fbpx

This is digital planet.

Apple

Vaping App 181 ခုကို App Store မှာ ဖယ်ရှားခဲ့တဲ့ Apple

15/11/2019 မှာတော့ Apple က 181 Vaping Apps များကို App Store မှ ဖယ်ရှားပစ်ခဲ့ပါတယ်။ ဒီသတင်းကို Axios ကနေတင်ခဲ့တာဖြစ်ပါတယ်။ ၎င်းကောင်း သတင်း Media က အတွင်း Source တစ်ခုကနေကြားခဲ့တာဖြစ်ပြီး Apple က ဒီလို App တွေကို ဖယ်ရှား ပစ်ဖို့ Plan ရှိတယ်လို့ သိရပါတယ်။ Apple ရဲ့ ဆုံးဖြတ်ချက်က ကျန်းမာရေးစိုးရိမ်ပူပန်မှုကြောင့် အခုလိုမျိုး ဖယ်ရှားပစ်ဖို့ vaping နဲ့ e-cigarette industry အပေါ်မှာတုန့်ပြန်ခဲ့တာမျိုး ဖြစ်ပါတယ်။

ဒီလို ဖယ်ရှားမှုက အရမ်းကြီး အံသြစရာတော့ မကောင်းခဲ့ပါဘူး။ ၂၀၁၇ တုန်းကို ပြန်ကြည့်မယ်ဆိုရင်လည်း Apple က Vaping Apps များစွာကို App Store မှ Blocked ခဲ့ပါတယ်။ App Store အပေါ်မှာ တင်ပြီးသား App တွေ ဒီလို Boot (Kick) လုပ်ခြင်းမခံရခင်မှာ ဒီလိုမျိုးအခြေအနေအတွေလဲ ရှိခဲ့ပါတယ်။

Apple က E-cigarette cartridges သို့ E-cigarette pens ရောင်း၀ယ်ဖို့ ရေးဆွဲထားတဲ့ App တွေ ဘယ်တုန်းကမှ ခွင့်မပြုခဲ့ပါဘူး။ 181 vaping apps တွေက App Store ဖယ်ရှားခြင်းခံခဲ့ရပြီး ၎င်းတို့က E-cigarette functions တွေ Temperature တွေ Device on/off တွေကို ထိန်းချုပ်ခြင်း စတဲ့ Design ကိုရေးဆွဲထားတဲ့ App တွေပဲဖြစ်ပါတယ်။

၎င်း App တွေ Install လုပ်ထားတဲ့သူတွေက Vaping Function တွေကို ဆက်ပြီး သုံးလို့ရနေမှာဖြစ်ပါတယ်။ အဲ့အပြင် ဖုန်းအသစ်ကို Upgrade လုပ်ခဲ့ရင်တောင် ၎င်း App တွေကို ရနေဦးမှာပါ။ ဒါပေမဲ့ အသစ် Download လုပ်ချင်တဲ့ သူတွေအတွက်ကတော့ မရတော့ပါဘူး။

အောက်မှာတော့ Apple က ၎င်းတို့ ဆုံးဖြတ်ချက်နဲ့ပက်သက်ပြီး ထုတ်ပြန်ချက်ပြုလုပ်ထားပါတယ်။

Ref: Android Authority