fbpx

This is digital planet.

GlobalizationTech News

တရုတ်မှာပဲ ဆက်ထုတ်နေရင် အခွန်တိုးကောက်မယ်လို့ ခြိမ်းခြောက်လိုက်တဲ့ သမ္မတ Trump

အမေရိကန်မှာ COVID-19 ရောဂါ ကူးစက်မှု ပြင်းထန်စွာ ခံစားရနေချိန် သမ္မတထရမ့်ကနေပြီးတော့ ပြည်တွင်းကုမ္ပဏီတွေကို ခြိမ်းခြောက်စကား ဆိုလိုက်ပါတယ်။ ရည်ရွယ်ချက်က တရုတ်ကို စီးပွားရေးအရ ထိုးနှက်ဖို့ ဖြစ်ပေမယ့် China ဆိုရင် တော်တော် အမြင်ကတ်နေတာ စာဖတ်သူတွေ သိပြီးသား ဖြစ်မှာပါ။

အခွန်နှုန်းထား တိုးကောက်မယ်ဆိုတဲ့ မူဝါဒကလည်း ပျက်ကပ်ဆိုက်မှ ကြေညာတာမျိုး မဟုတ်ပေမယ့် HUAWEI ကို တရားဝင် မပိတ်ပင်ခင် 2019 မေလတုန်းကတည်းက အသက်ဝင်နေတဲ့ Policy ပါ။

Latest Trump’s Tariff

အထူးသဖြင့် Apple လို ကုမ္ပဏီမျိုးကို ထရမ့် မနှစ်မျို့တဲ့အတွက် မွေးရပ်မြေ Texas ပြည်နယ်မှာ ထုတ်လှည့်ပါ၊ အတုံ့အလည့် အနေနဲ့ အခွန်အားလုံး မယူဘူးလို့ မက်လုံးပေး သွေးဆောင်ခဲ့ပါတယ်။

President Trump

Donald Trump speaks during a press conference (Getty Images)

ဒါပေမယ့် Mac Pro မှာတပ်ဆင် အသုံးပြုရတဲ့ Screw ပိစိလေးတစ်လုံးကအစ အရေးပါမှန်းသိတဲ့ Tim Apple က အကြောက်အကန် ငြင်းခဲ့ပါတယ်။

နိုင်ငံတော် သမ္မတဖြစ်နေတော့ “ဟယျောင် မင်းပြောတဲ့အတိုင်း ငါမလုပ်နိုင်ဘူး” လို့ မပြောဘဲ အမေရိကန်မှာ တပ်ဆင်မယ်လို့ နှိမ့်သိမ့်စကားနဲ့ သားချော့တေး ဆိုခဲ့ရတာပါ။

ဒါနဲ့တင် မလုံလောက်သေးတဲ့ ထရမ့်က တရုတ်ကို တင်ပို့နေတဲ့ ထုတ်ကုန်အားလုံးကို အခွန် ၁၀% ကနေ ၂၅% ဆီ တိုးကောက်ပစ်တဲ့အတွက် တချို့ ကုမ္ပဏီတွေ တရုတ်မြေ စွန့်ခွာဖို့အထိ ဆိုင်းပြင်နေခဲ့ကြတာပါ။

Coherent Law Suite

အဲ့ထဲမှာ Microsoft ၊ Dell ၊ HP တို့လည်း အပါဝင်ဖြစ်သလို US Components တွေ အားထားနေရတဲ့ ASUS လို တရုတ်ကုမ္ပဏီမျိုးကပါ နီးစပ်ရာ နိုင်ငံတွေဆီ Production ရွှေ့ဖို့အထိ တကယ့်ကို အခက်တွေ့ခဲ့ကြတာပါ။

Tim Apple & Trump

Image: Business Insider

ဒီလို နှစ်နိုင်ငံ ဆက်ဆံရေး မပြေမလည် ဖြစ်နေတဲ့အချိန်ကျမှ တစ်ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြီးက တရုတ်ကလာတယ်ဆိုတော့ ဂွင်တည့်ပြီလေး။

နဂိုကတည်းက စီးပွားရေးအရ အမြတ်ထုတ်ဖို့ ကြိုးပမ်းနေတဲ့ အမေရိကန် ပြည်ထောင်စုအတွက် တတိယ ကမ္ဘာစစ် မဖြစ်လင့်ကစား လုပ်ပိုင်ခွင့် ပိုရှိသွားပြီလေး။

တကယ်လို့သာ ကုသဆေး (သို့) ကာကွယ်ဆေးကို တရုတ်ထက် ဖော်နိုင်ခဲ့ရင် အမြောက်အများ ထုတ်လုပ်ပြီး ရောင်းစားဦးမှာကိုး၊ အဲ့တွက် Budget ကလည်း ကျပြီးသား။

WWII တုန်းကလို လက်နက်ရောင်းပြီး ကြွယ်ဝချမ်းသာခဲ့သလိုပေါ့ ၊ တရုတ်မှာ စဖြစ်တယ်ဆိုမယ့် နိုင်ငံရေးနွယ်နေတာ အရမ်းကို သိသာလွန်းပါတယ်။

Trump adds finding Taxes

ခုလည်း အမေရိကန် ကုမ္ပဏီတွေကို အမိမြေပြန်ဖို့ အော်နေသလို တကယ်လို့ ထုတ်လုပ်မှုအပိုင်းတွေကို တရုတ်မှာပဲ ဆက်လုပ်နေရင် အခွန်တိုးကောက်ပစ်လို့ ခြိမ်းခြောက်ထားပါတယ်။ ဘယ်နှစ်ရာခိုင်နှုန်း တိုးကောက်မယ်လို့ ပြောမထားပေမယ့် ၂၅% ထက် များမှာက ကျိန်းသေပါ။

Trump & Xi Jinping

President Donald Trump and China’s President Xi Jinping at G20 Summit Osaka, Japan, June 29, 2019. REUTERS/Kevin Lamarque

ဒင်းတို့ ပေးနိုင်ရင် ၊ ဆက်ထုတ်ပေါ့ လို့ နှုတ်ကမထွက်ပေမယ့် အခွန်ခ မတတ်နိုင်ရင် အိမ်မှာ ထုတ်ရုံပဲရှိတယ်လို့ ဆိုထားပါတယ်။ ဘာလို့ ဒီလိုပြောရသလဲဆိုရင် ကာရိုနာ ဗိုင်းရပ်စ်မဖြစ်ခင် အခွန် ၁၀%၂၅% အသီးသီး တိုးကောက်ခဲ့စဥ်တုန်းက US ကုမ္ပဏီတွေ ဒေါ်လာ ၄၆ ဘီလီယံ ခန့် ဆုံးရှုံးခဲ့ရလို့ပါ။

Worth a Billion

Commerce Department ကြေညာချက်အရ အမေရိကန် – တရုတ် ကုန်သွယ်စစ်မီးဟာ တမြေ့မြေ့ လောင်ကျွမ်းနေတာ ဖြစ်သလို စုစုပေါင်း တန်ကြေး ဒေါ်လာ ၃၇၀ ဘီလီယံခန့် လောင်ကျွမ်းပြီးသွားပြီ ဆိုထားပါတယ် (ဒီပမာဏက တရုတ်ထုတ်ကုန်တန်ဖိုးပါ)

နောက်တစ်ချက်က ရွေးကောက်ပွဲ အနိုင်ရဖို့ ပြောဆိုတာဖြစ်တယ်လို့ Reuters သတင်းဌာနမှာ ဖော်ပြထားသလို PennsylvaniaMichiganOhio နဲ့ Wisconsin ဒေသတွေမှာ လည်ပတ်နေတဲ့ အမေရိကန် Supply Chain နဲ့ ပတ်သက်လို့ “တော်တော်ပိန်းတာပဲ” လို့ သမ္မတကြီး ကောက်ချက်ချထားပါတယ်။

Foxconn

Image: Business Insider

ဘာလို့ Stupid လို့ သုံးနှုန်းသလဲဆိုတာက ဗိုင်းရပ်စ်ပျံ့တဲ့အချိန် အဆိုပါဒေသတွေမှာ ထုတ်လုပ်မှု ရပ်ဆိုင်းထားသလို မလိုအပ်ဘဲ သွားဝှေ့နေသလို ဖြစ်တဲ့အတွက်

အဲ့ဒီ Supply Chain က ငါတို့ဆီမှာ ရှိရမှာလေး၊ ငါတို့ဘက်က ထုတ်ပြီး ငါတို့ဆီမှာ မရှိဘူးဆိုတာက မဖြစ်သင့်ဘူး” လို့ ပြောသွားခဲ့ပါတယ်။

Source: Fox Business Interview via Reuters