fbpx

This is digital planet.

SamsungTech News

USB-C Port ပျက်ရင်တောင် ပြင်စရိတ်မနည်းတဲ့ Samsung Galaxy S10

Jerryrigeverything ကတော့ သူ့ထုံးစုံအတိုင်း Samsung ရဲ့ရာသီစာ Galaxy S10 ကို ခွဲစိတ်လေ့လာခဲ့ပါပြီ။ သူ့ Video တွေကို ကြည့်ရတာကလည်း Smartphone Fan တွေအတွက် စိတ်ဒုက္ခတစ်မျိုးပါပဲ။ ဒါပေမယ့် သူ့ကြောင့်လဲ Smartphone တစ်လုံးရဲ့ အတွင်းပိုင်းဖွဲ့စည်းပုံ နဲ့ အကြမ်းခံနိုင်မှုအပိုင်းကို ကျွန်တော်တို့ သိကျွမ်းခွင့်ရခဲ့တာပါ။ ဒီတော့ ခေါင်းစဉ်ကအကြောင်းလေး ဆက်ကြတာပေါ့။

Samsung Galaxy S10 ကို Teardown လုပ်တဲ့အချိန်မှာ User တွေအတွက် သတင်းဆိုးလို့ပြောနိုင်မယ့် အချက်နှစ်ချက်ကို သွားတွေ့ရပါတယ်။ ပထမတစ်ချက်က USB Type C ပါ။ အရင် Samsung Model တွေမှာ USB ပေါက်ကို သီးသန့်တပ်ဆင်ခဲ့ပေမယ့် Galaxy S10 မှာတော့ USB-C Port ကို Motherboard နဲ့အတူ တွဲပြီးတပ်ဆင်ထားတာ တွေ့ရတယ်။

Image result for galaxy s10 teardown

Daily Usage မှာ ဒီကိစ္စက ပြဿနာမဟုတ်ပေမယ့် ပြင်ဆင်စရိတ်ကတော့ User တွေအတွက် မျက်ခုံးလှုပ်စရာပါ။ သာမန်ဖုန်းတွေမှာ USB-C Port ပျက်ရင် ပြင်ဆင်စရိတ်က $15 ပဲကုန်ကျပေမယ့် Galaxy S10 မှာတော့ USB-C Port ပျက်ရင် Motherboard တစ်ခုလုံး ဖြုတ်လဲရမယ့်ကိန်းပါ။ USB Port တွေကို အဓိကပျက်စီးစေတဲ့အကြောင်းရင်းထဲမှာ Water Damage လဲ ပါဝင်ပါတယ်။ Galaxy S10 မှာ IP 68 Water Resistance ပါတယ်ဆိုပေမယ့် ရေမခြောက်သေးတဲ့ USB Port ကို အားသွင်းမိမယ်ဆိုရင်တော့ Shock ဖစ်နိုင်ခြေရှိတာမို့ ရေစိမ်တတ်သူတွေ သတိထားစေချင်ပါတယ်။ (သင်္ကြန်နားနီးပြီမို့ ကြိုမှာထားရတာပါ)

နောက်တစ်ချက်က သူ့ရဲ့ Ultrasonic In-Display Fingerprint ပါ။ In-Display ဆိုတဲ့အတိုင်း Fingerprint Scanner ကို မြင်ရဖို့အတွက် Display ကို ဦးဆုံးဖွင့်ရပါလိမ့်မယ်။ Jerryrig စမ်းသပ်ပြချိန်မှာတော့ Sensor ကိုမြင်ရဖို့ကြိုးစားချိန်မှာတော့ Display က လုံးဝအလုပ်မလုပ်တော့တာ တွေ့ရပါတယ်။ ဒီတော့ Fingerprint Sensor မှာ Hardware Error တက်လို့ ပြင်ရတော့မယ်ဆိုရင် Display ကိုပါ ထိခိုက်နိုင်ခြေများတာကတော့ User အတွက်ရော Service သမားတွေအတွက်ပါ မျက်ခုံးလှုပ်စရာဖြစ်နေပါတယ်။

နောက်ပိုင်းနှစ်တွေမှာ Electronic Device တွေအပေါ် Customer တွေရဲ့ ပြင်ဆင်မှုရပိုင်ခွင့်ဟာ အစိုးရကနေ ဥပဒေမူကြမ်းရေးဆွဲရတဲ့အထိ ခေတ်စားလာတာကြောင့် Samsung အနေနဲ့ အပေါ်ကအချက်တွေအပေါ် ဘယ်လိုတာဝန်ယူမလဲဆိုတာကို စဉ်းစားပြီး တရားဝင်ထုတ်ပြန်ကြေငြာရနိုင်ခြေရှိနေပါတယ်။ Galaxy S10 Series နဲ့အတူ 2018 မှာ လက်လွှတ်ခဲ့ရတဲ့အောင်မြင်မှုတွေကို ပြန်လည်ရယူဖို့ကြိုးစားနေတဲ့ Samsung ကတော့ ခုလိုကိစ္စလေးတွေအတွက် သူတို့ Brand Image ကို အထိခိုက်မခံမှာ သေချာသလောက်ရှိနေပါတယ်။

Ref: Jerryrigeverything & Android Authority