fbpx

This is digital planet.

HuaweiTech News

UX Design အသစ်၊ Features အသစ်တွေနဲ့ Huawei ရဲ့ EMUI 10

August 9 တုန်းက Dongguan မှာ Huawei Developers Congress ကိုကျင်းပခဲ့ပြီး EMUI 10 ကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ Huawei Consumer Business Group ရဲ့ Software Engineering Department မှာ President ဖြစ်တဲ့ Dr. Wang Chenglu က EMUI10 ဟာ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ အတွေ့အကြုံတွေကို ပေးလာမယ့် Technology applications တွေကို ရှေ့ဆောင်ပြီး ပေးလာနိုင်မယ်လို့ ‌ပြောခဲ့ပါတယ်။ အဲ့ development က audio နဲ့ video calls လို တိကျတဲ့ အခြေ‌အနေကိုပေးလာမယ့် Applications တွေကို ဖွင့်ပေးနိုင်မှာပါ။ စီးပွားရေးလုပ်ငန်းတွေကို Device အချင်းချင်း ဖြတ်သန်းလုပ်ဆောင်နိုင်ပြီး smart vehicle-mounted devices တွေကိုပါ လုပ်ဆောင်ပေးနိုင်မှာပါ။ Development တစ်ခုတည်းနဲ့ Devices အမျိုးမျိုးမှာ ထိထိရောက်ရောက်အသုံးချတာက ကုန်ကျမှုတွေကို လျော့ချပေးနိုင်ပြီး အချိန်သက်သာလာမှာပါ။

အဲ့အပြင် User တွေကို တိုးတက်မှုအားလုံးနဲ့ smart experience ကိုပေးလာမှာပါ။ EMUI ဟာ Devices တွေနဲ့ Applications အတွင်း များစွာသော Devices တွေအကြား ချိတ်ဆက်မှုကို ‌ဖွင့်ပေးထားပါတယ်။ နောက်ထပ် Service experience ကို အစီအစဉ်ချပြီး တိုးတက်အောင်လုပ်လာမှာပါ။ အလားတူ EMUI Team ဟာ ပူပေါင်းမှုနဲ့ သဘောထား‌ကောင်းမှု စောင့်ထိန်းထားပြီး partners တွေနဲ့ developers တွေကို အသစ်ထွင်လာမယ့် Experiences တွေကို အတူတူ ပြုလုပ်လာဖို့ကို မျှော်လင့်နေပါတယ်။ အဲ့ပွဲအပြီးမှာတော့ Dr. Wang က EMUI 10 Beta ကို P30 series မှာ စတင် စမ်းသပ်မယ်လို့ ‌‌ကြေညာခဲ့ပြီး ကျန်တဲ့ Devices တွေအတွက် September 8 မှာရရှိလာမယ်လို့ပြောခဲ့ပါတယ်။ EMUI 10 ဟာ မကြာခင်ထွက်ရှိလာတော့မယ့် Mate series products မှာ တစ်ခါတည်း ပါဝင်လာမှာပါ။

President of the Software Engineering Department, Huawei Consumer Business Group အရ EMUI မှာ daily active users 500 million ကျော်ထိရှိနေပါတယ်။ ဒါ့အပြင် EMUI 10 မှာတော့ Dark Mode လည်းပါဝင်လာတော့မှာပါ။ Huawei ရဲ့ EMUI 10 ဟာ 216 နိုင်ငံအတွင်း Daily Active Users 500 Million ကျော်ရှိနေပြီး ဘာသာစကား 77 မျိုးကို Support ပေးထားပါတယ်။Technological Software Version အသစ်တွေကို 2012မှစတင်ပြီး EMUI1.0 မှစတင်ခဲ့ရာမှ အခုဆို EMUI 10 အထိပြုလုပ်လာနိုင်ခဲ့ပါတယ်။ Huawei အနေနဲ့ EMUI upgrade services တွေကိုပေးဖို့ ရည်စူးထားပြီး လက်ရှိ EMUI သုံးစွဲနေများကို Premium Experience ရရှိအောင်ပြုလုပ်ပေးနေပါတယ်။စာရင်းဇယားတွေအရ EMUI 8.0 နဲ့ EMUI 9.0 ရဲ့ User upgrade နှုန်းဟာ 79% နဲ့ 84% ဆိုပြီး အသီးသီးရှိခဲ့ပါတယ်။ ဒါ့အပြင် EMUI 10 ကို Upgrade လာမယ့် Users ပေါင်း 150 million အထိရှိလာမယ်လို့ မျှော်လင့်ထားပါတယ်။ အရင်နှစ်တွေတုန်းက Huawei ဟာ EMUI Research & Development မှာ System performance ကိုမြင့်တင်ဖို့ အားစိုက်ပြီး ရင်းနှီးမြုပ်နှံခဲ့ပါတယ်။

GPU Turbo technology ဟာ Graphics Efficiency မှာ 60% အထိတိုးတက်ခဲ့ပြီး Link Turbo network aggregation technology က 4G တစ်ခုတည်း သုံးတာထက် 4G နဲ့ WiFi networks အမျိုးမျိုးကို Access လုပ်ပေးနိုင်ပြီး network speed ကို 70% အထိမြန်လာမှာပါ။ တစ်ခြားသော ဆန်းသစ်မှုတွေဖြစ်တဲ့ EROFS super file system ဟာ Android ရဲ့ random read ကို 20 % အထိ တိုးတက်လာမှာပါ။ အဲ့အပြင် Ark Compiler က third-party applications တွေကို 60% အထိ smooth ဖြစ်အောင်လုပ်ပေးနိုင်မှာပါ။ EMUI အနေနဲ့ User Experience (UX) Design ၊ Ultimate experience နဲ့ smooth operation စတဲ့ Update သုံးမျိုးကို ယူဆောင် ပေးထားပါတယ်။

EMUI မှာ Virtual Comfort ပိုဖြစ်လာမယ့် Dark Mode ကိုထည့်ပေးထားပါတယ်။ Color ရဲ့ အလင်းအမှောင်နဲ့ အ‌ခြေအနေက မတူညီတဲ့ နောက်ခံ အလင်း ဒါမှမဟုတ် အမှောင် မူတည်ပြီး လေ့လာတယ်လို့လည်း Human factors research က‌ဖော်ထုတ်ခဲ့ပါတယ်။ Dark Mode ဟာ စာသားတွေ‌နဲ့ နောက်ခံအမှောင်ကြားက ‌Color contrast ကို ပိုကောင်းအောင်လုပ်ပေးပြီး စာသားတွေရဲ့ အရောင်နဲ့ System Icons တွေကို သင့်မြတ်အောင်ပြုလုပ်ပေးနိုင်ပါတယ်။ နောက်ဆုံး Result မှာတော့ မြင်ကွင်း တစ်သမတ်တည်း ဖြစ်ခြင်း ၊သက်တောင့်သက်သာ ရှိခြင်း၊ ရှင်းလင်းပီသခြင်း စတဲ့ အကျိုးရလဒ်တွေရ ဖို့ သေချာစေပါတယ်။

EMUI 10 မှာ နည်းပညာမြှင့်တင်မှုတွေရှိလာမှာဖြစ်ပြီး video calls ခေါ်ဆိုမှုတွေကို ကြည်လင်စွာ HD နဲ့ ပြောဆိုင်နိုင်မယ်လို့လည်း သိရပါတယ်။ Users တွေအနေနဲ့လည်း audio နဲ့ video calls တွေကို ဘယ်အချိန်မဆို ပြုလုပ်လို့ရနိုင်ပါတယ်။ ဖုန်းလာရင် Users တွေအနေနဲ့ Smart Speaker ကိုရွေးပြီး ဖြေလို့ရမှာပါ။ Video Call ဖြစ်ခဲ့ရင်တော့ TV ကနေ ဖြေလို့ရနိုင်ပြီး Drone ကနေတစ်ဆင့် ကိုယ့်ရဲ့ သူငယ်ချင်းတွေနဲ့ မိသားစုတွေကို real-time video ကိုပို့ပေးနိုင်ပြီး လှပတဲ့ ရှုထောင့်ကို ခံစားလို့ရနိုင်မှာပါ။ အလုပ်မှာ smartphone နဲ့ computer မှာ Screen ကို Share နိုင်ပြီး Data တွေကို drag-and-drop လုပ်ပြီး လွယ်လွယ်ကူကူ လဲလှယ်လို့ရမှာပါ။ အဲ့လို Experience ရရှိအောင် နည်းပညာမြှင့်တင်မှုတွေပြုလုပ်ပေးထားပါတယ်။ အဲ့ဒီနည်းပညာကိုပြီးစီးအောင် ဆောင်ရွက်ဖို့ Device တစ်ခုဟာ ပထမဆုံး virtualized ဖြစ်ဖို့ပဲလိုပါတယ် ။ Device တစ်ခုရဲ့ ပါဝင်တဲ့ပစ္စည်း hardware ရဲ့ လုပ်ဆောင်နိုင်မှုအပေါ်မှာ အ‌ခြေမခံတဲ့အတွက်ကြောင့် ကိုယ့်ရဲ့ devices တွေကို တစ်ခုတည်းအဖြစ်ထိန်းချုပ်နိုင်တော့မှာပါ ။ ဆိုလိုချင်တာက computer မှာရှိတဲ့ information နဲ့ လုပ်ဆောင်နိုင်စွမ်း တွေကို ဖုန်းပေါ်မှာပါ ရရှိအောင်စွမ်းဆောင်သွားမဲ့သဘောပါ။

Huawei အနေနဲ့ Security ပိုင်းကိုလည်း ဆက်လက်ပြီး အာရုံစိုက်ပေးထားပြီး product experience ကိုလည်း ပိုကောင်းအောင်လုပ်ပေးထားတယ်လို့လည်း ဆိုပါတယ် ။ Security အတွက် Chip system architecture နဲ့ system kernel ကို အဓိကသုံးပေးထားပါတယ်။ User ကနေ စစ်မှန်ကြောင်းပြထားတဲ့ Devices တွေကနေပဲ တစ်ခြား User တွေရဲ့ Devices တွေကိုချိတ်ဆက်လို့ရမှာပါ။ အဲ့လိုချိတ်ဆက်တဲ့အခါ Devices အချင်းချင်းမှာ တိကျတဲ့ Data တစ်ဆင့်ပို့ပေးခြင်းရဲ့ Security ကို End to end ကာကွယ်ပေးထားပါတယ် Multi Device Deployment အတွက် One-time development ဟာ အပြောင်းအလဲမရှိတဲ့ User Experience ကိုပေးထားပါတယ်။ Smartphones နဲ့ smart TVs တွေပါဝင်တဲ့ တစ်ခုထဲမကတဲ့ smart devices တွေအများကြီးရှိနေပါတယ်။အဲ့လို ဂေဟစနစ်တွေကို အသုံချခြင်းဟာ တွင်ကျယ်လာတဲ့အတွက် Devices တွေနဲ့ User တစ်ယောက်ရဲ့ အသုံးပြုမှု‌များရဲ့ အရေအတွက်ဟာ တစ်ဟုန်ထိုး တိုးလာနေပါတယ်။

Users တွေအနေနဲ့ မတူညီတဲ့ Devices တွေမှာ တူညီတဲ့ Service ကိုသုံးလို့ရသလို တူညီတဲ့ Experience ရှိနေဖို့ လိုအပ်နေပါတယ်။ပြီးတော့ ဘယ်လို Devices မျိုးနဲ့ပဲဖြစ်ဖြစ် အကူအညီရဖို့ Access ရှိဖို့လိုအပ်နေပါတယ်။
EMUI 10 Launch Event ကအ‌‌ခြေအနေအရကတော့ EMUI ဟာ ဝေမျှပေးနိုင်မယ့် UI programming framework နဲ့ စင်စစ် Hardware capabilities ကို စီစဉ်ပေးထားပါတယ်။ အဲ့အတွက်အကျိုးရလဒ်ကတော့ Developers ‌တွေအနေနဲ့ များ‌စွာသော Devices တွေအတွက် တူညီတဲ့ Program မှာ အလိုက်သင့်ပြောင်းလဲအောင် လုပ်ဖို့မလိုအပ်ဘဲ Apps တွေကို Create လုပ်လို့ရလာမှာပါ။ EMUI ဟာ သူ့ရဲ့ Industry မှာ တက်ကြွခြင်းနဲ့ ဂေဟစနစ်တိုးတက်မှာကို ဆောင်ရွက်ပေးခြင်းရဲ့ လုပ်နိုင်စွမ်းကို ထုတ်ဖော်ပြသထားပါတယ်။ ပြီးခဲ့တဲ့နှစ်တွေတုန်းက Huawei mobile phone users အရေအတွက်ဟာ သိသိသာသာတိုးလာခဲ့ပါတယ်။

ဒီနှစ်အတွင်းမှာ Huawei အနေနဲ့ ၅ လအတွင်း 100 million units အထိ ဖြန့်ချီနိုင်ခဲ့ပါတယ်။ပြီးတော့ အနာဂတ်မှာ EMUI ဟာ ပိုမိုများပြားတဲ့ Applications တွေနဲ့ မတူတဲ့ Users တွေအနေနဲ့ Devices ကြားမှာ စုပေါင်းညှိနှိုင်းဆောင်ရွက်မှုရနိုင်တဲ့ Experience ကို စီစဉ်ပေးလာနိုင်ပါတယ်။ Huawei အနေနဲ့ နှစ်ဦးနှစ်ဘက် အကျိုးပြုတဲ့ အခွင့်အလမ်းတွေကို အပြန်အလှန်ရှာရာမှာ အမြဲတမ်း လိုက်နာတယ်လို့ ဆိုထားပါတယ်။ Huawei ဟာ Ark Compiler နဲ့ ပိုမို ဖွင့်လာမယ့် Huawei DevEco Studio စတဲ့ platforms နဲ့ Tools တွေရဲ့ စွမ်းဆောင်မှုတွေကို ဆက်လုပ်ပြုလုပ်သွားမယ်လို့လည်း Event မှာပြောခဲ့ပါတယ်။ Huawei အနေနဲ့ ‌အောင်မြင်တဲ့ အကျိုးရလဒ်တွေရဖို့ developers ၊ industry partners တွေနဲ့ အတူတူပူးပေါင်းပြီး ရှုထောင့်အမျိုးမျိုးမှာ ဆန်းသစ်တဲ့ Experience ကို ဖန်တီးဖို့ မျှော်လင့်နေပါတယ်။

နောက်ဆုံးထွက်ရှိထားတဲ့ P30 series ကတော့ EMUI10 Beta version ကို ပထဆုံး Upgrade လို့ရမှာဖြစ်ပြီး တစ်ခြား Devices တွေကတော့  မကြာခင်မှာ Upgrade လုပ်လို့ရမှာပါ။ September 8 မှာ EMUI10 Beta version အတွက် internal testing ကို P30 Series မှာပထမဆုံးရလာမှာဖြစ်ပြီး Mate 20 ကတော့ နောက်မှရလာမှာပါ။ Launch Event မှာ Dr. Wang Chenglu က Mate series ရဲ့ next generation ဖြစ်လာမယ့် Mate 30 Series မှာ EMUI 10 ပထမဆုံးပါဝင်လာမယ်လို့ ‌ပြောခဲ့ပါတယ်။ EMUI10 internal testing ရမယ့် Models တွေကို Huawei ရဲ့ official channel တွေကနေတစ်ဆင့် လေ့လာနိုင်ပါတယ်။ Huawei ရဲ့ EMUI team ဟာ အခုအခါမှာတော့Users တွေအတွက် ရှုထောင့်အားလုံးကနေ Ultimate experience ကို ပေးနိုင်ဖို့
Developers တွေနဲ့ Partners တွေကို အတူတူပူးပေါင်းဖို့ ရှာဖွေနေတယ်လို့လည်း သိရပါတယ်။