fbpx

This is digital planet.

GoogleTech News

Unlimited original quality Google Photos storage မပါ၀င်သော Pixel 4 ကို မိတ်ဆက်

စာဖတ်သူတော့မသိဘူး ကျွန်တော်တို့တော့ Google ရဲ့ Pixel ဖုန်းအသစ်ကို မကြည့်ရသေးတဲ့ ရုပ်ရှင်ကားအသစ်လို မမျှော်လင့်ထားတော့ အတော်ကြာပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ တစ်နှစ်နဲ့ တစ်နှစ် Google ရဲ့ Pixel ဖုန်းတွေအပေါ်ထားတဲ့ Positioning တွေက Pixel ကို ပြီးပြည့်စုံလောက်တဲ့ သာမန် Flagship Phone လို သဘောမထားဖြစ်ပါတယ်။

စာဖတ်သူအနေနဲ့ Pixel fan မဟုတ်ပဲ On Paper အရ စျေးနှုန်းအရ အခြား Brand တွေနဲ့ ယှဥ်မိမယ်ဆိုရင်လည်း သေချာရွေးချယ်မိမှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ Pixel ဖုန်းတွေက ဖုန်းတစ်ခုနဲ့ မတူတော့ပဲ သင့်အနားက အဖော်မွန်တစ်ယောက်လို့ ဖြစ်နေမှာပါ။ ဒါမဲ့ အခြားဖုန်းတွေနဲ့ အတူ တန်းတူလုပ်နိုင်တွေရှိပါတယ် သို့သော် ပိုကောင်းနိုင်မှကောင်းနိုင်ပါလိမ့်မယ် ဒါမဲ့လည်း ပိုကောင်းတာတွေလည်းရှိတယ်။

အခြားဖုန်းတွေက ဘာတွေပါတယ် ဘာတွေ အားသာတယ် ဘာတွေ Improve ဖြစ်လာတယ် စသဖြင့် မိတ်ဆက်ပေမဲ့ Google က မိတ်ဆက်ပုံက တစ်မျိုးပြောင်းသွားတယ် သူ အားသာနိုင်တဲ့ selling point တွေကိုပဲ Highlight လုပ်ပြီး မိတ်ဆက်သွားခဲ့တယ်။ ဘာလို့ အခြား အစိတ်အပိုင်းတွေကို ထုတ်မပြလဲဆိုရင် ဖြစ်နိုင်ချေ 3 ချက်ရှိတယ်။

ပထမ တစ်ချက်က ရှင်းပါတယ် အဲ့အပိုင်းတွေမှာ အားမသာလို့ပါ (ဒါဆို RAM တို့ SoC တို့ကို ပြေးမြင်ကြလိမ့်မယ်ထင်ပါတယ်)။ ဒုတိယအချက်က (တစ်ချို့စကားတွေအရ RAM နဲ့ SoC က အရေးမကြီးဘူး Stock Android နဲ့ဆိုရင် အေးဆေးပဲဆိုပြီး) Specs က အရေးမကြီးဘူးဆိုပြီး ဂရုမစိုက်တာ ဖြစ်နိုင်ပါတယ်။ နောက်အချက်က Leak တွေ အဖြစ်လွန်ပြီး စိတ်၀င်စားသူတိုင်း သိနေလို့ ပြောစရာမလိုလောက်တော့ဘူးလို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

Image result for google pixel 4

ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်အတွက်တော့ Google က Apple လို Ecosystem တစ်ခုကို သူ့အားသာချက်ဖြစ်တဲ့ AI နဲ့ တည်ဆောက်နေတာဖြစ်ပါတယ်။

Camera

သေချာတာတော့ Google Pixel 4 မိတ်ဆက်တဲ့အထဲမှာ Surprises ဖြစ်စေပြီး ရင်ခုန်စေတာမျိုး မပါတာပဲ ဖြစ်ပါတယ်။ ဒီစကားက Pixel fan မဟုတ်သူတွေအတွက်ပါ Pixel ကြိုက်သူတွေအတွက်ဆိုရင်တော့ လုံး၀မဟုတ်တာသေချာပါတယ်။ ဘာလို့ စကားကို အပြတ်ပြောလို့မရလဲဆိုရင် Project Soli နဲ့ AI ကလည်း ပယ်ထားလို့မရပါဘူး။ ဒါမဲ့လည်း Pixel fan ဖြစ်နေတဲ့သူတွေတောင် အနည်းငယ်စိတ်ပျက်မိစေတာကတော့ Ultra Wide Lens မပါတာပဲဖြစ်ပါတယ်။ စာရေးသူအတွက်လည်း Ultra Wide မပါတာက Pixel 4 အပေါ်အားမရစေတဲ့ အချက်ပဲဖြစ်တယ်။

ဘာလို့လဲဆိုတော့ Single Lens ကိုသုံးပြီး Split Pixel နဲ့ Software တို့ပေါင်းပြီး Portrait Mode ပိုင်းမှာ အခြားထက် တစ်ဖက်ကမ်းခတ် လုပ်ပြခဲ့ပြီးမှ ပိုကျယ်တဲ့ မြင်ကွင်းလေးတော့ တန်းတူလိုချင်တာတော့ အမှန်ပဲ… သို့သော် မျှော်လင့်ထားသလို ဖြစ်မလာပါ။ တစ်ဖက်ကပြန်တွေးကြည့်ရင်လည်း Google ရဲ့ Pixel 3 တုန်းက မိတ်ဆက်ခဲ့တဲ့ Super-Res တို့ Top-Shot တို့ကို ပိုပြိး Improve လုပ်ချင်လို့ Tele ကိုရွေးချယ်ခဲ့တာလည်းဖြစ်နိုင်ပါတယ်။
12.2MP နဲ့ 16MP Tele တို့ကို TOF Sensor လေးနဲ့ တပ်ဆင်ပေးထားပါတယ်။

သိတဲ့အတိုင်း Camera ပိုင်းအားသာချက်ရှိတဲ့ Google က 16MP ကို အကောင်းဆုံးအသုံးချပြီး Super-Res ကို ရိုက်ပြသွားတာကိုတွေ့ရမှာပါ။ တစ်ကယ်လည်း Detail ကျတဲ့ Corp Zoom ကော Standard Wide ကော အရမ်းမိုက်တာကိုတွေ့ရမှာပါ။ ဒါက ခုနကကျွန်တော်ပြောခဲ့သလို သူရဲ့ အားသာချက်ထဲကတစ်ခုပဲ ဖြစ်ပါတယ်။ ပြီးတော့ While ultrawide is fun, we feel telephoto is more useful. ပြောသွားပါသေးတယ်။

HDR Photo တွေမှာလည်း နာမည်ကြီးတတ်တဲ့ Google Pixel က Pixel 4 မှာ Live HDR+ လို့နာမည်ပေးထားတဲ့ Mode အသစ်ပါ၀င်လာပါတယ်။ HDR ပုံကောင်းကို One Click နဲ့ရိုက်ကူးနိုင်သလို Double Exposure လို့ခေါ်တဲ့ Highlight နဲ့ Shadow ကို ရိုက်ကူးနေစဥ်မှာ စိတ်ကြိုက်ညှိပြီးတော့လည်း ပိုကောင်းတဲ့ HDR+ Photo တွေကို ရိုက်ကူးနိုင်တာဖြစ်ပါတယ်။ ဒီ Feature ကိုတော့ စာရေးကြိုက်တယ်လို့ ၀န်ခံရမယ်။ Production မှာ စိတ်ကြိုက်ရိုက်ထားတဲ့အတွက် Edit လုပ်တဲ့အခါ အများကြီး သက်သာတာပေါ့။

Flash မပါပဲ Night Mode တို့ Nighscape တို့ Low Light Mode တို့ စသဖြင့် Image Stacking အသုံးချပြီး ညဘက် Flash မလိုပဲ ရိုက်ကူးနိုင်ခြင်းရဲ့အစက Pixel 3 ပါ၀င်တဲ့ Google ရဲ့ Night Sight feature ပဲဖြစ်ပါတယ်။ အခု Pixel 4 မှာ Night Sight feature ကို Upgrade လုပ်ခဲ့ပါတယ်။ ကောင်းကင်ကို ထောင်ပြီး ကြယ်တွေ Galaxy တွေကိုပါ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဒါမဲ့ ဒီ Feature ကတော့ မြို့ပြင်ထွက်ရိုက်မှ ရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆို မြို့ပြရဲ့အလင်းတွေက ကောင်းကင်ရဲ့ Exposure ကို နှောက်ယှက်တတ်လို့ဖြစ်ပါတယ်။ ဒီ Astronomy Mode က သိပ်တော့မထူးဆန်းပါဘူး Mate 20 Pro တို့ P30 Pro တို့မှာ Manual နိုင်ရင် ရိုက်ကူးနိုင်လို့ပဲဖြစ်ပါတယ်။ ဒါမဲ့ Pixel 4 မှာတော့ One Click ပဲ…

Camera ပိုင်းမှာလည်း Auto Mode တွေမှာ ဖြစ်တတ်တဲ့ White Balance အခက်အခဲကို Google Pixel 4 မှာ ပိုကောင်းအောင် ပြုလုပ်ထားပါတယ်။

New Google Assistant

ရှေ့မှာ ပြောခဲ့တဲ့ အဖော်မွန်ဆိုတာ သူပါ။ Android 10 မိတ်ဆက်တုန်းက ဘယ်လောက်ထိကောင်းလည်း ကြွားထားတာကိုတွေ့ရသလို သင့်အကြောင်းကို သင့်မိသားစုထက်တောင် ပိုသိတဲ့ ဂလူးဂလူး လက်ထောက်ပဲ ဖြစ်ပါတယ်။ စာဖတ်သူအနေနဲ့ Assistant ကို “show my photos from New York” ပြီးတော့ “the ones in Central Park.” ဆိုပြီးရွေး “send it to Mom.” ဆိုပြီး သင်ကိုယ်တိုင်လုပ်စရာမလိုပဲ လုပ်ခိုင်းလို့ရပါတယ်။

Image result for pixel 4 motion sense

Motion Sense

ဒီ Feature ကတော့ Project Soli ကနေဖြစ်နေတာပါ လွန်ခဲ့တဲ့ ၄ နှစ်လောက်က အကောင်အထည်ဖော်ခဲ့တဲ့အရာကို အသေးငယ်ဆုံး Radar Sensor ဖြစ်အောင် ပြုလုပ်ပြီး Pixel 4 မှာထည့်ထားတာပါ။ ဖုန်းကို မထိပဲ သီချင်းကျော်တာတွေ၊ Alarm ကို Snooze လုပ်တာတွေ၊ Timer ကို Dismiss လုပ်တာတွေ၊ Ringtone တွေကို Silence လုပ်တာတွေကို လုပ်နိုင်ပါတယ်။ Face Unlock ပိုင်းမှာဆိုရင်လည်း Radar Sensor ကို အသုံးပြုပြီး Screen ဖွင့်ပေးတာမျိုးတွေလုပ်နိုင်ပါတယ်။ ဆိုလိုတာက Power Button မနှိပ်ပဲ ဖုန်း Screen ကိုဖွင့်ပေးတာပါ ပြီးမှ Face နဲ့ Unlock လုပ်ပေးတာပါ။ Personal အမြင်အရ Motion Sense နဲ့တွဲလုပ်တဲ့ Feature တွေ နည်းသေးတယ်လို့ထင်တယ်။ နောက်ပိုင်း ပိုများများ Feature တွေနဲ့ တွဲလုပ်လို့ရရင် အဆင်ပြေမယ်ထင်တယ်။

Recorder

ဒါကတော့ အတော်လေးမိုက်ပါတယ်။ စကားပြောနေတာကို အသံသွင်းပြီး စာပါလိုက်ရေးပေးတာပါ။ Note 10 မှာပါတဲ့ စာရေးတာကို Typo ပြန်ပြောင်းတာထက်တောင် မိုက်တယ်လို့ ပြောလို့ရပါတယ်။ Transcript Mode ပြောင်းပြီး အသုံး Record လုပ်မယ်ဆိုရင် အသံကော စာကိုပါ လိုက်ရေးမှတ်ထားမှာပါ။

Personal Safety

ဒါကတော့ အပိုအနေနဲ့ ပြောပြတာပါ ကမ္ဘာ တစ်၀ှမ်းမှာတော့ မရသေးပါဘူး US မှာပဲ ရနိုင်တဲ့ Feature ပါ။ Car Accident ဖြစ်မယ်ဆိုရင် 911 ကို တန်းခေါ်ပေးတဲ့ Feature ပါ။

Image result for google pixel 4

Display

Pixel 4 နဲ့ 4 XL မှာ Resolution ပိုင်းနဲ့ Size ပဲကွာပါတယ်။ ပိုကောင်းတဲ့ Resolution ကို လိုချင်ရင်တော့ Pixel 4 XL ကို ၀ယ်ရမှာပါ QHD Resolution ဖြစ်ပြီး Pixel 4 မှာတော့ FHD Resolution ပဲ ဖြစ်ပါတယ်။ ဒါမဲ့ Panel ၂ ခုလုံးက P-OLED အမျိုးအစားအဖြစ်ပြီး 90Hz Refresh Rate ပါ၀င်ပါတယ်။ Smooth Display လို့ Google က နာမည်ပေးတယ်။ Displaymate မှာလည်း A+ အဆင့် Review ရထားပါတယ်။ Ambient EQ လို့ခေါ်တဲ့ ပတ်၀န်းကျင်ပေါ်မူတည်ပြီး Match ဖြစ်တဲ့ Color တွေကို ထုတ်ပေးတာပါ။

အခြားသောအနေနဲ့ RAM 6GB ပါ၀င်တယ်။ အခြား ဖုန်းတွေလို ပိုများတဲ့ Option မရှိပါဘူး Storage ပိုင်းမှာတော့ 64GB နဲ့ 128GB ဆိုပြီး ရွေးချယ်စရာ ၂ မျိုးရှိပါတယ်။ Video ပိုင်း Feature တွေကို Highlight လုပ်မပြသွားသလို In-display fingerprint လည်း မပါ၀င်ပါဘူး။ အရောင်အနေနဲ့ Clearly White, Just Black နဲ့ Limited Edition ဖြစ်တဲ့ Oh So Orange တို့ပဲ ဖြစ်ပါတယ်။ အစျေးနှုန်းအနေနဲ့ကတော့ $799 မှစမှာဖြစ်ပါတယ်။ စိတ်မကောင်းစွာနဲ့ပဲ Pixel အရင် Model တွေလို Google Photos မှာ Unlimited original photo backup လုပ်တာ မပါ၀င်လာပါဘူး။ နောက်ဆုံးအနေနဲ့ မေးခွန်းထုတ်ချင်တာက iPhone 11 ထက် စျေးပိုများပြီး အထက်ပါ Feature ပါတဲ့ Pixel 4 ကို စာဖတ်သူဆိုရင် ၀ယ်ဖြစ်မယ်ထင်လား?