fbpx

This is digital planet.

Tech News

Viber မှာလည်း Dark Mode သုံးနိုင်ပြီ

ပြီးခဲ့တဲ့ရက်အနည်းငယ်က Facebook Messenger မှာ Dark Mode ကိစ္စ ဂယက်ရိုက်ခဲ့ပြီးနောက်မှာတော့ Viber အနေနဲ့လည်း သူတို့ Apk မှာ Dark Mode ကို အသုံးပြုခွင့်ပေးလိုက်ပါပြီ။

Viber ရဲ့ Dark Mode ဟာ March 5, 2019 Playstore Update မှာ ပါဝင်လာခဲ့တာဖြစ်ပြီး အသုံးပြုချင်သူတွေအနေနဲ့ Chat List အောက်ဘက်မှာရှိတဲ့ Tab ၃ခုမှာ More ကိုနှိပ်ပြီး အဲဒီထဲက Setting>Appearance ထဲမှာ On ပေးရမှာဖြစ်ပါတယ်။

Image result for viber dark mode

Messenger ရဲ့ Dark Mode နဲ့မတူတာက Viber ရဲ့ Dark Mode မှာ Background Color ကို လုံးဝအနက်ရောင်သုံးထားတာမျိုးမဟုတ်ပဲ AMOLED Display တွေမှာ စွမ်းအင်ချွေတာဖို့ထက် ညဘက်အသုံးပြုတဲ့အခါ မျက်စိအေးဖို့အတွက်ကို ပိုပြီးရည်ရွယ်ဖန်တီးထားပုံရပါတယ်။

Viber မှာ Dark Mode ကိုသုံးချင်သူတွေအတွက် Latest Viber Update ကို တင်ထားဖို့လိုပါတယ်။ Playstore ထဲမှာလည်း Update မပေါ်၊ Dark Mode ကိုလည်းရှာမတွေ့သူတွေအတွက် Search Bar မှာ Viber ကို ရိုက်ရှာပြီး အဲဒီကနေတစ်ဆင့် Update ပြုလုပ်နိုင်ပါတယ်။ iOS User တွေအတွက်ကတော့ နောက် ၂ ပတ်အတွင်း Dark Mode Update ပေးနိုင်ဖို့ ကြိုးစားသွားမယ်လို့ Twitter ကနေတစ်ဆင့် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Viber