fbpx

This is digital planet.

GoogleTech News

Triple camera setup နဲ့ render ထွက်ပေါ်လာတဲ့ Google Pixel 4 XL

Google Pixel 4 ရဲ့ leak တွေထွက်ပေါ်လာတာ သိပ်တော့မကြာသေးပါဘူး Google အနေနဲ့ သူကိုယ်တိုင် leak ခဲ့တဲ့ပုံတွေလည်းရှိသလို တခြား Source တွေကနေလည်း ထပ်မံပေါ်ထွက်လာခဲ့တဲ့ leak တွေလည်းရှိခဲ့ပါတယ်။ ခုအခါမှာတော့ Google Pixel 4 XL နဲ့ပတ်သတ်ပြီးတော့ leak တွေ တစ်စွန်းတစ်စထွက်ပေါ်လာနေပါပြီ။ Google ဟာ Pixel series စတင်ထုတ်ကတည်းက camera နဲ့ပတ်သတ်ရင် အကောင်းဆုံးအဖြစ်စတင်ရပ်တည်ခဲ့တာပါ။ ဒါပေမဲ့ Huawei တို့ Apple Samsung စသည်တို့က hardware ပိုင်းကို ပိုအားကိုးပြီး ကင်မရာ နှစ်လုံးကနေ လေးလုံးအထိ ထည့်သွင်းလာခဲ့တဲ့နောက်မှာတော့ Google အနေနဲ့ သူတို့ရဲ့ Software optimization အပြင် Hardware ပိုင်းကိုလည်း ပိုအားထုတ်ဖို့ပြင်ဆင်လာခဲ့ပါတယ်။ ခုပြောနေတဲ့ Hardware ဆိုတာ specification ပိုင်းကိုပြောနေတာမဟုတ်ပဲ အလွယ်ပြောရရင် camera အရေအတွက်ကိုပြောနေတာလို့မြင်ပေးပါ။ ခုနောက်ပိုင်း Nokia 9 Pureview မှာဆိုရင် ကင်မရာကို ငါးလုံးအထိသုံးပြီး hardware အားကိုးနဲ့ ကင်မရာကို ကောင်းအောင် အစွမ်းကုန်ကြိုးစားနေကြတာကိုတွေ့ရမှာပါ။

ခုတော့ Google အနေနဲ့ software ရော hardware ပါ ပေါင်းစပ်ပြီး ကင်မရာပိုင်းမှာ King ဆိုတဲ့ နာမည်ကို ပြန်ရယူမဲ့ သဘောမှာရှိနေပါတယ်။ ထွက်ပေါ်လာတဲ့ leak မှာဆိုရင် အပေါ်ဘက်က အရင် Pixel 3XL လို ရုပ်ဆိုးဆိုး notch အစား top bezel ကို ထူလိုက်ပြီး ကင်မရာနှစ်လုံး နဲ့ ဆင်ဆာတစ်လုံးကို ထည့်သွင်းထားပါတယ်။ Sensor အနေနဲ့က proximity sensor ဒါမှမဟုတ် သတင်းထွက်ထားတဲ့ face recognition အတွက် အသုံးဝင်မဲ့ sensor တစ်ခုခုဖြစ်နိုင်ပါတယ်။ ဖြစ်ဖို့များတာက သတင်းထွက်ထားတဲ့ sensor ပဲဖြစ်ဖို့များနေပါတယ်။ ဗီဒီယိုမှာဆိုရင် အောက်က chin ကပါးနေပြီး ဖုန်းရဲ့နောက်ကျောဘက်မှာလဲ fingerprint ကမပါရှိတော့တဲ့အတွက် Google အနေနဲ့ face recognition ကို သုံးချင်သုံး ဒါမှမဟုတ် under display fingerprint ကို အသုံးပြုလာဖွယ်ရှိပါတယ်။

ကင်မရာအနေနဲ့လည်း ဖုန်းရဲ့နောက်ကျောဘက်မှာ ကင်မရာသုံးလုံးအထိတပ်ဆင်ထားပြီး ရှေ့ဘက်မှာလည်း selfie အတွက် ကင်မရာ နှစ်လုံးတပ်ဆင်ထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် ဗီဒီယိုမှာမြင်ရတဲ့ပုံအရ ဖုန်းရဲ့အောက်ဘက်မှာ USB C port ကို အသုံးပြုထားတာ တွေ့ရမှာပါ။ သူ့ရဲ့ဘေးမှာ speaker ပေါက်ကိုတွေ့ရမှာဖြစ်ပါတယ် 3.5 mm headphone jack ကိုတော့ ဖုန်းပေါ်မှာမတွေ့ရှိရတော့ပါဘူး။ ဒါ့အပြင် Google Assistance ကို ခေါ်ယူဖို့အတွက် Squeeze gestures ကို အသုံးပြုရမှာဖြစ်ပါတယ်။ ဖုန်းရဲ့ ညာဘက်ဘေးမှာဆိုရင်လည်း volume rocker နဲ့ power button ကိုတွေ့ရမှာလည်းဖြစ်ပါတယ်။

ခုလို Google အနေနဲ့ သူတို့ရဲ့ camera အပေါ် ကောင်းမွန်တဲ့ software optimization နိုင်နင်းမှုနဲ့ ထပ်မံ့ဖြည့်သွင်းလာတဲ့ sensor တွေ camera တွေကြောင့် ဒီနှစ်မှာတော့ အရင်နှစ်က Pixel ဖုန်းတွေထက် များစွာပိုကောင်းလာမယ်လို့ မျှော်လင့်ရပါတယ်။ တစ်ဖက်မှာလည်း ကင်မရာ တစ်လုံးထဲနဲ့ ကင်မရာပိုင်းမှာ အများက အသိအမှတ်ပြုခံရအောင် software နိုင်နင်းမှုနဲ့ quality ကောင်းမွန်တဲ့ ဓာတ်ပုံတွေရိုက်နိုင်အောင် ကြိုးစားခဲ့တဲ့ Google အနေနဲ့ ခုလို ကင်မရာတွေများလာတဲ့အခါမှာ software ကို ဘယ်လိုနိုင်နင်းအောင်ထိန်းသိမ်းသွားမလဲ တကယ်လို့ နိုင်နင်းမယ်ဆိုရင်တော့ Google ရဲ့ software optimization အရမ်းကောင်းမွန်မှုကြောင့် ခု DXO marks မှာ တစ် ပြေးနေတဲ့ Huawei ဖုန်းတွေကို ယှဉ်နိုင်မလား ကျော်လွန်ပဲသွားမလားဆိုတာစဉ်းစားမိရင် ရင်ခုန်ဖို့ကောင်းနေပြီလည်းဖြစ်ပါတယ်။

Ref: Android Authority

Photos: @OnLeaks