ထက် ၄ ဆမြန်ဆန်တဲ့ Performance ကိုရရှိမှာဖြစ်ပါတယ်။

Project Scarlett အနေနဲ့ 8K resolution အထိ ဆော့ကစားနိုင်မှာဖြစ်ပြီး Frame rate အနေနဲ့ 120fps အထိ ထောက်ပံ့ပေးမယ်လို့လည်း သိရပါတယ်။ ဒီ Console ကိုတော့ ၂၀၂၀ ခုနစ်မှာ ထုတ်ပြန်ပေးဖို့ရည်ရွယ်ထားကာ Project Scarlett ရဲ့ နာမည်ကိုပါ အတည်ပြုပေးဖွယ်ရှိနေပါတယ်။ Microsoft အနေနဲ့ ဒီ Console ကို Cloud အတွက်ရည်ရွယ်ထားပြီး Project Scarlett အနေနဲ့ Project xCloud ကိုပါ အသုံးပြုခွင့် ရရှိမှာဖြစ်ပါတယ်။

Ref: Android Authority