fbpx

This is digital planet.

HuaweiTech News

ပိတ်ဆို့မှုတချို့ အမေရိကန် လျှော့ချလိုက်ပေမယ့် မျှော်လင့်ချက်မဲ့နေတဲ့ HUAWEI

လုံခြုံရေးအကြောင်းပြပြီး HUAWEI ထုတ်ကုန်ပစ္စည်းတွေကို သမ္မတ Trump ကိုယ်တိုင် ပိတ်ပင်ခဲ့တာ မှတ်မိဦးမယ် ထင်ပါတယ်။ ဇာတ်ရေလည်သွားအောင် ပြန်ပြောရရင် ၂၀၁၉ မေလကုန်လောက်မှာ Open Source License သုံးစွဲခွင့် ပိတ်ပင်လိုက်တဲ့အတွက် Google အနေနဲ့ ပထမဆုံး သမ္မတ Execute Order မှာ ပါဝင်လာရပါတယ်။

ပြောရင်တော့ Android OS ကို အသုံးပြုနိုင်ဦးမှာဖြစ်ပေမယ့် Google Services တွေ ဖြစ်တဲ့ Gmail ၊ YouTube အစရှိတဲ့ Apps တွေ မသုံးရတော့ပါဘူး။ ဒါကတော့ အမေရိကန်အစိုးရရဲ့ အကြီးဆုံးဖိနှိပ်မှုလို့ ပြောနိုင်ပြီး Android အပေါ် မှီခိုလို့ မရတော့တာ ပြိုင်ဖက်တွေကို အရှုံးပေးရာကြသလို နစ်နာမှုတွေလည်း ဖြစ်စေခဲ့ပါတယ်။

Ren Zhengfei

HUAWEI Chairman “Ren Zhengfei” (Image Credit: SCMP)

အဲ့သလို ပထမအသုတ်မှာ Open Source License ပိတ်ပြီး ဖိနှိပ်ပေမယ့် “HUAWEI ကို အမေရိကန်တောင် ဖြိုခွဲလို့မရပါဘူးလို့” ဥက္ကဌ Ren Zhengfei ပြောခဲ့ပါတယ်။ သူပြောရတဲ့ အကြောင်းရင်းကလည်း ၂၀၁၈ နိုဝင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ ကိစ္စနဲ့ ဆက်နွယ်နေပြန်ပါတယ်။

ဘဏ္ဍာရေးအတွင်းရေးမှူး (CFO) တဖြစ်လည်း သမီးဖြစ်သူ Meng Wanzhou ကို အမေရိကန် အစိုးရ တားမြစ်ထားတဲ့ အီရတ်နိုင်ငံမှာ ပိတ်ပင်ထားတဲ့ ထုတ်ကုန်တွေ ရောင်းချမှုနဲ့ ကနေဒါလေဆိပ်မှာ ဖမ်းဆီးခဲ့ပါတယ်။ ၄ လ အကြာ အကျယ်ချုပ်နဲ့ Meng ကို စစ်ဆေး အရေးယူခဲ့တဲ့အပေါ် မကျေမနပ်ဖြစ်ရပေမယ့် လက်ပိုက်ကြည့်နေရုံမှ မတတ်နိုင်ခဲ့ပါဘူး။

Meng Wanzhou

HUAWEI CFO “Meng Wanzhou” (Image Credit: SCMP)

ဒီလိုနဲ့ ၂၀၁၉ ဧပြီလောက်မှာ HUAWEI ကို ဖိနှိပ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ကောလာဟလတွေအရ ရေတပ်စီမံကိန်း လျှို့ဝှက်ချက်ပေါက်ကြားမှုအပေါ် အစပျိုးလာတယ်လို့ ပြောကြပေမယ့် ဘယ်သူမှ ရေရေရာရာ မသိကြပါဘူး။

သမ္မတ Trump ကိုယ်တိုင်ကလည်း နိုင်ငံရေး ၊ စီးပွားရေးအရ တရုတ်ကို ထိုးနှက်တာဖြစ်တယ်လို့ ပွင့်လင်းမြင်သာစွာ ပြောခဲ့တဲ့အတွက် HUAWEI အနေနဲ့ တည်ကြက် တစ်ကောင်ဖြစ်သွားခဲ့ရတယ်လို့ ယူဆရပါတယ်။ စီးပွားရေးဆိုတာကတော့ တရုတ်ကို တင်ပို့နေတဲ့ အမေရိက ထုတ်ကုန်တွေကို ပထမအဆင့် အခွန် ၁၀ ရာခိုင်နှုန်း ၊ ဒုတိယအဆင့် ၂၅ ရာခိုင်နှုန်း စသဖြင့် တိုးကောက်တာကနေ တအိအိ လောင်ကျွမ်းလာတာပါ။

Mate 30 Pro

Mate 30 Pro (Image Credit: Ubergizmo)

ပိတ်ဆို့မှုတွေရဲ့ ဒုတိယအဆင့် ရောက်လာတာကတော့ ဥက္ကဌကြီး ပြောသလိုပဲ ဖြိုခွဲလို့မရဘူးဆိုတဲ့အတွက် HUAWEI ဖုန်းတွေမှာ အသုံးပြုနေတဲ့ ARM Processor ၊ SD Association အစရှိတဲ့ အမေရိက ထုတ်ကုန်ပစ္စည်းတွေကိုပါ အသုံးပြုခွင့် ပိတ်ပင်လိုက်ပါတယ်။

ARM က ဥရောပ အခြေစိုက်ကုမ္ပဏီဖြစ်ပေမယ့် အမေရိက မူပိုင်ခွင့်တချို့ ပါနေတဲ့အတွက် လုံးဝဥသုံ ထည့်သုံးလို့ မရဘူးလို့ ဆိုလိုတာပါ။ အဲ့သလို ပိတ်ပင်မှုတွေ များလာတဲ့အတွက် HUAWEI ကို ရက် ၉၀ စာ ယာယီ အကျိုးခံစားခွင့်တရပ်ကို သမ္မတရုံးက ထုတ်ပြန်လိုက်ပြီး ၂၀၁၉ စက်တင်ဘာကုန်တာနဲ့ Blacklist ထဲ အကျုံးဝင်သွားခဲ့ပါပြီ။

MateBook X Pro

MateBook X Pro (Image: Huawei)

လက်ရှိအနေထားရအဆိုရင်လည်း ပိတ်ဆို့ထားမှု တစ်စုံတရာ ဖြေလျှော့ထားတာ မရှိပါဘူး။ G-20 Summit မှာ နှစ်နိုင်ငံ ခေါင်းဆောင် စုံတွေ့ခဲ့ကြပေမယ့် ဆက်ဆံရေး အခြေနေ တင်းမာနေဆဲ ဖြစ်ပါတယ်။ ဒီကနေ့ အမေရိက ကုန်သွယ်ရေးဌာန ထုတ်ပြန်ချက်အရဆိုရင် ထုတ်ကုန်ပစ္စည်းတွေကို အရင်လိုပဲ HUAWEI ကို ရောင်းချနိုင်ပြီ ဆိုပါတယ်။

The Wall Street Journal ဖော်ပြချက်အရ အမေရိကန် ကုမ္ပဏီကြီးတွေ ပြန်လည် ရောင်းချနိုင်မှာဆိုပေမယ့် Export License မပါဘဲ ဒါမှမဟုတ် ရောင်းချမယ့် ထုတ်ကုန်တွေဟာ အမေရိက မူပိုင်ခွင့် ၇၅% ပါနေရမယ့် ပစ္စည်း ဒါမှမဟုတ် အမေရိကမဟုတ်တဲ့ ပစ္စည်း ၂၅% အောက်ပဲ ပါဝင်ရမယ်လို့ ကန့်သတ်ထားပါတယ်။

President Xi Jingping (Right) and Trump (Right)

President Xi Jingping (Right) and Trump (Right) [Image Credit: Business Insider]

75% သတ်မှတ်တာတောင် များနေပြီလို့ ထင်ပါတယ်။ အစက 85% လောက် သတ်မှတ်ထားတာ ဖြစ်တဲ့အတွက် ပင်တဂွန်ကနေပြီး အခုလို ကန့်သတ်ချက်များလွန်းတာ အမေရိက ကုမ္ပဏီတွေကို ထိခိုက်စေနိုင်တဲ့အတွက် OMB (Office of Management and Budget) အဆိုပြုချက်ကို ပယ်ချခဲ့ပါတယ်။

ဒါကြောင့် ပုံမှန်အတိုင်း လည်ပတ်နိုင်ဖို့ ဆိုတာထက် သမ္မတ ချမှတ်ထားတဲ့ Executive Order က အသက်ဝင်နေဆဲပါပဲ။ နားလည်အောင် ပြောရရင် HUAWEI ကို Blacklist ကနေ မဖယ်ရှားထားသေးပါဘူး။ 25% က အမေရိက မဟုတ်တဲ့ပစ္စည်းဆိုတော့ Google အနေနဲ့ Android License ပေးမယ်ဆိုရင်တောင် လုံးဝ မရပါဘူး။

စီးပွားရေးလုပ်နေသူဆိုရင် ပိုနားလည်မယ် ထင်ပါတယ်။ The Verge အနေနဲ့လည်း အခုလို ကန့်သတ်လိုက်တာက အမေရိကန်နဲ့ HUAWEI ဆက်ဆံရေး အရင်ကထက် ဆိုးရွားသွားစေတယ်လို့ သုံးသပ်ထားပြီး ပြင်းထန်တဲ့ ဝေဖန်ချက်တွေအပေါ် သမ္မတရုံးနဲ့ HUAWEI တို့ဘက်က ဘာမှ ပြောဆိုထားခြင်း မရှိသေးပါဘူး။

Source: The VergeThe Wall Street Journal