fbpx

This is digital planet.

OPPOTech News

Teaser အရ အပါးဆုံး Dual-mode 5G ဖုန်းဖြစ်လာမယ့် OPPO Reno3 Pro

5G Adoption ဟာ တစ်ကမ္ဘာလုံးမှာ အရှိန်နှင့်အမျှ တွင်ကျယ်လာတဲ့အတွက် Smartphone ထုတ်လုပ်တဲ့ ကုမ္ပဏီ‌တွေအနေနဲ့ 5G ဖုန်းတွေကို ဈေးကွက်ထဲမှာ ထုတ်နေကြပါပြီ။ လက်ရှိမှာ Samsung ၊ OnePlus ၊ Huawei ၊ Xiaomi စတဲ့ ကုမ္ပဏီတွေရဲ့ Flagship ဖုန်းတွေမှာ 5G Versions တွေကို ထုတ်လာကြပါတယ်။ ထို 5G ဖုန်းတွေဟာ Flagship တန်းထဲမှာရှိတဲ့အတွက် သာမာန် သုံးစွဲသူတွေအတွက် ဝေးကွာနေပါတယ်။

နည်းပညာကို ပိုသုံးခွင့်ရဖို့အတွက် တရုတ်ကုမ္ပဏီတွေဖြစ်တဲ့ Xiaomi နဲ့ Realme တို့ဟာ 5G မျိုးဆက်အသစ်ကို ယူဆောင်လာဖို့ပြုလုပ်နေကြပါတယ်။ ဥပမာ − ဈေးကွက်ထဲမှာ သက်သာတဲ့ဈေးနဲ့ Dual-mode 5G ပါဝင်လာနိုင်သော Redmi K30 နဲ့ Realme X5 တို့ကို မကြာခင်မှာ ထွက်ရှိလာတော့မှာပဲဖြစ်ပါတယ်။ အခု OPPO ဟာလလည်း ‌ဈေးသက်သာတဲ့ Dual-mode 5G Club ထဲကို ‌ဒီနှစ်အကုန်လောက်မှာ ထုတ်မယ့် Reno3 Pro နဲ့အတူ ၀င်လာတော့မှာပါ။

OPPO ရဲ့ Vice President နဲ့ President of Global Marketing ဖြစ်တဲ့ Brian Shen မကြာသေးခင်က Shared ထားတဲ့ Teaser အရ OPPO Reno3 Pro 5G ဟာ သူ့ဈေးတန်းထဲမှာ အပါးဆုံး Dual-mode 5G smartphone ဖြစ်လာမယ်လို့ဆိုထားပါတယ်။ ဖုန်းမှာ All-glass design ပါ၀င်လာမှာဖြစ်ပြီး Camera Bump အပါ၀င် အတိုင်းအတာ 7.7mm ရှိသာရှိပါတယ်။ Teaser ပုံအရ Reno3 Pro 5G ဟာ Notch နဲ့ ခုံးတဲ့ ဘေးဘောင်တွေမပါတော့ဘဲ အပေါ်နဲ့ဘေးဘက်တွေမှာ Bezels အနည်းငယ်သာပါလာမှာပါ။ Power ခလုတ်ဟာ ညာဘက်မှာပါလာဖို့ရှိနေပြီး front-facing camera အတွက်တော့ ဘယ်မှာထားလာမလဲဆိုတာ မေးစရာဖြစ်နေပါတယ်။

မကြာသေးခင်က တရုတ်မှာကျင်းပခဲ့တဲ့ ColorOS 7 မိတ်ဆက်ပွဲမှာ OPPO ဟာ Reno3 series ကို နောက်လအတွင်း တရုတ်မှာ မိတ်ဆက်လာမယ်ဖို့ ပြောခဲ့ပါတယ်။ အခုလက်ရှိမှာ ဖုန်းရဲ့ Hardware အချက်အလက်တွေကို ပြည့်ပြည့်စုံစုံမသိရသေးပေမယ့် Brian Shen ကတော့ 7.7mm ထူပြီး 4025mAh Battery ပါလာမယ်လို့ပြေားပါတယ်။။

Ref: xda-developers