fbpx

This is digital planet.

Tech News

Television(TV) တွေပါထုတ်သွားတော့မယ့် One Plus

OnePlus ကတော့ electronic ဈေးကွက်စီးပွားရေးမှာ ခြေလှမ်းတွေစပြီး တစ်ဖြည်းဖြည်းလှမ်းလာပြီပြောရမှာပါ။ အရင်တုံးက OnePlus ဆိုရင် ဖုန်းကိုသာပြေးမြင်ကြမှာပါ။ ခုဆိုရင်တော့ OnePlus အနေနဲ့ သူတို့ရဲ့ Company ကနေပြီး TV ပါထုတ်ပါတော့မယ်။ One Plus Company အနေနဲ့ ပထမဆုံးအကြိမ်အဖြစ် September လမှာတုံးက teased လုပ်သွားခဲ့ပြီး အဲ့ဒီနောက်မှာတော့ သူ့ရဲ့ OnePlus fans တွေကို ခုထုတ်သွားမဲ့ product နဲ့ပတ်သတ်ပြီး နာမည်ကူမှည့်ပေးဖို့တောင် အကူအညီတောင်းခဲ့ပါသေးတယ်။ ဒါကလည်း သူ့ရဲ့ OnePlus fans တွေ ပိုစိတ်ဝင်စားအောင်လုပ်တာလည်း ဖြစ်နိုင်သလို ကိုယ့် customers တွေရဲ့ သဘောထားကိုလေးစားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ခုဆိုရင် OnePlus ရဲ့ CEO Pete Lau က သူတို့ရဲ့ TV ထုတ်မဲ့ အခြေအနေက တော်တော်လေးတိုးတက်ကောင်းမွန်နေပြီး ထုတ်လုပ်နိုင်ဖို့ သိပ်မလိုတော့ဘူးလို့ ပြောပါတယ်။ RC-001A ဆိုတဲ့ model number နဲ့ remote control ကို Bluetooth SIG agency ကနေပြီး pass ရသွားပြီလည်းဖြစ်ပါတယ်။ သိရတဲ့ အချက်အလက်အရ ခု remote control မှာ Bluetooth 4.2 support ပေးမှာဖြစ်ပါတယ်။ ခုလို remote control ရဲ့ အကြောင်းလည်း တစ်စွန်းတစ်စစီပေါ်ထွက်လာခဲ့ပြီဆိုတော့ သိပ်မကြာခင်မှာပဲ OnePlus ရဲ့ TV အကြောင်း သတင်းတွေ ကြားလာရတော့မှာပါ။

OnePlus TV nearing launch, remote passes Bluetooth certification

လွန်ခဲ့တဲ့ April လမှာတုံးကဆိုရင်လည်း OnePlus ရဲ့ CEO Pete Lau က ခုခေတ် remote control တွေက date out နေပြီ AI တွေကို အသုံးပြုသင့်တယ်လို့ ပြောဆိုသွားခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့စကားကို ပြန်သုံးသပ်ကြည့်ရင် ခု OnePlus TV နဲ့ ချိတ်ဆက်လို့ရမယ့် remote control မှာ AI လို့ခေါ်တဲ့ အသိဉာဏ်တုကို ထောက်ပံ့ပေးနိုင်အောင် လုပ်သွားမဲ့ အနေအထားမှာရှိပါတယ်။ ဒါ့အပြင် ကောလဟာလ သတင်းတွေနဲ့ ကြားသိရတဲ့အရ OnePlus မှာ 4K HDR panel ကို သုံးထားမှာဖြစ်ပြီး Google assistant လိုမျိုး AI assistant လည်း တစ်ခါတည်း ပါဝင်လာဖွယ်ရှိပါတယ်။ Remote control မှာဆိုရင် assistant button ပါဝင်လာဖွယ်ရှိပြီး အဲ့ဒီ ခလုတ်နဲ့ပဲ UI ကို ထိန်းချုပ်လို့ရမှာပါ။

Image result for oneplus tv

OnePlus ဆိုရင် UI က ကြည့်လိုက်တာနဲ့ ရှင်းနေပြီး Smooth and speed ကိုအသားပေးထားလေ့ရှိတဲ့အတွက် ခု ထွက်မဲ့ One Plus ရဲ့ TV မှာလည်း UI ရဲ့ smooth ကတော့ ကောင်းမွန်မဲ့အနေအထားမှာရှိပါတယ်။ သူတို့ရဲ့ပြိုင်ဘက် Xiaomi အနေနဲ့လည်း Mi TV တွေနဲ့ smart TV လောကမှာ နေရာကောင်းကောင်းယူထားတဲ့အတွက် ဘယ်လိုအားသာချက်တွေ ရှိမလဲ စောင့်ကြည့်ရမှာပါ။ သိရတဲ့ထင်မြင်ချက်တွေအရဆိုရင် India မှာ ရေပန်းစားနေတဲ့ Xiamoi TV တွေနဲ့အပြိုင် ဝင်တိုးဖို့ Amazon ကနေပဲ သီးသန့်ရောင်းချသွားမှာဖြစ်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

Ref: GSMARENA

Photos: ExtremeTech