fbpx

This is digital planet.

Tech NewsXiaomi

TENAA မွာျမင္ေတြ႕ခဲ့ရတဲ့ Xiaomi Play ကို Dec 24 ရက္ေန႕စတင္မိတ္ဆက္ေပးမည္

Zawgyi

ဒီေန႕မွာေတာ့ Xiaomi မွ Xiaomi Play လို႔ေခၚတဲ့ စမတ္ဖုန္းကို Dec .24 ရက္ေန႕မွာ စတင္မိတ္ဆက္ေပးမယ္လို႕ အတည္ျပဳခဲ့ပါတယ္။ အရင္ ေကာလဟာလ သတင္းေတြအရ ဒီ ဖုန္းဟာ Poco F1 ကို Xiaomi Play ဆိုၿပီး တ႐ုတ္မွာထြက္ရွိႏိုင္ဖြယ္ရွိတယ္လို႕ သတင္းေတြထြက္ေပၚခဲ့ပါတယ္။ သို႕ေသာ္လည္း Xiaomi Play ဟာ Xiaomi ရဲ႕ စမတ္ဖုန္းအသစ္ျဖစ္ၿပီး M1901F9T နဲ႕ M1901F9E ဆိုၿပီး TENAA မွာေဖာ္ျပခဲ့ပါတယ္။ Xiaomi Play အေနနဲ႕ မၾကာခင္မွာတရားဝင္ထြက္ရွိလာေတာ့မွာျဖစ္ပါတယ္။

Xiaomi Play မွာေတာ့ အလ်ား 147.76 x 71.89 x 7.8 mm ရွိကာ အေလးခ်္ိန္ 150g ရွိပါတယ္.ဒီစမတ္ဖုန္းကိုေတာ့ Black, Rose Gold, Gold, White, Blue, Red, Pink, Gray, Silver နဲ႕ Green စတဲ့အေရာင္မ်ဳိးစံုနဲ႕ထြက္ရွိမယ္လို႕လည္းသိရပါတယ္။

Xiaomi Play မွာေတာ့ Water-drop notch ပါဝင္ၿပီး Display ကိုေတာ့ 5.84-inch ရွိတဲ့ Full HD+ က္ိုအသံုးျပဳထားကာ resolution 2280 x 1080 pixels ပါဝင္ပါတယ္။ ဘက္ထရီ အေနနဲ႕ 2900 mAh ဘက္ထရီပါဝင္ကာ 2.3 GHz ရွိတဲ့ Octa-core processor တစ္ခုကိုလည္းအသံုးျပဳထားပါတယ္။ 3GB RAM + 32GB Storage, 4GB RAM + 64GB storage နဲ႕ 6GB RAM + 128GB storage တို႕အသီးသီးရွိကာ MicroSD card slot လည္းပါဝင္ပါတယ္။

Xiaomi Play ကိုေတာ့ Andriod 8.1 Oreo နဲ႕ေမာင္းႏွင္ထားမွာျဖစ္ၿပီး 12MP အသီးသီးရွိတဲ့ ေက်ာဘက္ ကင္မရာ နဲ႕ ေရွ႕ဘက္ Water-drop Notch ထဲမွာ 8MP Front Camera ကိုလည္းတပ္ဆင္ထားမွာျဖစ္ပါတယ္။ Fingerprint scanner ကိုလည္း ေက်ာဘက္မွာတပ္ဆင္ထားမွာျဖစ္ပါတယ္။

Unicode

TENAA မှာမြင်တွေ့ခဲ့ရတဲ့ Xiaomi Play ကို Dec 24 ရက်နေ့စတင်မိတ်ဆက်ပေးမည်
ဒီနေ့မှာတော့ Xiaomi မှ Xiaomi Play လို့ခေါ်တဲ့ စမတ်ဖုန်းကို Dec .24 ရက်နေ့မှာ စတင်မိတ်ဆက်ပေးမယ်လို့ အတည်ပြုခဲ့ပါတယ်။ အရင် ကောလဟာလ သတင်းတွေအရ ဒီ ဖုန်းဟာ Poco F1 ကို Xiaomi Play ဆိုပြီး တရုတ်မှာထွက်ရှိနိုင်ဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ သို့သော်လည်း Xiaomi Play ဟာ Xiaomi ရဲ့ စမတ်ဖုန်းအသစ်ဖြစ်ပြီး M1901F9T နဲ့ M1901F9E ဆိုပြီး TENAA မှာဖော်ပြခဲ့ပါတယ်။ Xiaomi Play အနေနဲ့ မကြာခင်မှာတရားဝင်ထွက်ရှိလာတော့မှာဖြစ်ပါတယ်။

Xiaomi Play မှာတော့ အလျား 147.76 x 71.89 x 7.8 mm ရှိကာ အလေးချိန် 150g ရှိပါတယ်.ဒီစမတ်ဖုန်းကိုတော့ Black, Rose Gold, Gold, White, Blue, Red, Pink, Gray, Silver နဲ့ Green စတဲ့အရောင်မျိုးစုံနဲ့ထွက်ရှိမယ်လို့လည်းသိရပါတယ်။

Xiaomi Play မှာတော့ Water-drop notch ပါဝင်ပြီး Display ကိုတော့ 5.84-inch ရှိတဲ့ Full HD+ ကိုအသုံးပြုထားကာ resolution 2280 x 1080 pixels ပါဝင်ပါတယ်။ ဘက်ထရီ အနေနဲ့ 2900 mAh ဘက်ထရီပါဝင်ကာ 2.3 GHz ရှိတဲ့ Octa-core processor တစ်ခုကိုလည်းအသုံးပြုထားပါတယ်။ 3GB RAM + 32GB Storage, 4GB RAM + 64GB storage နဲ့ 6GB RAM + 128GB storage တို့အသီးသီးရှိကာ MicroSD card slot လည်းပါဝင်ပါတယ်။

Xiaomi Play ကိုတော့ Andriod 8.1 Oreo နဲ့မောင်းနှင်ထားမှာဖြစ်ပြီး 12MP အသီးသီးရှိတဲ့ ကျောဘက် ကင်မရာ နဲ့ ရှေ့ဘက် Water-drop Notch ထဲမှာ 8MP Front Camera ကိုလည်းတပ်ဆင်ထားမှာဖြစ်ပါတယ်။ Fingerprint scanner ကိုလည်း ကျောဘက်မှာတပ်ဆင်ထားမှာဖြစ်ပါတယ်။

Source