fbpx

This is digital planet.

Tech NewsAppleArticlesHuaweiMeizuOnePlusOPPO

April လမှာ မိတ်ဆက်နိုင်တဲ့ Smartphone များ

Upcoming Smartphones in April 2020

Corona Virus ရဲ့ Outbreak ကြောင့် Smartphone Company တွေ သူတို့ရဲ့ Physical Events တွေကို ရွေ့ဆိုင်းမှုတွေနဲ့ ပြုလုပ်ခဲ့တာတွေရှိပါတယ်။ အချို့ Company တွေက Online Launching သာပြုလုပ်ခဲ့သလို April လမှာ နာမည်ကြီး အထင်ကရ Company တွေက သူတို့ရဲ့ Model အသစ်ဖုန်းများကို ထုတ်ပြဖို့ပြင်ဆင်နေကြပါပြီ။

ဘယ် Brand တွေက ဘယ်လို Model တွေ မိတ်ဆက်မလဲဆိုတာ ကျွန်တော်တို့ PLANET X နဲ့အတူ စောင့်ကြည့်ကြတာပေါ့…

စာကြွင်း− အောက်ပါဖော်ပြမည့် အကြောင်းအရာများမှာ တရားဝင်ထွက်လာသော တိကျသော အကြောင်းအရာများမဟုတ်ပဲ Online ပေါ်က Rumor တွေရဲ့ အချက်အလက်များကို စုစည်းဖော်ပြခြင်းပဲဖြစ်ပါတယ်

OPPO Reno Ace 2

OPPO က ၄င်းတို့ရဲ့ Flagships ဖုန်းများဖြစ်တဲ့ Find X2 နဲ့ Find X2 Pro ကို မိတ်ဆက်ပြီးတဲ့နောက်မှာ စျေးနည်းနည်းသက်သာပြီး Affordable ဖုန်းဖြစ်တဲ့ Reno Ace 2 ကို ပွဲထုတ်ပြဖို့ရှိနေပါတယ်။

သတင်းများအရ April 13 မှာ မိတ်ဆက်ပေးနိုင်ချေရှိတယ်လို့ရပြီး TENAA ရဲ့ Listing တွေအရ OPPO Reno Ace 2 မှာ 6.5-inch AMOLED 1080 x 2400 pixels resolution နဲ့ 20:9 aspect ratio ရှိတဲ့ Display ပါဝင်မယ်လို့ သိရပါတယ်။

April 2020 Smartphones

Image: Manila

16MP font camera ကို Punch Hole ပုံစံနဲ့ထည့်ပေးထားမှာဖြစ်ပါတယ်။ ကျောဘက်မှာတော့ 48MP, 8MP, 2MP and 2MP စသည့် Quad Camera Setup ကို OnePlus 7T လို စက်ဝိုင်းပုံစံနဲ့ ပုံဖော်လာမယ်လို့ သိရပါတယ်။ အခြားသော Specs တွေအနေနဲ့ Snapdragon 865 ကို RAM 8/12GB နဲ့ Storage 128/256GB အတွဲအစပ်နဲ့ ထုတ်လုပ်မှာဖြစ်ပါတယ်။ Black, Blue နဲ့ Purple ဆိုပြီး အရောင်း ၃ မျိုးနဲ့ထွက်လာနိုင်ချေရှိပါတယ်။

OnePlus 8 and 8 Pro

Traditional Timeline အရတော့ OnePlus က သူရဲ့ Model အသစ်ကို မိတ်ဆက်ဖို့ အချိန်ကျရောက်လာပြီဖြစ်ပါတယ်။ OnePlus fan တွေအတွက်လဲ မျှော်လင့်နေကြသလို April 14 ရက် 11AM EDT အချိန်မှာ Live Stream ကိုကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ သတင်းတွေအရတော့ OnePlus 8 and 8 Pro တို့အပြင် Affordable Version ဖြစ်တဲ့ OnePlus Z ကိုပါ မိတ်ဆက်နိုင်တယ်လို့ ပြောဆိုနေကြပါတယ်။

April 2020 Smartphones

Image: GSMArena

OnePlus 8 နဲ့ OnePlus 8 Pro တို့မှာ 5G connectivity ပါဝင်လာနိုင်ပြီး LPDDR5 RAM နဲ့ UFS 3.0 Storage တို့ ပါဝင်နိုင်တယ်လို့ သိရပါတယ်။ တရားဝင် Confirm ဖြစ်ထားတဲ့ အချက်တွေကတော့ OnePlus 8 Pro Display မှာ A+ Rating ရရှိထားသော Quality ကောင်းသော Display ဖြစ်ပြီး 90-120Hz လည်းပါဝင်လာမှာဖြစ်ပါတယ်။ အခြားသောအနေနဲ့ Reverse wireless charging နဲ့ Camera ပိုင်းမှာတော့ 30x Digital Zoom ပါဝင်လာမယ်လို့ သတင်းများထွက်ပေါ်နေပါတယ်။

Honor 30 and 30 Pro

OnePlus 8 Series မိတ်ဆက်ပြီး နောက်တစ်နေ့မှာတော့ Honor က ၄င်းတို့ရဲ့ Flagship ဖုန်းများကို မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ Model တွေကတော့ Honor 30 Series များဖြစ်ပြီး ပိုမိုစျေးသက်သာပြီး Kirin 820 5G SoC ကို ပထမဦးဆုံး အသုံးပြုထားတဲ့ Honor 30S Model ပါ ပါဝင်မှာဖြစ်ပါတယ်။

April 2020 Smartphones

image: Honor

Honor 30 နဲ့ 30 Pro မှာတော့မှာ Kirin 990 5G SoC နဲ့ပွဲထွက်မှာဖြစ်ပြီး Pink, Blue, Silver နဲ့ Purple စတဲ့ အရောင် ၄ မျိုးနဲ့ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ Rumors သတင်းတွေအရ 50MP Sony IMX7XX Sensor ကိုအသုံးပြုမှာဖြစ်ပြီး 12MP Ultra Wide နဲ့ 8MP Tele 3x Optical Zoom တို့ပါဝင်မယ်လို့သိရပါတယ်။ Honor fan တွေကတော့ 90Hz Display နဲ့ Dual Punch-Display ပါဝင်ဖို့ မျှော်လင့်နေကြပါတယ်။

iPhone SE 2020

April 15 ရက်နေ့မှာပဲ Apple က iPhone SE 2020 Version ကို မိတ်ဆက်နိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ Leak ဖြစ်ခဲ့တဲ့ Apple ရဲ့ Online Store မှာ Screen Protector ကြော်ငြာနဲ့ပက်သက်ပြီး ယူဆချက်တွေကတော့ မိတ်ဆက်လာနိုင်တဲ့ iPhone SE 2020 က iPhone 7, 8 တို့နဲ့ ပုံစံတူ ရှိလာမှာဖြစ်ပါတယ်။

April 2020 Smartphones

Image: CNet

Display Size ကတော့ 4.7″ ပဲကို အသုံးပြုလာမှာ ဖြစ်တာကြောင့် Screen Size ကြီးမှကြိုက်တဲ့သူတွေအတွက် စဥ်းစားစရာဖြစ်နေပါတယ်။ Rumor သတင်းတွေအရလဲ 256GB Internal Storage Version လာနိုင်ပြီး iPhone 11 မှာ အသုံးပြုထားတဲ့ A13 Bionic Processor ကို အသုံးပြုလာမှာပါ။ အရောင်အနေနဲ့ကတော့ Black, White နဲ့ Red ဆိုပြီး သုံးမျိုးရှိလာနိုင်ပါတယ်။

Huawei Nova 7

Official ထုတ်ပြန် အတည်ပြုထားခြင်းတော့မရှိပေမဲ့ Huawei ကလည်းလဲ Upper Mid-range ဖုန်းဖြစ်တဲ့ Nova 7 ကို April 23 မှာ မိတ်ဆက်နိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

April 2020 Smartphones

Image: Gizmochina

ယုံကြည်ရနိုင်တဲ့ Leak တွေအရတော့ Huawei Nova 7 series မှာ Nova 7 5G, Nova 7 Pro 5G, နဲ့ Nova 7 SE 5G စတဲ့ 5G ဖုန်း Model ၃ မျိုး မိတ်ဆက်လာနိုင်တယ်လို့ သတင်းတွေထွက်နေပါတယ်။ ဒီဖုန်း Model ၃ မျိုးကလဲ မတူညီတဲ့ Processor ၃ မျိုးနဲ့လာမှာဖြစ်ပြီး Kirin 985, Kirin 990 နဲ့ Kirin 820 တို့ကို အသုံးပြုမယ်လို့ သိရပါတယ်။

Meizu 17

Meizu က Company ကလည်း သူတို့ရဲ့ ၁၇ နှစ်ပြည့် နှစ်ပတ်လည်အတွက် Meizu 17 လို့ အမည်ရတဲ့ Flagship ဖုန်းကို မိတ်ဆက်ဖို့ ရှိနေပါတယ်။ Meizu အနေနဲ့ ဖုန်းကို April လမှာ မိတ်ဆက်ပေးဖို့ရှိနေပြီး ဘယ်နေ့မိတ်ဆက်မယ်ဆိုတော့တော့ အတိအကျ မသိရသေးဘူးပါဘူး။ Rumor အရလည်း Meizu 17 OLED display မှာ Full HD+ resolution နဲ့ 90 Hz refresh rate ပါဝင်မယ်လို့သိရပါတယ်။

April 2020 Smartphones

Image: Eng News

Qualcomm Snapdragon 865 chipset ကို အသုံးပြုမှာဖြစ်ပြီး LPPDR5 RAM နဲ့  UFS 3.0 ကို internal storage အတွက် အသုံးပြုလာမှာဖြစ်ပါတယ်။ ကျောဘက်ခြမ်းမှာတော့ တော့ Quad-camera setup ကို အသုံးပြုလာနိုင်တယ်လို့ မျှော်လင့်ရပြီး 64 MP primary lens, 8 MP ultrawide sensor, 5 MP telephoto lens နဲ့ 2 MP depth sensor တို့ကို အသုံးပြုနိုင်ပါတယ်။ Stereo speakers ပါဝင်လာနိုင်ပြီး WiFi 6, NFC, နဲ့ 4500 mAh battery with 30W fast charging တို့ ပါဝင်လာနိုင်ပါတယ်။

Honor Play 4T and 4T Pro

အပေါ်မှာရှိတဲ့ အခြား ဖုန်းတွေနဲ့ မတူတာကတော့ ဒီဖုန်းက Flagship ဖုန်းမဟုတ်ပဲ Value of Money ဖုန်းပဲ ဖြစ်ပါတယ်။ April 9 ရက်နေ့မှာ Honor က Honor Play 4T and 4T Pro မိတ်ဆက်မှာဖြစ်ပါတယ်။

TENAA မှာ Certified လုပ်ပြီးသားဖြစ်တဲ့ Honor Play 4T Pro မှာ 6.3-inch AMOLED Full HD+ resolution display ပါဝင်မှာဖြစ်ပါတယ်။ Kirin 810 chipset ကို 6 GB of RAM နဲ့ 256 GB of storage တွဲသုံးမှာဖြစ်ပြီး ကျောဘက်ခြမ်းမှာတော့ 48 MP triple camera နဲ့ 3,900mAh Battery Capacity ကို အသုံးပြုလာမှာ ဖြစ်တယ်လို့ သိရပါတယ်။

April 2020 Smartphones

Image: GSMArena

Covid-19 ကြောင့် နည်းပညာပြပွဲတွေ ကုန်ပစ္စည်းပြပွဲတွေ ရွေ့ဆိုင်းသွားတာတွေရှိသလို ထုတ်ပြဖို့ အဆင့်သင့်ဖြစ်နေတဲ့ Company တွေလည်းရှိပါတယ်။ အချို့အချက်အလက်တွေက အသေချာယူဆလို့ရနိုင်ပြီး စာဖတ်သူတို့အနေနဲ့လည်း ဘယ် Brand ကိုမျှော်လင့်ထားလဲ ကျွန်တော်တို့တော့ iPhone SE 2020 နဲ့ OnePlus 8 Series ကို မျှော်လင့်ထားပါတယ်။

Source: The Verge ၊ GizmoChina ၊ GSMArena