fbpx

This is digital planet.

Tech News

Tesla Car မှာရှိတဲ့ Internet Browser ကို Google ရဲ့ Chromium နဲ့ အစားထိုးမြှင့်တင်

Tesla ရဲ့ CEO ဖြစ်တဲ့ Elon Musk က Tesla Car မှာရှိတဲ့ Onboard Media Computer ထဲက Internet Browser ကို Google Chromium နဲ့ Upgrade ပြုလုပ်သွားမယ်ဆိုတဲ့အကြောင်းကို သူရဲ့ Twitter မှာပြောပြခဲ့ပါတယ်။

မနှစ်တွေတုန်းက Tesla Model S နဲ့ Model X ရဲ့ Onboard Media Computer ကို ပိုကောင်းအောင် Upgrade လုပ်ခဲ့ပါတယ်။ အဲ့အပြင် Mobile ဖုန်းတွေထဲက Tesla App ကိုလည်း အဆင့်မြှင့်တင်မှုတွေလုပ်ခဲ့ပါတယ်။ Tesla ကားပိုင်ရှင်တွေကလည်း Onboard Media နဲ့ပက်သက်လို့ အတွေ့အကြုံတွေနဲ့ Feedback တွေပေးခဲ့ကြပါတယ်။ အဲ့ထဲကမှာ ၃၀ ရာခိုင်နှုန်း ပိုင်ရှင်တွေက Tesla ရဲ့ Internet Browser က နှေးကွေးကြောင်း၊ Website rendering မှာပဲ အဆင်မပြေကြောင်း Responsive တွေရှိခဲ့ပါတယ်။

Image result for tesla 2017 vs 2016
Elon Musk က Car software ပိုင်းကို ယခုထက် ပိုကောင်းအောင် ပြုလုပ်နေကြောင်း၊ Update ကိုလည်း Tesla ရဲ့ နောက်ဆုံးထွက်ကားတွေသာမက Model ဟောင်းတွေလဲရရှိမှာလို့ သိရပါတယ်။ အထူးသဖြင့် Internet Browser ကို ပိုအဆင့်မြှင့်တင်သွားမှာဖြစ်ပါတယ်။

Tesla ရဲ့ ပထမဆုံး Update Plan က 2016 December ဖြစ်ပြီး Autopilot 2.0 ကို Focus ထားထုတ်ပေးခဲ့တာဖြစ်ပါတယ်။ ထိုနောက် Browser ကို Update ထုတ်ပေးခဲ့ပါတယ်။ အသုံးဝင်တယ်ဆိုရုံလောက်ပဲ ရှိလို့ အခုအခါ Chromium ကို Upgrade လုပ်ပေးမှာဖြစ်ပါတယ်။

Image result for tesla x

Chromium က Open-Source browser ဖြစ်ပြီး Code တော်တော်များများကို လည်း Support လုပ်သော Browser ဖြစ်ပါတယ်။ Tesla က Chromium ကို အစားထိုးမြှင့်တင်ဖို့ ပြုလုပ်နေချိန်မှာ Microsoft ကတော့ သူတို့ရဲ့ Edge ကို Chromium ကို အခြေခံပြီး ပြန်လည်ရေးသားနေပါတယ်။

Ref: electrek